Connect with us

China

မိုးဆက်တိုက်ရွာသဖြင့် ပွဲစဉ်ဖျက်ရ၊ အမေရိကန်နှင့် ဂျပန်အသင်းတို့ ပူးတွဲရွှေတံဆိပ် ရရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့တွင်ပြုလုပ်သည့် ကမ္ဘ့ာအားကစားပွဲတော် ၂၀၂၅ ၏ အမျိုးသား ဆော့ဖ်ဘော (softball) ပြိုင်ပွဲ အုပ်စုဘီ၊ ကနေဒါအသင်းနှင့် စင်ကာပူအသင်း ပွဲစဉ်၌ စင်ကာပူအသင်းမှ Zu Ray Low (ရှေ့တန်း ဝဲ) ၂၀၂၅ ခုနှစ် သြဂုတ် ၈ ရက်က ယှဥ်ပြိုင်စဥ် (ဆင်ဟွာ)

ချိန်တူး၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
အဆက်မပြတ်မိုးရွာနေသောကြောင့် ချိန်တူးမြို့တွင် ပြုလုပ်လျက်ရှိသော ကမ္ဘာ့အားကစားပွဲတော်၏ အမျိုးသား ဆော့ဖ်ဘော (softball) နောက်ဆုံးပွဲစဥ်ကို ဖျက်သိမ်းခဲ့ရပြီး အမေရိကန်နှင့် ဂျပန်အသင်းတို့ ပူးတွဲရွှေတံဆိပ် ရရှိသွား‌ ကြောင်း သိရသည်။
အမေရိကန်နှင့် ဂျပန်အသင်းတို့သည် ပြိုင်ဘက်အသင်းများကို အနိုင်ယူကာ ဗိုလ်လုပွဲ၌ ထိပ်တိုက် တွေ့ဆုံကြခြင်း ဖြစ်သည်။
“ချန်ပီယံဆုကို ဂျပန်အသင်းနဲ့ ပူးတွဲရယူတာက ကြီးမားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းက ကစားသမားကောင်းတွေ ပါဝင်တဲ့ ကောင်းမွန်တဲ့ အသင်း တစ်ခုဖြစ်ပြီး ပြိုင်ပွဲမှာ တကယ်ကိုကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ အစပိုင်းက စိန်ခေါ်မှု အများအပြားကို ကျော်ဖြတ်နိုင်ခဲ့ပြီး တိုက်စစ်ရော ခံစစ်ပါ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်”ဟု အမေရိကန်အသင်းခေါင်းဆောင် Shaw Zachary က ပြောဆိုခဲ့သည်။
ဂျပန်အသင်းမှ Seii Kuroiwa ကလည်း “ပွဲ ဖျက်သိမ်းရတယ် ဆိုတာ ရှားပါးတဲ့ကိစ္စ တစ်ခုဖြစ်ပြီး ရှောင်လွှဲလို့ မရနိုင်ပါဘူး” ဟု ပြောဆိုခဲ့သည်။ “ရာသီဥတုကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူး၊ ဒီနေ့ မကစားလိုက်ရလို့ စိတ်မကောင်းပေမဲ့ နောင်တစ်ချိန်မှာ အမေရိကန်အသင်းနဲ့ ကွင်းထဲမှာ ဆုံတွေ့နိုင်ဖို့မျှော်လင့်မိပါတယ်” ဟု ပြောဆို ခဲ့သည်။
ဗင်နီဇွဲလားနှင့် ကနေဒါအသင်းတို့သည်လည်း တွေ့ဆုံရန်စီစဥ်ထားသော်လည်း မယှဥ်ပြိုင်ရတော့ဘဲ ကြေးတံဆိပ်ဆု ပူးတွဲရယူခဲ့ကြကြောင်း သိရသည်။
အမျိုးသမီး ဆော့ဖ်ဘောပြိုင်ပွဲကို သြဂုတ် ၁၃ရက်တွင် စတင်ကျင်းပမည် ဖြစ်ပြီး ဖွင့်ပွဲအဖြစ် အုပ်စုအဆင့်တွင် တရုတ်နိုင်ငံအသင်းက နယ်သာလန်အသင်းနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)
……………………..
(English Version)
Rain cancels men’s softball final, U.S. and Japan share gold at World Games
CHENGDU, Aug. 10 (Xinhua) — Persistent rain Sunday forced the cancellation of the men’s softball final at the Chengdu World Games, leaving the United States and Japan to share the gold medal.
The U.S. and Japan swept past their opponents to set up a final clash.
“It’s no big deal to share the championship with Japan,” U.S. captain Shaw Zachary said. “We are a great team with many great players. We did really well in this tournament, overcame a lot of challenges from the start, and played excellent on both offense and defense.”
Japan’s Seii Kuroiwa called the cancellation rare but unavoidable.
“Weather is something we can’t control. It’s a pity we couldn’t play today, but I hope we can face the U.S. on the field in the near future,” he said.
Venezuela and Canada, who were set to meet in the bronze medal game, shared the bronze.
The women’s softball competition begins Wednesday, with China facing the Netherlands in their opening group-stage game.
Zu Ray Low (front L) of Singapore competes during the men’s preliminary round Group B match between Canada and Singapore of Softball event at the World Games 2025 in Chengdu, southwest China’s Sichuan Province, Aug. 8, 2025. (Xinhua/Feng Kaihua)