China
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အနေဖြင့် ဆွေးနွေးမှုမှတစ်ဆင့် မတူကွဲပြားမှုများကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံ တိုက်တွန်း
ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် ဆွေးနွေးမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုမှတစ်ဆင့် ၎င်းတို့၏ မတူကွဲပြားမှုများကို ဆက်လက်ကိုင်တွယ်ဖြေရှင်းကြရန်၊ အခြေအနေတင်းမာမှု လျှော့ချရေးကို တိုးမြှင့်လုပ်ဆောင်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေး အတူတကွ ဆောင်ရွက်ကြရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၉ ရက်၌ ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ တပ်ဖွဲ့များသည် ဒီဇင်ဘာ ၅ ရက်က အပြန်အလှန်ပစ်ခတ်ခဲ့ကြရာ အရပ်သားသေဆုံးမှုများစွာရှိခဲ့သည့် သတင်းများနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့သည် တရုတ်နိုင်ငံ၏ ကာလကြာရှည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများဖြစ်ကြကြောင်း၊ ထို့အတူ ၎င်းတို့အချင်းချင်းကလည်း ရွှေ့ပြောင်း၍မရသော အိမ်နီးချင်းများပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား ဆက်ဆံရေး ကောင်းမွန်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ဆောင်ရွက်သွားလိုကြောင်း ကောက ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
China calls on Pakistan, Afghanistan to handle differences through dialogue
BEIJING, Dec. 9 (Xinhua) — China calls on Pakistan and Afghanistan to continue handling their differences through dialogue and consultation, promote the deescalation of the situation, and work together to maintain regional peace and stability, a Chinese foreign ministry spokesperson said on Tuesday.
Spokesperson Guo Jiakun made the remarks at a daily news briefing in response to reports that Afghan and Pakistani forces exchanged fire on Dec. 5, resulting in a number of civilian casualties.
Pakistan and Afghanistan are both long-standing friendly neighbors of China, they are also neighbors that cannot move away from each other, he said.
China is willing to work with the international community to continue playing a constructive role in improving and developing relations between Pakistan and Afghanistan, Guo said.
