Connect with us

China

တရုတ်နိုင်ငံက ၂၀၂၆ ခုနှစ်တွင် မက်ခရိုစည်းမျဉ်း ထိရောက်မှုအပေါ် ပိုမိုအားကောင်းစွာ အလေးထားမည်ဟု လေ့လာဆန်းစစ်သူ ပြောကြား

ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် ပါဝင်ဆွေးနွေးနေသော တရုတ်နိုင်ငံ မက်ခရိုစီးပွားရေး သုတေသနအကယ်ဒမီမှ သုတေသီ လျိုကျစ်ချိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်တွင် မက်ခရိုစည်းမျဉ်း ထိရောက်မှုအပေါ် ပိုမိုအားကောင်းစွာ အလေးထားမည်ဟု ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် လေ့လာဆန်းစစ်သူတစ်ဦးက ပြောကြားခဲ့သည်။
ယခုလအစောပိုင်းတွင် ကျင်းပခဲ့သော အဆင့်မြင့်ကွန်ဖရင့်အရ တရုတ်နိုင်ငံသည် “တည်ငြိမ်စွာ တိုးတက်ရေး” အခြေခံမူကို အခိုင်အမာလက်ကိုင်ထားကာ မက်ခရိုစီးပွားရေးမူဝါဒ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်ကို ကြိုးပမ်း မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် မူဝါဒ အရည်အသွေးနှင့် စွမ်းဆောင်မှု မြှင့်တင်ရန် ရှိနှင့်ပြီးသားမူဝါဒများကို အပြည့်အဝ အသုံးချခြင်းနှင့်အတူ တိုးတက်လာသော မူဝါဒများ၏ အရည်အသွေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကာ ၎င်းတို့အား ပေါင်းစည်းလုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ မက်ခရိုစီးပွားရေး သုတေသနအကယ်ဒမီမှ သုတေသီ လျိုကျစ်ချိန် က ပြောခဲ့သည်။
၂၀၂၆ ခုနှစ်အတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများမှာ အလုပ်အကိုင်၊ စီးပွားရေး၊ ဈေးကွက်များနှင့် မျှော်မှန်းချက်များ တည်ငြိမ်ရေးအား ဆက်လက်ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း လျို က မှတ်ချက်ပြုခဲ့သည်။ (Xinhua)

……………………………………..
(English Version)
(China Economic Roundtable) China to place greater emphasis on effectiveness of macro regulation in 2026: analyst
BEIJING, Dec. 30 (Xinhua) — China has signaled a stronger emphasis on the effectiveness of macro regulation in 2026, an analyst said during the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency.
According to a tone-setting conference held earlier this month, China will adhere to the principle of pursuing progress while ensuring stability, with efforts to improve both the quality and performance of macroeconomic policies.
To enhance the quality and performance of policy, China should improve the quality of incremental policies while fully leveraging the existing ones, and make them work in synergy, said Liu Zhicheng, a researcher at the Chinese Academy of Macroeconomic Research.
Liu noted that efforts to maintain stability in 2026 will continue to prioritize stabilizing employment, businesses, markets and expectations.
Photo: Liu Zhicheng, a researcher at the Chinese Academy of Macroeconomic Research, speaks at the recording site of the latest episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Jin Liwang)