Connect with us

China

တရုတ်နိုင်ငံ ဗဟိုဘဏ်က မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသနှင့် ရေရှည်ငွေကြေးလဲလှယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သည့် တရုတ်ပြည်သူ့ဘဏ်ကို တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံပြည်သူ့ဗဟိုဘဏ် (PBOC) နှင့် မကာအို ငွေကြေးအာဏာပိုင်အဖွဲ့တို့သည် ကာလရှည်ကြာစွာ ဆက်လက်တည်မြဲနေမည့် ငွေကြေးလဲလှယ်ရေး သဘောတူညီချက်ကို အဆင့်မြှင့်တင်ခဲ့သလို နှစ်နိုင်ငံငွေကြေးလဲလှယ်ရေးသဘောတူညီချက်ကိုလည်း သက်တမ်းထပ်မံတိုးမြှင့်ခဲ့သည်ဟု PBOC ဘဏ်က ဒီဇင်ဘာ ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ငွေကြေးလဲလှယ်ရေးအစီအစဉ်၏ပမာဏကို ယွမ်ငွေ ဘီလီယံ ၃၀ (အမေရိကန်ဒေါ်လာ ၄.၂၄ ဘီလီယံ ခန့်) မှ ယွမ်ငွေ ဘီလီယံ ၅၀ သို့မဟုတ် မကာအို ပါတာကပ်စ် ၃၄ ဘီလီယံမှ မကာအို ပါတာကပ်စ် ၅၇ ဘီလီယံ အထိ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ယခုသဘောတူညီချက်ဖြင့် ဒေသနှစ်ခုစလုံးတွင် ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိန်းသိမ်းရန်၊ ပိုမိုတိုးတက်သောနည်းလမ်းဖြင့် နှစ်နိုင်ငံကြားကုန်သွယ်မှုနှင့် စီးပွားရေး ကူးလူးဖလှယ်မှုတို့ကို ပံ့ပိုးကူညီရန်နှင့် မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြင်ပယွမ်ငွေစျေးကွက် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားသည်ဟု PBOC ဘဏ်က ပြောကြားခဲ့သည်။
ငွေကြေးလဲလှယ်ရေး သဘောတူညီချက်တစ်ခုမှာ ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုများကို လွယ်ကူချောမွေ့စေရန်နှင့် ဘဏ္ဍာရေးစျေးကွက်များအတွက် ငွေကြေးစီးဆင်းမှုကို ထောက်ပံ့နိုင်ရေးအတွက် ငွေကြေးအမျိုးအစားတစ်မျိုးဖြင့် ငွေပေးချေမှုများကို ပမာဏညီမျှသော အခြားငွေကြေးတစ်မျိုးဖြင့်လဲလှယ်ရန် အဖွဲ့အစည်းနှစ်ခုကို ခွင့်ပြုပေးခြင်းဖြစ်သည်။ (Xinhua)

………………….
(English Version)
China’s central bank signs standing swap deal with Macao
BEIJING, Dec. 5 (Xinhua)
The People’s Bank of China (PBOC) and the Monetary Authority of Macao have renewed their bilateral currency-swap agreement and upgraded it to a standing swap arrangement, which will remain valid over the long term, the PBOC said on Friday.
The scale of the swap facility has been increased from 30 billion yuan (about 4.24 billion U.S. dollars), or 34 billion patacas, to 50 billion yuan, or 57 billion patacas.
The move aims to maintain financial stability in both regions, support bilateral trade and economic exchange in an improved manner, and promote the steady development of Macao’s offshore renminbi market, the PBOC noted.
A currency-swap deal allows two institutions to exchange payments in one currency for equivalent amounts in the other to facilitate bilateral trade settlements and provide liquidity support for financial markets. ■
Photo:
The People’s Bank of China (PBOC), China’s central bank. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.