China
သတင်းထောက်များဘေးကင်းရေး၊ နည်းပညာသစ်များကို အာရှ-ပစိဖိတ် သတင်းဌာနအဖွဲ့ အစည်းအဝေးတွင် အလေးထားဆွေးနွေး
ဘိုးအောက်၊ ဟိုင်နန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
၅၇ ကြိမ်မြောက် အာရှပစိဖိတ် သတင်းဌာနအဖွဲ့ (OANA) အမှုဆောင်အဖွဲ့အစည်းအဝေးကို တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းပြည်နယ်၏ ကမ်းရိုးတန်းမြို့ဖြစ်သော ဘိုးအောက်တွင် ဒီဇင်ဘာ ၃ ရက်က စုစည်းတွေ့ဆုံခဲ့ကြကာ သတင်းထောက်များဘေးကင်းရေးနှင့် နောက်ဆုံးနည်းပညာများ၌ ပူးပေါင်းဆောင်ရွက်မှုကို အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
OANA အဖွဲ့ဝင်များအနေဖြင့် အပြန်အလှန်ယုံကြည်မှု၊ အားလုံးပါဝင်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုပေါ် အခြေခံသည့် ဒေသဆိုင်ရာမိတ်ဖက်ဆက်ဆံရေး မြှင့်တင်ရန်၊ ကမ္ဘာကြီးက ဒေသတွင်းကို ပိုမိုကောင်းမွန်စွာနားလည်နိုင်ရေး အထောက်အကူဖြစ်စေမည့် ယုံကြည်စိတ်ချရကာ မှန်ကန်သောသတင်းများ ထုတ်လွှင့်နိုင်ရန် ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက တိုက်တွန်းပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာနအနေဖြင့် အဖွဲ့ဝင်များနှင့်အတူ နောက်ဆုံးပေါ်နည်းပညာများ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရေး၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) မြှင့်တင်ရေးနှင့် အသုံးပြုရေး စသည်တို့အတွက် အသင့်ရှိကြောင်း ဖုက ပြောခဲ့သည်။
OANA ဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ TASS သတင်းဌာန ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ Andrey Kondrashov က နိုင်ငံများအနေဖြင့် သတင်းတုများ တိုက်ဖျက်ခြင်းနှင့် ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ ပျံ့နှံ့ရေးအတွက် ဉာဏ်ရည်တုနည်းပညာကို အကျိုးရှိရှိ စုစည်းအသုံးချရန် လိုအပ်ကြောင်းကို အလေးထားပြောခဲ့သည်။
သတင်းထောက်များကို ကာကွယ်စောင့်ရှောက်ရန် ပိုမိုယုံကြည်စိတ်ချရပြီး အာမခံမှုရှိသော ယန္တရားများ တည်ဆောက်မှု၏ အရေးပါပုံကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ထိုအစည်းအဝေးတွင် မွန်ဂိုလီးယားနိုင်ငံ၏ OANA ၏ အမှုဆောင်ဘုတ်အဖွဲ့၌ MONTSAME National News Agency ပါဝင်ရန် အတည်ပြုခဲ့သလို သတင်းထောက်များ ဘေးကင်းရေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်ကိုလည်း အတည်ပြုခဲ့ကြောင်း သိရသည်။
သတင်းထောက်များကို ကာကွယ်ပေးခြင်းသည် ပရော်ဖက်ရှင်နယ်မီဒီယာ သာမက ကမ္ဘာ့အသိုင်းအဝိုင်းတစ်ရပ်လုံး၏ တာဝန်လည်း ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
OANA အဖွဲ့ဝင်များအနေဖြင့် “မှန်ကန်သောသတင်းအချက်အလက်များ ပေးပို့နိုင်ရေး၊ မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များ၏ ဘေးကင်းလုံခြုံရေးလေ့ကျင့်မှုကို ပံ့ပိုးပေးရေး၊ ဘက်မလိုက်ရေးမူများ ရပ်တည်ရေးအတွက် မိမိတို့မစ်ရှင်ကို ဆက်လက်ဖော်ဆောင်မည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဓမ္မဓိဋ္ဌာန်ကျမှုမရှိပါက ကမ္ဘာကြီးသည် စစ်မှန်သော တရားမျှတမှုနှင့် ဘေးကင်းမှုမရှိနိုင်သောကြောင့်ဖြစ်သည်” ဟူ၍ ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် ၁၉၆၁ ခုနှစ် ဒီဇင်ဘာလက စတင်တည်ထောင်ခဲ့သော အာရှသတင်းဌာနအဖွဲ့အဖြစ် ကနဦးက တည်ထောင်ခဲ့သော OANA သည် အာရှ-ပစိဖိတ်ဒေသအတွင်း သတင်းနှင့် အချက်အလက်များ တိုက်ရိုက် လွတ်လပ်စွာ ဖလှယ်မှု မြှင့်တင်ရန်၊ အဖွဲ့ဝင်များနှင့် ကမ္ဘာတစ်ဝန်း သတင်းဌာနများကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Reporters’ safety, new technologies in focus at Organization of Asia-Pacific News Agencies meeting
BOAO, Hainan, Dec. 3 (Xinhua) — The 57th Executive Board Meeting of the Organization of Asia-Pacific News Agencies (OANA) convened on Wednesday in Boao, a coastal town in China’s island province of Hainan, highlighting the safety of journalists and cooperation in cutting-edge technologies.
In his opening remarks, Fu Hua, president of Xinhua News Agency, called for OANA members to promote the regional partnership based on mutual trust, inclusiveness and win-win cooperation and to deliver reliable and truthful news to help the world better understand the region.
Fu also expressed Xinhua’s readiness to strengthen cooperation in cutting-edge technologies and promote R&D and application with fellow members.
OANA President Andrey Kondrashov, who is also director general of Russia’s TASS news agency, highlighted the need for countries to collectively harness artificial intelligence to combat fake news and spread credible information.
He also noted the importance of building more reliable and secure mechanisms to safeguard journalists.
The meeting also approved to include Mongolia’s MONTSAME National News Agency on the Executive Board of OANA and adopted a joint statement on the safety of journalists.
Protecting journalists is the responsibility not only of professional media, but of the entire global community, according to the joint statement.
The members of OANA will “continue our mission of delivering factual news, to support the safety training of our colleagues, and to champion the principles of objectivity without which the world cannot be truly just and safe,” it said.
The OANA, originally established as the Organization of Asian News Agencies in Thailand in December 1961, aims to promote direct and free exchange of news and information in the Asia-Pacific region and enhance cooperation among its members and with news agencies worldwide.
Photo: Fu Hua, president of Xinhua News Agency, addresses the opening of the 57th Executive Board Meeting of the Organization of Asia-Pacific News Agencies (OANA) in Boao, south China’s Hainan Province, Dec. 3, 2025. (Xinhua/Yang Guanyu)
