China
အီဆက်ခ်အား အသင်း၌ ဆက်ရှိစေလိုကြောင်း နယူးကာဆယ်နည်းပြ အက်ဒီဟောင်း ဆို

လန်ဒန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
နယူးကာဆယ် ယူနိုက်တက်အသင်းနည်းပြ အက်ဒီဟောင်းက ကြယ်ပွင့်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်အား လာမည့်ရာသီတွင် အသင်း၌ ဆက်လက်ထိန်းထားနိုင်ရန် မျှော်လင့်ထားဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးမှာ လက်ရှိအချိန်အထိ နယူးကာဆယ်အသင်း၏ ရာသီကြိုခြေစမ်းပွဲများတွင် ပါဝင်ကစားခဲ့ခြင်းမရှိဘဲ ကြံ့ခိုင်မှုအခြေအနေကြောင့် အသင်း၏ အာရှခြေစမ်းခရီးစဉ်မှ ချန်လှပ်ခံခဲ့ရသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် ထင်ကြေးပေးမှုအမျိုးမျိုး ထွက်ပေါ်နေခြင်းဖြစ်သည်။
အီဆက်ခ်က ၎င်း၏အနာဂတ်အတွက် ရွေးချယ်စရာများကို စဉ်းစားနေသည်ဟု အသင်းအား အသိပေးထားကြောင်း သတင်းထွက်ပေါ်နေပြီး လီဗာပူးလ်အသင်းက ပြီးခဲ့သည့် ပရီးမီးယားလိဂ်ရာသီ၌ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်သည့် အီဆက်ခ်အား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သိရသည်။
လီဗာပူးလ်အသင်းမှာ ဖလော်ရီယန်ဗက်ဇ်၊ ဟူဂို အီကီတိုက်တို့အား ခေါ်ယူကာ အသင်း၏ တိုက်စစ်ပိုင်းကို အားဖြည့်ထားသော်လည်း လူးဝစ်စ် ဒီယက်ဇ်မှာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ရန် အလွန်နီးစပ်နေပြီဖြစ်သလို ဒါဝင် နူးနက်စ်ကိုလည်း ယခုနွေရာသီတွင် ရောင်းထုတ်မည်ဖြစ်သဖြင့် အီဆက်ခ်အား ခေါ်ယူရန် အသုံးစရိတ် ပိုမိုရရှိလာဖွယ်ရှိသည်။
နယူးကာဆယ်အသင်း၏ တောင်ကိုရီးယား ခရီးစဉ်အတွင်း အီဆက်ခ်၏ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရာတွင် အက်ဒီဟောင်းက နယူးကာဆယ်အနေဖြင့် မည်သည့်အသင်းထံကမှ တရားဝင် ကမ်းလှမ်းမှုများ မရရှိသေးဟု အခိုင်အမာပြောကြားခဲ့သည်။
“သူက ကျွန်တော်တို့ရဲ့ ကစားသမားဖြစ်နေတုန်းပါပဲ။ သူ ကျွန်တော်တို့နဲ့ စာချုပ်ချုပ်ထားတာပါ။ ကျွန်တော်တို့အတွက် ဖြစ်နိုင်ခြေအားလုံး ရှိနေသေးတယ်လို့ ယုံကြည်ထားချင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သော်လည်း အီဆက်ခ်၏ အနာဂတ်အား အပြည့်အဝ ထိန်းချုပ်ခွင့်မရှိဟု ဝန်ခံပြောဆိုခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် အာဆင်နယ်အသင်းနှင့် နယူးကာဆယ် ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်လိဂ်ဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ပထမဂိုးသွင်းယူပြီးနောက် အသင်းဖော် အန်သနီ ဂေါ်ဒွန်နှင့်အတူ အောင်ပွဲခံနေသည့် နယူးကာဆယ် ကစားသမား အလက်ဇန်းဒါး အီဆက်ခ် (ဝဲ) အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………………………
(English Version)
Newcastle coach Howe: I want Isak to stay
LONDON, July 29 (Xinhua) — Newcastle United coach Eddie Howe has not given up hope of keeping star striker Alexander Isak at St James’ Park for the coming season.
The Sweden international striker is at the center of intense speculation after not playing in any of his side’s pre-season friendlies to date, and being left out of Newcastle’s tour to Asia – allegedly for fitness-related reasons.
Isak is reported to have told the club he is exploring his options for the future, with Liverpool thought to be interested in buying last season’s Premier League top scorer.
Liverpool has already spent big on Florian Wirtz and Hugo Ekitike to strengthen its attack, but with Luis Diaz on the verge of joining Bayern Munich and Darwin Nunez also available for transfer this summer, further funds could be freed up to bid for Isak.
Speaking from Newcastle’s tour in South Korea, Howe was asked about Isak and insisted Newcastle had received no formal offer from any club.
“He is still our player. He’s contracted to us. I would love to believe all possibilities are still available to us,” added the coach, who nevertheless admitted Isak’s future was “not in [my] full control.”
English Caption 1
Liverpool’s Andy Robertson (2nd L) challenges Newcastle United’s Alexander Isak (3rd L) during the English Football League Cup Final match between Liverpool FC and Newcastle United FC in London, Britain, on March 16, 2025. (Xinhua)
English Caption 2
Newcastle United’s Alexander Isak (L) celebrates with teammate Anthony Gordon after scoring the first goal during the English Football League Cup semifinal 1st leg match between Arsenal and Newcastle United in London, Britain, Jan. 7, 2025. (Xinhua)