China
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသမှ မီးဘေးသင့်ဒုက္ခသည်များအတွက် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးက ထပ်တူဝမ်းနည်းကြေကွဲကြောင်း ပြောကြား
မကာအို၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)
မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) အုပ်ချုပ်ရေးမှူး ချန်ဟောက်ဟွေးက နိုဝင်ဘာ ၂၆ ရက်၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုဖြစ်စဥ်အတွင်း သေဆုံးခဲ့သူများ၏ မိသားစုဝင်များထံ ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့သည်ဟု မကာအို SAR အစိုးရအဖွဲ့မှ သိရသည်။
ချန်က ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူး လီကျားချောင်းထံသို့ ဆက်သွယ်ခဲ့ကာ ၎င်း၏ ထပ်တူဝမ်းနည်းကြေကွဲမှုကို အသိပေးပြောကြားခဲ့သလို မကာအိုနှင့် ဟောင်ကောင်အကြားမှ ညီရင်းအစ်ကိုကဲ့သို့ဆက်ဆံရေးကိုလည်း အလေးအနက်ထား ပြောကြားခဲ့သည်။ လိုအပ်လာမည်ဆိုပါက မကာအို SAR အစိုးရက ပံ့ပိုးကူညီမှုများကို အပြည့်အဝပံ့ပိုးမှုပေးရန် အဆင်သင့်ရှိနေသည်ဟု ချန်ဟောက်ဟွေးက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။
ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာ့ဖူ ခရိုင်ရှိ လူနေအဆောက်အအုံတစ်ခုတွင် နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက အကြီးအကျယ်မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (Xinhua)

……………………….
(English Version)
Macao SAR chief executive mourns victims of fire in Hong Kong
MACAO, Nov. 26 (Xinhua)
Chief Executive of the Macao Special Administrative Region (SAR) Sam Hou Fai expressed his condolences to the families of victims of a fire that broke out on Wednesday, according to the Macao SAR government.
Sam contacted Hong Kong SAR Chief Executive John Lee to convey his condolences, underscoring a fraternal relationship between Macao and Hong Kong. He added that the Macao SAR government stands ready to provide full support, if needed.
A huge fire engulfed a residential area in Tai Po, Hong Kong on Wednesday afternoon. ■
Photo-1&2:
This photo taken on Nov. 26, 2025 shows rescuers working on a residential building fire site in Hong Kong, south China. (Xinhua/Chen Duo)
