China
ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲတွင် မွေထိုင်းလက်ဝှေ့ပြိုင်ပွဲ ကျင်းပပြီးစီး၊ တရုတ်အဖွဲ့မှ ရွှေတံဆိပ်ဆု နှစ်ဆုနှင့် ကြေးတံဆိပ်ဆု တစ်ဆု ဆွတ်ခူးရရှိ

ချိန်တူး၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲ မွေထိုင်းလက်ဝှေ့ပြိုင်ပွဲသည် ဩဂုတ် ၁၀ ရက်တွင် အမျိုးသား၊ အမျိုးသမီး အဆင့် ၆ ဆင့် ပြိုင်ပွဲ အားလုံး၏ ရွှေတံဆိပ်ဆုရှင်များ ယှဉ်ပြိုင်ပေါ်ထွက်လာခဲ့သည်။ အဆိုပါပြိုင်ပွဲများတွင် တရုတ်အဖွဲ့မှ လျိုရှောင်ဟွေ့နှင့် ဟန်ရှင်းတို့သည် အမျိုးသမီး ၄၈ ကီလိုဂရမ်အဆင့်ပြိုင်ပွဲနှင့် အမျိုးသမီး ၆၀ ကီလိုဂရမ် အဆင့်ပြိုင်ပွဲ ရွှေတံဆိပ်ဆုများ အသီးသီးဆွတ်ခူးရရှိခဲ့ပြီး ကျန်းချိန်ချိန်ကမူ အမျိုးသား ၈၆ ကီလိုဂရမ်အဆင့်ပြိုင်ပွဲ ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။
အသက် ၂၀ နှစ်အရွယ်ရှိ လူငယ်ကစားသမား လျိုရှောင်ဟွေ့က ထိုင်းနိုင်ငံပြိုင်ပွဲဝင် Kullanat Aonok နှင့် ဗိုလ်လုပွဲ၌ ယှဉ်ပြိုင်ရာတွင် အချီတိုင်း ၁၀:၉ ရမှတ်ဖြင့် ဦးဆောင်ခဲ့ပြီး နောက်ဆုံးတွင် ၃၀:၂၇ ရမှတ်ဖြင့် အနိုင်ရရှိ၍ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။ ဟန်ရှင်းက တူကီယဲနိုင်ငံ ပြိုင်ပွဲဝင် Kubra Kocakus နှင့် ဗိုလ်လုပွဲတွင် ပထမအချီ၌ ရမှတ်နည်းခဲ့သည့် အခြေအနေတွင် ဒုတိယအချီတွင် ရမှတ်ကို ၁၉ မှတ်အထိ သရေကျအောင် လိုက်နိုင်ခဲ့ပြီး တတိယအချီတွင် ၂၉:၂၈ ရမှတ် အလှည့်အပြောင်းဖြင့် ပြိုင်ဘက်အား အနိုင်ယူခဲ့သည်။
“ပြိုင်ဘက်က အလွန်စွမ်းရည်ရှိပြီး အနိုင်ရမယ့်ပုံပါ။ ကျွန်မက နာမည်မရှိတဲ့ လူငယ်ကစားသမားဆိုတော့ သူ့ရဲ့ပြိုင်ပွဲဝင် ဗီဒီယိုအများအပြားကို လေ့လာခဲ့တယ်။ သူကတော့ ကျွန်မအကြောင်း သိပ်မသိဘူး။ ကျွန်မက ရိုးရာဝူရှူးအခြေခံရှိတော့ ထိုးသတ်ပုံတွေက မွေထိုင်း ကစားသမား တော်တော်များများနဲ့ မတူဘူး” ဟု လျိုရှောင်ဟွေ့က ဆိုသည်။
“တကယ်လို့ ဒီနေ့ အမှုဆောင်နည်းပြက စီစဉ်တဲ့ တိုက်ကွက်က နည်းနည်းပိုကောင်းမယ်ဆိုရင် အခုထက် ပိုပြီး ပေါ့ပေါ့ပါးပါးနဲ့ အနိုင်ရနိုင်လောက်တယ်။ ဒါပေမဲ့လည်း ဒီရွှေတံဆိပ်ဆုကို ရရှိတာနဲ့တင် သိပ်ကိုကျေနပ်နေပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။
ဟန်ရှင်းကမူ Sanda နှင့် ကစ်ဘောက်ဆင် လက်ဝှေ့ လေ့ကျင့်မှုအခံရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် မွေထိုင်းလက်ဝှေ့ကို စတင်ထိတွေ့ခဲ့သည်။ ၎င်းက ပြိုင်ပွဲယှဉ်ပြိုင်မှုဖြစ်စဉ်အား ပြန်လည်လေ့လာရာ၌ “ပြိုင်ဘက်ရဲ့ထိုးချက်တွေက သိပ်ပြင်းတယ်။ ပထမအချီတုန်းက ကျွန်မဘက်က နည်းနည်းပျော့တယ်။ ပွဲခဏနားချိန်မှာ နည်းပြက ကျွန်မကို အမှတ်မပြောပြဘူး။ ကျွန်မ အမှတ်နည်းနေလောက်တယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ ဇွဲရှိရှိနဲ့ အခက်အခဲလေဆန်ကို ရအောင်ကျော်တက်ရင် အောင်နိုင်လာနိုင်ခြေရှိတာပဲ။ ချိန်တူးက ပရိသတ်တွေက သိပ်စိတ်အားထက်သန်တယ်။ သူတို့ရဲ့ အော်ဟစ်အားပေးသံတွေကြောင့် ကျွန်မက တရုတ်အင်အားကို ဖော်ပြကစားနိုင်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
