China
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းတွင် မောင်းသူမဲ့ ရဟတ်ယာဥ်သစ် ပွဲဦးထွက်ပျံသန်းမှု အောင်မြင်စွာပြီးစီး
ဟားအယ်ပင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံလေကြောင်းပျံသန်းမှုကဏ္ဍ၏ ဝေဟင်နိမ့်ပျံသန်းရေးယာဥ်ခေတ်ဆီသို့ ဦးတည်သော အဓိကခြေလှမ်းတစ်ရပ်ဟု မှတ်ယူရမည့် တန်ချီသယ်ဆောင်နိုင်သည့်အမျိုးအစား(tonne-class) မောင်းသူမဲ့ ရဟတ်ယာဥ်အသစ် T1400 သည် ၎င်း၏ပထမဆုံးပျံသန်းမှုကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
United Aircraft ဂရု(ပ်) လက်အောက်ခံ Harbin United Aircraft Technology ကုမ္ပဏီလီမိတက် က ထုတ်လုပ်သည့် အဆိုပါရဟတ်ယာဥ်သည် တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မြို့တော် ဟားအယ်ပင်းတွင် မကြာသေးမီက ပထမဆုံးစမ်းသပ်ပျံသန်းမှုအတွင်း လုပ်ဆောင်မှုအများအပြား တင်ဆက်ခဲ့ရာ တွင် ရစ်ဝဲပျံသန်းခြင်း၊ လမ်းကြောင်းအတိုင်းပျံသန်းခြင်းနှင့် မြေပြင်သို့ တိတိကျကျ ဆင်းသက်ခြင်းများ ပြုလုပ်ခဲ့ သည်။
T1400 သည် အများဆုံးအလေးချိန် ၁,၄၀၀ ကီလိုဂရမ် တင်ဆောင်ပျံသန်းနိုင်ကာ ဝန်တင်ဆောင်မှုနှင့် ပျံသန်းမှု ကြာမြင့်ချိန်နှစ်ခုလုံးတွင် တိုးတက်ပြောင်းလဲမှုတစ်ခုကို ကိုယ်စားပြုခဲ့ပြီး စက်မှုလုပ်ငန်းသုံးဒရုန်းများ၏ ကာလကြာရှည်အကန့်အသတ်များကိုဖြေရှင်းနိုင်ခဲ့ကြောင်း United Aircraft Group ၏ ဥက္ကဋ္ဌ ထျန်ကန်းယဉ် က ပြောကြားခဲ့သည်။
မောင်းသူမဲ့ T1400 ရဟတ်ယာဥ်၏ အများဆုံးဝန်တင်နိုင်စွမ်းမှာ ၆၅၀ ကီလိုဂရမ်ရှိပြီး အရွယ်ရောက်ပြီးသူ ၁၀ ဦးကျော်၏ အလေးချိန်နှင့်ညီမျှကာ ရှစ်နာရီကျော်ကြာ ပျံသန်းနိုင်ကြောင်းသိရသည်။ ပြင်းထန်သည့်သဘာဝ ပတ်ဝန်းကျင်အခြေအနေများအတွက် ဒီဇိုင်းထုတ်ထားရာတွင် အပူချိန် အနုတ် ၄၀ ဒီဂရီဆဲစီးယပ်မှ ၅၅ ဒီဂရီ ဆဲစီးယပ်အထိ အခြေအနေတွင်မောင်းနှင်နိုင်ပြီး လေပြင်းတိုက်ခတ်ချိန်များတွင်လည်း ကြံ့ကြံ့ခံနိုင်ကာ ၆,၅၀၀ မီတာအမြင့်အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။
ဟားအယ်ပင်းတွင် တီထွင်ထုတ်လုပ်ခဲ့သည့် T1400 ၏ မူလရည်ရွယ်ချက်မှာ ဟေးလုံကျန်းပြည်နယ်၏ ကျယ်ပြောသော စိုက်ခင်းများ၊ ရေကန်များနှင့်မြစ်ချောင်းများတွင် စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်ဖြစ်ကြောင်း ထျန် က ပြောကြားခဲ့သည်။ အဆိုပါလေယာဥ်ကို အနာဂတ်တွင် တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကြက်အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။(Xinhua)
……….
(English Version)
New unmanned helicopter completes maiden flight in northeast China
HARBIN, Nov. 2 (Xinhua) — A new unmanned helicopter, the T1400, has successfully conducted its first flight, marking a major step toward the “tonne-class” era of low-altitude equipment in China’s aviation sector.
Developed by Harbin United Aircraft Technology Co., Ltd. under the United Aircraft Group, this helicopter performed a series of maneuvers during its recent maiden test flight in Harbin, the capital of northeast China’s Heilongjiang Province. These maneuvers included hovering, route flight, and precision landing.
The T1400, with a maximum takeoff weight of 1,400 kilograms, represents a breakthrough in both payload and endurance, addressing the long-standing limitations of industrial drones, said Tian Gangyin, chairman of the United Aircraft Group.
The T1400 unmanned helicopter boasts a maximum payload of 650 kg, equivalent to the weight of 10-plus adults, and can remain airborne for over eight hours. Designed for extreme environments, it operates in temperatures ranging from minus 40 degrees Celsius to 55 degrees Celsius, reaches a service ceiling of 6,500 meters and withstands strong winds.
Developed and produced in Harbin, the T1400 is primarily aimed at serving Heilongjiang’s vast farmlands, forests, lakes and rivers, with potential applications in agriculture, logistics and emergency rescue, Tian said. He also noted that the aircraft will be deployed nationwide in the future.
Photo : This photo taken on Oct. 30, 2025 shows Boying T1400 Tandem Rotor Unmanned Helicopter of United Aircraft in flight in Harbin, northeast China’s Heilongjiang Province. (Photo by Liu Yang/Xinhua)
