Connect with us

China

ပိုမိုကောင်းမွန်သော ရုပ်ရှင်ဇာတ်ကားများ ဖန်တီးရန် တရုတ်နိုင်ငံ သမ္မတ ရှီ အားပေးတိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပေကျင်းမြို့၌ China Media Group မှတစ်ဆင့် နှစ်သစ်ကူးမိန့်ခွန်း ပြောကြားနေပုံကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံ၏ ရုပ်ရှင်လုပ်ငန်းနယ်ပယ်မှ ပုဂ္ဂိုလ်များအား ခေတ်ကာလကို ထင်ဟပ်စေပြီး ပြည်သူတို့၏ ပြင်းပြသောဆန္ဒများကို ဖော်ပြနိုင်သည့် ပိုမိုကောင်းမွန်သော ရုပ်ရှင်ဇာတ်ကားများ ဖန်တီးကြရန် အားပေးတိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီက အသက် ၉၇ နှစ်အရွယ် နာမည်ကျော် မင်းသမီး ထျန်ဟွာအပါအဝင် ဝါရင့်တရုတ်ရုပ်ရှင်ပညာရှင် ၈ ဦးထံသို့ မကြာသေးမီက ပေးပို့ခဲ့သော အကြောင်းပြန်စာတွင် ထိုသို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်း၏ အကြောင်းပြန်စာတွင် ရှီက အနုပညာရှင်များထံမှ စာကိုဖတ်ရှုရခြင်းသည် ၎င်းတို့ပါဝင်သရုပ်ဆောင်ခဲ့သည့် ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် သိရှိမြတ်နိုးတန်ဖိုးထားသော ဂန္ထဝင်ရုပ်ရှင်ကားများကို သတိရစေကြောင်း ပြောကြားခဲ့သည်။
ရှီက အနုပညာရှင်များအနေဖြင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရာတွင်လည်းကောင်း၊ အနုပညာထူးချွန်ထက်မြက်မှုကို လေ့လာလိုက်စားရာတွင်လည်းကောင်း စံပြဖြစ်အောင် ဆက်လက်လုပ်ဆောင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်း၏ အကြောင်းပြန်စာတွင် ဖော်ပြခဲ့သည်။
၎င်းတို့အနေဖြင့် ပိုမိုကျယ်ပြန့်သော ရုပ်ရှင်အသိုင်းအဝိုင်းကို ယဉ်ကျေးမှုဆိုင်ရာယုံကြည်မှု ခိုင်မာစေရန်၊ လက်တွေ့ဘဝတွင် အခြေပြုနေထိုင်ရန်နှင့် အနုပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုခိုင်မာသော နိုင်ငံ တည်ဆောက်ရေးအတွက် အကျိုးဆောင်မှုအသစ်များ ပြုလုပ်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Xi calls for creating more fine cinematic works
BEIJING, July 11 (Xinhua) — Chinese President Xi Jinping has called on people working in the country’s film industry to create more fine cinematic works that reflect the spirit of the times and express the people’s aspirations.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, made the remarks in a recent reply letter to eight veteran Chinese film artists, including 97-year-old famed actress Tian Hua.
In his reply, Xi said that reading the letter from the artists reminded him of the classic films they had participated, which are widely known and cherished by the public.
Xi expressed the hope that the artists would continue to set an example in upholding virtue and pursuing artistic excellence.
He encouraged them to inspire the broader film community to strengthen cultural confidence, stay rooted in real life, and make new contributions to the prosperity of arts and the building of a culturally strong nation.

English Caption
Chinese President Xi Jinping delivers a New Year message through China Media Group and the internet Tuesday evening in Beijing to ring in 2025. (Xinhua/Ju Peng)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.