China
တရုတ်နိုင်ငံထုတ်အမှတ်တံဆိပ်များက ဇန်နဝါရီမှအောက်တိုဘာအတွင်း အစ္စရေးနိုင်ငံ၏ လျှပ်စစ်ကားရောင်းချရမှုတွင် ဦးဆောင်
ဂျေရုဆလမ်၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)
၂၀၂၅ ခုနှစ် ပထမ ၁၀ လတာကာလအတွင်း အစ္စရေးနိုင်ငံတွင် လျှပ်စစ်ကားရောင်းချရမှု စုစုပေါင်း၏ ၈၂.၁ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ်ကားများဖြစ်ကြောင်း အစ္စရေး မော်တော်ယာဥ်တင်သွင်းသူများအဖွဲ့ချုပ်မှ နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့သောအချက်အလက်များအရ သိရသည်။
အချက်အလက်များအရ ဇန်နဝါရီမှ အောက်တိုဘာလအတွင်း တရုတ်မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီများမှ ထုတ်လုပ်သည့် လျှပ်စစ်ကား ၄၃,၁၇၇ စီးကို အစ္စရေးနိုင်ငံတွင် ရောင်းချခဲ့ရပြီး အဆိုပါ ကာလအတွင်း အစ္စရေးနိုင်ငံတွင် လျှပ်စစ်ကား စုစုပေါင်း ၅၂,၆၁၂ စီး ရောင်းချခဲ့ရကြောင်း သိရသည်။
အစ္စရေးနိုင်ငံတွင် ရောင်းချခဲ့ရသည့် လျှပ်စစ်ကားများ၏ စာရင်းတွင် Atto 3၊ Dolphin၊ Seal နှင့် Sealion မော်ဒယ်လျှပ်စစ်ကားများ ထုတ်လုပ်သည့် တရုတ်နိုင်ငံမှ BYD Auto ကုမ္ပဏီမှ ထုတ်လုပ်သောကားများက ထိပ်ဆုံးမှ ဦးဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အစီးရေ ၇,၈၂၅ စီး ရောင်းချခဲ့ရကြောင်း သိရသည်။
တရုတ်နိုင်ငံမှ Chery ကုမ္ပဏီက ဒုတိယရောင်းချရမှုအများဆုံးဖြစ်ခဲ့ပြီး FX နှင့် Jaecoo မော်ဒယ်များ အပါအဝင် အစ္စရေးနိုင်ငံတွင် Chery လျှပ်စစ်ကား ၆,၃၄၉ စီးရောင်းချခဲ့ရကြောင်း သိရ သည်။
အခြား တရုတ်ကားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Xpeng Motors ကလည်း G6 ၊ G9 နှင့် P7 မော်ဒယ်များအပါအဝင် ၁၀ လတာကာလအတွင်း အစ္စရေးနိုင်ငံတွင် လျှပ်စစ်ကား ၅,၇၁၁ စီး ရောင်းချခဲ့ရကာ တတိယရောင်းချရမှုအများဆုံးကုမ္ပဏီအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ဓာတ်ဆီစွမ်းအင်သုံးကားများနှင့် ဟိုက်ဘရစ်ကားများအပါအဝင် အလုံးစုံကားရောင်းချမှု စုစုပေါင်း စာရင်း၌လည်း တရုတ်နိုင်ငံထုတ်ကားများက ကားအစီးရေ ၈၈,၇၅၇ စီးရောင်းချခဲ့ရပြီး ထိပ်ဆုံးမှ ရပ်တည်ခဲ့ကာ တောင်ကိုရီးယားနိုင်ငံထုတ်ကားများက ၄၆,၉၂၈ စီးရောင်းချရမှုဖြင့် ဒုတိယ၊ ဂျပန်နိုင်ငံထုတ်ကားများက ၃၆,၆၆၂ စီး ရောင်းချရမှုဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
Chinese brands lead Israel’s electric car sales in Jan.-Oct.
JERUSALEM, Nov. 2 (Xinhua)
The share of Chinese brands reached 82.1 percent of all electric car sales in Israel in the first ten months of 2025, according to figures issued by the Israel Vehicle Importers Association on Sunday.
The data showed that between January and October, 43,177 electric cars manufactured by Chinese automakers were sold in Israel, out of a total of 52,612 during the period.
At the top of the list is China’s BYD Auto, which offers the Atto 3, Dolphin, Seal, and Sealion electric models in Israel, and has sold 7,825 units since the beginning of the year.
Next on the list is China’s Chery, which has sold 6,349 electric cars in Israel, including the FX and Jaecoo models.
Another Chinese carmaker, Xpeng Motors, ranked third, selling 5,711 electric cars in Israel over ten months, including the G6, G9, and P7 models.
In the overall car sales list, which includes gasoline-powered and hybrid vehicles, China topped the period with 88,757 cars sold, followed by South Korea with 46,928 and Japan with 36,662. ■
Photo:
This photo taken on July 17, 2023 shows BYD’s Atto 3 at a shop in Tel Aviv, Israel. (Xinhua/Chen Junqing)
