Connect with us

China

မဟာတံတိုင်းကြီးကာကွယ်ရန် စည်းမျဥ်းအသစ်များ ပေကျင်း အတည်ပြု

တရုတ်နိုင်ငံမြို့တော်၊ ပေကျင်းမြို့ရှိ မဟာတံတိုင်းကြီး၏ စီးမာထိုင်အပိုင်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
ပေကျင်းမြို့ရှိ မဟာတံတိုင်းကြီး အပိုင်းများ၏အမွေအနှစ်များ အကျိုးရှိစွာ အသုံးချခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် ကာကွယ်ခြင်းများအတွက် ဥပဒေပြုရေးစံနှုန်းများထောက်ပံ့ရေးအတွက် ပေကျင်းမဟာတံတိုင်းကြီး ကာကွယ်မှုစည်းမျဥ်းအသစ်များကို နိုဝင်ဘာ ၂၉ ရက်က အတည်ပြုလိုက်ကြောင်း သိရသည်။
ပေကျင်းမြူနီစီပယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီက အတည်ပြုလိုက်သည့် အဆိုပါစည်းမျဥ်းများသည် ၂၀၂၆ ခုနှစ် မတ် ၁ ရက်တွင် စတင်သက်ရောက်မည်ဖြစ်ပြီး အကျိုးသက်‌ရောက်မှုနယ်ပယ်ကို ရှင်းလင်းစွာ သတ်မှတ်ထားကာ မဟာတံတိုင်းကြီး၊ ဆက်စပ်နေသည့်ယဥ်ကျေးမှုအမွေအနှစ်များနှင့် အနီးပတ်ဝန်းကျင်ဒေသများ ပါဝင်ကြောင်းသိရသည်။
မဟာတံတိုင်းကြီးတစ်လျှောက် ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသများနှင့် ပြည်နယ်အဆင့် ဒေသများနှင့် မြို့များတွင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် လုပ်ဆောင်သင့်ကြောင်းလည်း အဆိုပါစည်းမျဥ်းတွင် ဖော်ပြထားသည်။
ယခုနှစ် မတ် ၁ ရက်တွင် စတင်သက်ရောက်ခဲ့သည့် ယဥ်ကျေးမှုအမွေအနှစ်များကာကွယ်ခြင်း ဥပဒေပြင်ဆင်ချက် ပြီးနောက် ယခုစည်းမျဥ်းသည် တရုတ်နိုင်ငံ မဟာတံတိုင်းကြီး ကာကွယ်ထိန်းသိမ်းမှုများအတွက် သီးသန့်ပြဋ္ဌာန်း လိုက်သည့် ပထမဆုံးစည်းမျဥ်း ဖြစ်သည်။
ပေကျင်းရှိ မဟာတံတိုင်းကြီးသည် ခရိုင်ပေါင်းခြောက်ခုဖြစ်သည့်  ဖိန်ကူ ၊ မိယွင်၊ ဟွိုင်ရို၊ ချန်းဖိန်၊ ယန်ချင့်နှင့် မန်ထိုကိုး တို့ကို ဖြတ်သန်းတည်ရှိပြီး ၅၂၀.၇၇ ကီလိုမီတာ ရှည်လျားကာ အပိုင်းပေါင်း ၄၆၁ ပိုင်း ပါဝင်သည်။ ကာလအပိုင်းအခြားမှာ မြောက်ပိုင်း ချီ မင်းဆက် (၅၅၀-၅၅၇) မှ မင်မင်းဆက် (၁၃၆၈-၁၆၄၄) အတွင်းဖြစ်သည်။ ၁၉၈၇ ခုနှစ်တွင် မဟာတံတိုင်းကြီး၏ ပါးသာလျင်အပိုင်းကို ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
Beijing passes new regulations to protect Great Wall
BEIJING, Nov. 28 (Xinhua) — Beijing on Friday passed new regulations on Great Wall protection, providing legislative norms for the protection, management, utilization and inheritance of the Great Wall section in Beijing.
The regulations, passed by the Standing Committee of the Beijing Municipal People’s Congress and set to take effect on March 1, 2026, clearly defined the application scope, which includes the Great Wall itself, related cultural heritage and the surrounding environment.
The regulations also stated that efforts should be made to strengthen the coordinated protection work in the Beijing-Tianjin-Hebei region and within the provincial-level regions and cities along the Great Wall.
It is the first dedicated regulation on the protection of the Great Wall in China after a revised Law on the Protection of Cultural Relics took effect on March 1 this year.
The Great Wall in Beijing spans six districts, namely, Pinggu, Miyun, Huairou, Changping, Yanqing and Mentougou. The Great Wall in Beijing is 520.77 kilometers long and consists of 461 sections, dating from the Northern Qi Dynasty (550-557) to the Ming Dynasty (1368-1644). In 1987, the Badaling section of the Great Wall was inscribed on the UNESCO World Heritage List.
Photo : An aerial drone photo taken on Oct. 17, 2025 shows a view of the Simatai section of the Great Wall in Beijing, capital of China. (Photo by Zhou Wanping/Xinhua)