China
ဗီယက်နမ်စစ်သင်္ဘော တရုတ်နိုင်ငံအရှေ့ပိုင်းမြိုတော် ချင်းသောင်သို့ လာရောက်လည်ပတ်
ချင်းသောင်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ရေတပ်ဆိပ်ကမ်းတစ်ခုသို့ လေးရက်ကြာ အလည်အပတ်ခရီးစဥ်တစ်ခုအဖြစ် ဒီဇင်ဘာ ၁ ရက်တွင် ဗီယက်နမ်စစ်သင်္ဘော Tran Hung Dao ဆိုက်ကပ်လာခဲ့သည်။
အလည်အပတ်ခရီးစဥ်အတွင်း တရုတ်နှင့် ဗီယက်နမ်ရေတပ်များသည် သင်္ဘောခရီးစဥ်လိုက်ပါကြည့်ရှုခြင်း၊ ကုန်းပတ်ဧည့်ခံပွဲများ၊ ယဥ်ကျေးမှုဖလှယ်ခြင်းနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအပြင် အခြားသော အစီအစဉ်များလည်းပြုလုပ်ကြမည်ဖြစ်သည်။
ယခုလာရောက်လည်ပတ်မှုသည် ရေတပ်နှစ်ခုအကြား အပြန်အလှန်နားလည်မှုများမြှင့်တင်မှုနှင့် နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်ကြောင်းသိရသည်။
အဆိုပါစစ်သင်္ဘောသည် ဝန်အပြည့်တန်ချိန် ၂,၁၀၀ တင်ဆောင်နိုင်ပြီး အမြင့်ဆုံးအမြန်နှုန်းမှာ ၂၉ knots ဖြင့် ခုတ်မောင်းနိုင်သည်။ ၎င်းသည် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဥ်တစ်စီး သယ်ဆောင်နိုင်ကြောင်းသိရသည်။ (Xinhua)



……………………..
(English Version)
Vietnamese frigate visits eastern Chinese city of Qingdao
QINGDAO, Dec. 1 (Xinhua) — Vietnamese frigate Tran Hung Dao arrived at a naval port in the city of Qingdao in east China’s Shandong Province on Monday, marking the start of a four-day visit.
During the visit, the Chinese and Vietnamese navies will hold ship tours, deck receptions, cultural exchanges and joint drills, among other activities.
This visit aims to enhance mutual understanding between the two navies, and to deepen the friendship between the two countries.
The frigate has a full load displacement of 2,100 tonnes and a maximum speed of 29 knots. It can carry one anti-submarine helicopter.
Photo: Vietnamese frigate Tran Hung Dao arrives at a naval port in Qingdao, east China’s Shandong Province, Dec. 1, 2025. (Photo by Wang Liantao/Xinhua)
