China
၂၀၂၅ ခုနှစ် ပထမ ခုနစ်လအတွင်း တရုတ်နိုင်ငံထုတ်ကားများ အင်ဒိုနီးရှား EV စျေးကွက် ဦးဆောင်

ဂျကာတာ၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ဇန်နဝါရီလမှ ဇူလိုင်လ အတွင်း တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား (EV) အမှတ် တံဆိပ်များ အင်ဒိုနီးရှား လျှပ်စစ်ကား စျေးကွက် ကို ဦးဆောင်ခဲ့ကြောင်း အင်ဒိုနီးရှားမော်တော်ကားလုပ်ငန်းအသင်း၏ သြဂုတ် ၁၃ ရက် က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
တရုတ်နိုင်ငံ ကားထုတ်လုပ်ရေး BYD သည် ပထမ ခုနစ်လအတွင်း ၁၆,၄၂၇ စီးရောင်းချခဲ့ပြီး စျေးကွက်ထိပ်ပိုင်းတွင် ရပ်တည်နိုင်ခဲ့သည်။ လူကြိုက်များသည့် M6 ၊Sealion 7 ၊ Atto 3၊ Seal နှင့် Dolphin တို့လို မော်တော်ယာဥ်များကြောင့် ယခုလို စွမ်းဆောင်မှု အားကောင်းခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်လ နှောင်းပိုင်းက BYD သည် GAIKINDO အင်ဒိုနီးရှား မော်တော်ကားပြပွဲတွင် ၎င်း၏ နောက်ဆုံးပေါ် မြို့တွင်းသုံးကားအသစ် Atto 1 ကို စတင်ရောင်းစျေး ရူပီး ၁၉၅ သန်း (အမေရိကန်ဒေါ်လာ ၁၂,၀၈၀ ဝန်းကျင်) မိတ်ဆက်ပြသခဲ့ရာ စိတ်ဝင်စားမှု များပြားခဲ့ကြောင်း သိရသည်။
ဒုတိယအဆင့်အနေဖြင့် BYD အုပ်စု ၏ ထပ်မံထုတ်လုပ်သည့်အမှတ်တံဆိပ် ပရီမီယံ Denza က ၆၂၅၆ စီး၊ တရုတ်နိုင်ငံမော်တော်ကား ထုတ်လုပ်သူ Wuling က ၆၂၁၀ စီး ရောင်းချနိုင်ခဲ့သည်။ Chery က ၅၁၉၆ စီး ရောင်းချရပြီး စတုတ္ထနေရာနှင့် Aion က ၃၁၂၆ စီးရောင်းချရပြီး ပဉ္စမနေရာ အသီးသီး ရရှိခဲ့ကြသည်။
ခြုံငုံကြည့်မည်ဆိုလျှင် အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း လျှပ်စစ်ကားရောင်းချရမှုမှာ အစီးရေ ၄၂,၁၇၈ စီး ရှိခဲ့ရာ ၂၀၂၄ ခုနှစ်အတွင်း စုစုပေါင်း ရောင်းချရမှု ဖြစ်သည့် ၄၃,၁၈၈ စီး နီးပါးအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားအစိုးရက ရုပ်ကြွင်းလောင်စာမှ သန့်ရှင်းသောစွမ်းအင်သို့ ပြောင်းလဲအသုံးပြုခြင်းဖြင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် ကတိပြုထားသည်။ (Xinhua)
…………………..
(English Version)
Chinese brands dominate Indonesia’s EV market in first seven months of 2025
JAKARTA, Aug. 14 (Xinhua) — Chinese electric vehicle (EV) brands dominated Indonesia’s EV market in the January-July period, according to data released Wednesday by the Association of Indonesia Automotive Industries (GAIKINDO).
Chinese automaker BYD topped the market in the first seven months, selling 16,427 units. Its strong performance was supported by popular models such as the M6, Sealion 7, Atto 3, Seal, and Dolphin. In late July, BYD launched its latest city car, the Atto 1, at the GAIKINDO Indonesia International Auto Show, attracting attention with a starting price of 195 million rupiahs (around 12,080 U.S. dollars).
In second place was BYD Group’s premium sub-brand Denza, with 6,256 units sold, followed by Chinese manufacturer Wuling with 6,210 units. Chery ranked fourth with 5,196 units, while Aion placed fifth with 3,126 units.
Overall, Indonesia’s electric car sales reached 42,178 units in the January-July period, almost matching the total annual sales in 2024 of 43,188 units.
The Indonesian government has pledged to cut carbon emissions by shifting from fossil fuels to clean energy.
Photo : Wuling Cloud EVs are displayed during a ceremony in Cikarang, West Java province, Indonesia, Nov. 27, 2024. (Xinhua/Zulkarnain)