အမျိုးသား ၈၆ ကီလိုဂရမ်အဆင့် ကြေးတံဆိပ်ဆုပြိုင်ပွဲတွင် အသက် ၂၅ နှစ်အရွယ် တရုတ်ပြိုင်ပွဲဝင် ကျန်းချိန်ချိန်က ပထမအချီတွင် တောင်အာဖရိကမှ ၃၆ နှစ်အရွယ် ဝါရင့်ကစားသမား Damian Collins ၏ ဦးခေါင်းကို ထိုးချက်ပြင်းပြင်းတစ်ချက်ဖြင့် တိုက်ရိုက်အလဲထိုးနိုင်ခဲ့သည်။ ဒိုင်လူကြီးက ပြိုင်ပွဲပြီးဆုံးကြောင်း ကြေညာ၍ ကျန်းချိန်ချိန် အနိုင်ရရှိသည်ဟု ဆုံးဖြတ်ပေးခဲ့ရာ တရုတ်အဖွဲ့က နောက်ထပ် ကြေးတံဆိပ်ဆု တစ်ဆု တိုးလာခဲ့သည်။
“ဒီလောက်အချိန်တိုအတွင်းမှာ ပြိုင်ဘက်ကို အလဲထိုးနိုင်ပြီး အနိုင်ရမယ်လို့ မထင်ထားမိဘူး။ ပြိုင်ဘက်က ပြိုင်ပွဲကြီးတွေမှာ ယှဉ်ပြိုင်တဲ့ အတွေ့အကြုံလည်းများတယ်။ အရင်ကရမှတ်ကောင်းတွေလည်း ရထားတယ်” ဟု ကျန်းချိန်ချိန်က ဆိုသည်။
“ကျွန်တော်က ကမ္ဘာအဆင့်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်တာပါ။ ကီလိုဂရမ်များတဲ့အဆင့်မှာ တရုတ်အဖွဲ့အတွက် ဆုတံဆိပ်တစ်ခု ရယူပေးတာ မလွယ်ကူပါဘူး။ ကိုယ့်ရဲ့အင်အားနဲ့ အကျိုးထမ်းဆောင်ပေးလိုက်တယ်လို့ ခံစားရပါတယ်” ဟု ၎င်းက ဆိုသည်။
မွေထိုင်းလက်ဝှေ့ကစားနည်း၏ အဆင့်အားလုံးပြိုင်ပွဲများသည် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် အားကစားရုံ၌ ဩဂုတ် ၁၀ ရက်က ကျင်းပပြီးစီးခဲ့သည်။ ဩဂုတ် ၁၂ ရက်မှစ၍ ထိုနေရာတွင် ယခုအကြိမ် ကမ္ဘာ့အားကစားပြိုင်ပွဲ၏ ကစ်ဘောက်ဆင် လက်ဝှေ့ပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ချိန်တူးမြို့၌ ကျင်းပသည့် ကမ္ဘာ့အားကစားပြိုင်ပွဲ မွေထိုင်းလက်ဝှေ့ အမျိုးသမီး ၆၀ ကီလိုဂရမ်အဆင့် ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိပြီးနောက် အောင်ပွဲခံနေသော ဟန်ရှင်း အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချိန်တူးမြို့၌ ကျင်းပသည့် ကမ္ဘာ့အားကစားပြိုင်ပွဲ မွေထိုင်းလက်ဝှေ့ အမျိုးသား ၈၆ ကီလိုဂရမ်အဆင့် ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိပြီးနောက် အောင်ပွဲခံနေသော ကျန်းချိန်ချိန် (အရှေ့ ယာဘက်) အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
成都世运会︱泰拳收官 中国队揽两金一铜
新华社成都8月10日电(记者刘旸)成都世运会泰拳比赛10日决出男子、女子全部6个级别冠军,中国队的刘晓慧、韩鑫分别摘得女子48公斤级和女子60公斤级冠军,张程程赢得男子86公斤级铜牌。
20岁的小将刘晓慧决赛对阵泰国选手奥诺克,每一回合都以10:9点数领先,最终以30:27取胜,摘得金牌。韩鑫在对阵土耳其选手科卡库斯的决赛中,在首回合落后情况下,第二回合将分数追至19平,第三回合以29:28逆转绝杀对手。
“对手实力很强,志在必得。我是无名小将,研究了很多她的比赛视频,而她对我没什么了解。我有传统武术根基,打法和很多泰拳选手不一样。”刘晓慧说,“今天如果执行教练布置的战术更好一点的话,可能会比现在赢得轻松一些,但能拿下这枚金牌已经非常满足了。”
韩鑫有着散打和自由搏击功底,2020年开始接触泰拳。她在复盘比赛过程时说:“对方拳很重,首回合自己有点儿软。暂停时教练没和我说分数,我知道自己应该是落后了,但逆风中坚持就有机会翻盘。成都观众太热情了,他们的呐喊鼓励让我打出了中国力量。”
男子86公斤级季军争夺战中,25岁的中国选手张程程在第一回合一记重拳击中南非36岁老将柯林斯的头部,直接将对手击倒。裁判终止比赛,判张程程胜出,中国队再添一枚铜牌。
“没想到今天能在短时间里击倒对手获胜,对手毕竟大赛经验丰富,以前战绩也不错。”张程程说,“我是第一次参加世界大赛,能在大重量级别中为中国队拿一块奖牌不容易,感觉贡献出自己的一份力量。”
四川省体育馆10日结束了泰拳项目全部级别比赛,12日起这里将举办本届世运会的自由搏击比赛。(完)
图说1:8月10日,刘晓慧(右)在比赛中。新华社记者 张博文 摄
图说2:8月10日,韩鑫在夺冠后庆祝。新华社记者 张博文 摄
图说3:8月10日,张程程(前右)在获胜后庆祝。新华社记者 张博文 摄