Connect with us

China

တရုတ်နိုင်ငံမှ ဘဲလေးအကပညာရှင်များက နော်ဝေနိုင်ငံ၏ ခရစ္စမတ်ဖျော်ဖြေရေးအစီအစဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်

နော်ဝေနိုင်ငံ မြို့တော်အော်စလို၌ နော်ဝေ အမျိုးသားဘဲလေးအက၏ ရိုးရာခရစ္စမတ်ဖျော်ဖြေရေးအစီအစဉ် "The Nutcracker" ၏ ဝတ်စုံပြည့်အစမ်းလေ့ကျင့်မှုတွင် Fritz အဖြစ် ဖျော်ဖြေတင်ဆက်နေသည့် Raymond Bai (ဝဲဘက်အရှေ့) ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Norwegian National Opera & Ballet/Handout via Xinhua)

အော်စလို၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

နော်ဝေအမျိုးသားဘဲလေးအက၏ ရိုးရာခရစ္စမတ်ဖျော်ဖြေရေးအစီအစဉ် “The Nutcracker” တွင် တရုတ်နိုင်ငံမှ အကပညာရှင်နှစ်ဦးက ထင်ရှားသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
နော်ဝေအမျိုးသားဘဲလေးအကအဖွဲ့ဝင်တစ်ဦးဖြစ်သည့် တရုတ်နိုင်ငံမှ အကသမား Dingkai Bai က Nutcracker မင်းသားလေးအဖြစ် နိုဝင်ဘာ ၂၉ ရက်က ဖျော်ဖြေခဲ့ပြီး နော်ဝေအမျိုးသားဘဲလေးကျောင်းမှ ကျောင်းသား Raymond Bai ကလည်း ဇာတ်လမ်း၏ အဓိကအချက်ဖြစ်သည့် ခရစ္စမတ်အကြိုညအိပ်မက်၏ ပိုင်ရှင် မိန်းကလေးငယ် Clara ၏မောင်ငယ်လေး Fritz အဖြစ် သရုပ်ဆောင်ခဲ့သည်။

အဆိုပါဖျော်ဖြေရေးအစီအစဉ်ကို မြို့တော်အော်စလိုတွင် လွန်ခဲ့သည့်သီတင်းပတ်က စတင်ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်အထိ အခြားခရစ္စမတ်ဖျော်ဖြေရေးအစီအစဉ်ပေါင်း ၂၃ ခု စီစဉ်ထားကာ ပရိသတ် ၃၀,၀၀၀ ကျော် တက်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
နော်ဝေအမျိုးသားဘဲလေးကျောင်း၏ အကြီးအကဲ Christine Thomassen က ယင်းကျောင်းအနေဖြင့် နော်ဝေအမျိုးသားဘဲလေးအကနှင့်အတူ နောက်ခံအမျိုးမျိုးမှ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေးပေးရန် တက်ကြွစွာ လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အနက်ရောင်ဆံပင်နှင့် အနက်ရောင်မျက်လုံးများရှိကြသည့် တရုတ်နိုင်ငံမှ အဆိုပါအကပညာရှင်နှစ်ဦးစလုံးသည် နော်ဝေမိသားစုများစွာ၏ ခရစ္စမတ်အစဉ်အလာများအနက် ရှည်လျားသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် အဆိုပါဖျော်ဖြေရေးအစီအစဉ်သို့ ကွဲပြားသော အသွင်အပြင်ကို ယူဆောင်လာပေးသည်။

ကုမ္ပဏီ၏ တစ်ကိုယ်တော်အဆိုတော်ဟောင်း Kaloyan Boyadjiev မှ ဖန်တီးထားသည့် လက်ရှိပုံစံအရ ဇာတ်လမ်းသည် ရာစုနှစ်တစ်ခုကျော်က အော်စလိုမြို့တွင် Clara ၏ သံတမန်မိသားစုက “နိုင်ငံများစွာမှ” ဧည့်သည်များကို ၎င်းတို့၏ ခရစ္စမတ်ပါတီသို့ ကြိုဆိုခဲ့ကြသည့် ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။
နော်ဝေအမျိုးသားဘဲလေးအက၏ အနုပညာဒါရိုက်တာ Ingrid Lorentzen က “The Nutcracker” သည် နော်ဝေနှင့် ပြည်ပနိုင်ငံများမှ ပရိသတ်များအတွက် ဘဲလေးအကနှင့်ပတ်သက်၍ အရေးကြီးသော တံခါးပေါက်တစ်ခု ဖြစ်လာသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

နော်ဝေနိုင်ငံ မြို့တော်အော်စလို၌ နော်ဝေအမျိုးသားဘဲလေးအက၏ ရိုးရာခရစ္စမတ်ဖျော်ဖြေရေးအစီအစဉ် “The Nutcracker” ၏ ဝတ်စုံပြည့်အစမ်းလေ့ကျင့်မှုတွင် Nutcracker မင်းသားလေးအဖြစ် ဖျော်ဖြေတင်ဆက်နေသည့် Dingkai Bai (ယာဘက်) ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Norwegian National Opera & Ballet/Handout via Xinhua)

………………..
(English Version)
Chinese ballet dancers take key roles in Norway’s Christmas production
OSLO, Dec. 3 (Xinhua) — Two Chinese dancers are taking prominent roles in the Norwegian National Ballet’s traditional Christmas production of “The Nutcracker.”
Last Saturday, Chinese dancer Dingkai Bai, a member of the Norwegian National Ballet, performed as the Nutcracker Prince, while Raymond Bai, a student at the Norwegian National Ballet School, portrayed Fritz, Clara’s younger brother — with Clara being the young girl whose Christmas Eve dream lies at the heart of the story.
The production opened last week in Oslo and is set to run through Dec. 22, with 23 performances planned and more than 30,000 spectators expected to attend.
Christine Thomassen, head of the Norwegian National Ballet School, said that the school, together with the Norwegian National Ballet, works actively to give young people from diverse backgrounds the chance to develop.
Both dancers, with black hair and dark eyes, bring a different look to a production that is a long-standing part of many Norwegian families’ Christmas traditions.
In the current version, created by former company soloist Kaloyan Boyadjiev, the story is set in Oslo more than a century ago, with Clara’s diplomat family welcoming guests “from many countries” to their Christmas party.
Ingrid Lorentzen, artistic director of the Norwegian National Ballet, said “The Nutcracker” has become an important gateway to ballet for audiences in Norway and abroad. ■
English Caption 1
Raymond Bai (L front) performs as Fritz in a dress rehearsal of the Norwegian National Ballet’s traditional Christmas production “The Nutcracker” in Oslo, capital of Norway, on Nov. 26, 2025. (Norwegian National Opera & Ballet/Handout via Xinhua)
English Caption 2
Dingkai Bai (R) performs as the Nutcracker Prince in a dress rehearsal of the Norwegian National Ballet’s traditional Christmas production “The Nutcracker” in Oslo, capital of Norway, on Nov. 27, 2025. (Norwegian National Opera & Ballet/Handout via Xinhua)