Connect with us

China

ပထမ ၇ လတာအတွင်း တရုတ်နိုင်ငံ၏ ခရီးသည်တင် လေကြောင်းခရီးစဥ်စုစုပေါင်း သန်း ၄၄၀ ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရောက်ရှိနေသော China Eastern Airlines ၏ C919 jetliner လေယာဥ်တစ်စီးအား ၂၀၂၄ ခုနှစ် ဇွန် ၁ ရက်က တွေ့မြင်ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ခရီးသည်တင် လေကြောင်းခရီးစဥ်များမှာ ၂၀၂၅ ခုနှစ် ပထမခုနစ်လအတွင်း စုစုပေါင်း သန်း ၄၄၀ ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၅.၆ ရာခိုင်နှုန်း တိုးလာကြောင်း တရုတ်နိုင်ငံ အရပ်ဘက်လေကြောင်း စီမံခန့်ခွဲရေး (CAAC) မှ သြဂုတ် ၁၅ ရက်၌ ထုတ်ပြန်ခဲ့သော အချက်အလက်များက ဖော်ပြခဲ့သည်။
အဆိုပါပထမခုနစ်လတာအတွင်း အရပ်ဘက်လေကြောင်းကဏ္ဍ၏ ပို့ဆောင်မှုစုစုပေါင်း တန်ချိန် ကီလိုမီတာ ၉၃.၁၅ ဘီလီယံ ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလထက် ၁၁ ရာခိုင်နှုန်း တိုးလာခဲ့သည်။
ထိုကာလအတွင်း ကုန်စည်နှင့်စာပို့တန်ချိန် ၅ ဒသမ ၆၅ သန်းကျော်ကို လေကြောင်းဖြင့် ပို့ဆောင်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၄.၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
ဇူလိုင်လတစ်လတည်း၌ အရပ်ဘက်လေကြောင်းကဏ္ဍ၏ ပို့ဆောင်မှုစုစုပေါင်းမှာ ယမန်နှစ်ကာလတူထက် ၈.၆ ရာခိုင်နှုန်း တိုးလာပြီး တန်ချိန် ကီလိုမီတာ ၁၄.၈ ဘီလီယံ ရှိခဲ့ကြောင်း၊ ယင်းအနက် ခရီးသည်တင် လေကြောင်းခရီးစဉ်အရေအတွက်က ၃.၉ ရာခိုင်နှုန်း တိုးလာပြီး ၇၁.၈၂ သန်းရှိခဲ့ကာ ကုန်စည်နှင့်စာ ပို့ဆောင်မှုပမာဏကမူ တန်ချိန် ၈၆၇,၀၀၀ ရှိခဲ့ပြီး ၁၅.၃ ရာခိုင်နှုန်း တိုးလာကြောင်း CAAC ၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်လေကြောင်းလိုင်းများက လွန်ခဲ့သောလတွင် နိုင်ငံတကာလမ်းကြောင်းများဖြင့် ခရီးသည်တင် လေယာဥ်ခရီးစဥ်ပေါင်း ၇.၀၉ သန်းကို စံချိန်တင်ဆောင်ရွက်ခဲ့ကြောင်းနှင့် ယင်းမှာ ယမန်နှစ်ကာလတူထက် ၁၅.၇ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်းလည်း ၎င်းအချက်အလက်များအရ သိရသည်။ (Xinhua)
—————–
(English Version)
China’s air passenger trips total 440 mln in first 7 months

BEIJING, Aug. 15 (Xinhua) — China’s air passenger trips totaled 440 million in the first seven months of 2025, increasing 5.6 percent year on year, data from the Civil Aviation Administration of China (CAAC) showed on Friday.
The sector’s overall transportation turnover was 93.15 billion tonne-kilometers in the first seven months — up 11 percent from the same period in 2024.
More than 5.65 million tonnes of cargo and mail was transported by air during the period, which was up 14.7 percent year on year.
In July alone, the sector’s transportation turnover increased 8.6 percent year on year to 14.8 billion tonne-kilometers, its number of passenger trips increased 3.9 percent to 71.82 million, and its cargo and mail transportation volume rose 15.3 percent to come in at 867,000 tonnes, according to the CAAC.
The data also showed that Chinese airlines handled a record 7.09 million passenger trips on international routes last month — a year-on-year increase of 15.7 percent. ■

English Caption
A C919 jetliner of the China Eastern Airlines arrives at the Hong Kong International Airport in Hong Kong, south China, June 1, 2024. (Xinhua/Chen Duo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.