Connect with us

China

ရှင်းကျန်းဒေသထွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအား ဒူဘိုင်းသို့ လေယာဉ်ဖြင့် စတင်တင်ပို့

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယွိလီခရိုင်ရှိ ဝါရိတ်သိမ်းစက်တစ်စီးကို ဝေဟင်မှရိုက်ကူးထားသည့်ဓါတ်ပုံအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်ကတွေ့ရစဥ် (ဆင်ဟွာ)

ဝူးလူမုချီ၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့တော် ဝူးလူမုချီမှ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) ဒူဘိုင်းမြို့သို့ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအတွက် နိုင်ငံတကာကုန်တင်လေကြောင်းလမ်းကို သြဂုတ် ၁၆ ရက်က စတင်ခဲ့သည်။
ပထမဆုံးထွက်ခွာသွားသော ကုန်တင်လေယာဉ်ဖြင့် သခွားမွှေးသီး၊ ခရမ်းချဉ်သီးထွက်ကုန်၊ စပျစ်သီးနှင့် ပန်းသီးခြောက်တို့အပါအဝင် ရှင်းကျန်းဒေသထွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တန်ချိန် ၁၈ တန် ကျော် တင်ပို့နိုင်ခဲ့သည်။
ယခင်ကမူ ရှင်းကျန်းဒေသထွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို ရေကြောင်း၊ ကုန်းကြောင်းနှင့် မီးရထားကိုအသုံးပြု၍ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အဓိကတင်ပို့ရခြင်းကြောင့် ကုန်စည်တင်ပို့ချိန် ကြာမြင့်လွန်းခြင်း၊ ကုန်ပစ္စည်းလတ်ဆတ်မှုကို ထိန်းသိမ်းရန် ခက်ခဲခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု ရှင်းကျန်း သစ်သီးထုတ်လုပ်တင်ပို့ရေးလုပ်ငန်းအုပ်စုဥက္ကဋ္ဌ ကျူးစစ်ချန်က ရှင်းပြခဲ့သည်။
“လေယာဉ်နဲ့တင်ပို့ခြင်းကို တရားဝင်စတင်နိုင်ခဲ့တဲ့အတွက် ရှင်းကျန်းဒေသထွက် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်ထုတ်ကုန်တွေဟာ ဒူဘိုင်းကို ၆ နာရီနီးပါးအတွင်း တိုက်ရိုက်ရောက်ရှိတော့မှာပါ” ဟု ဥက္ကဋ္ဌ ကျူးက ပြောကြားခဲ့သည်။
“ရှင်ကျန်းဒေသထွက် သစ်သီး၀လံနဲ့ ဟင်းသီးဟင်းရွက်ထုတ်ကုန်တွေက ပြည်ပဖောက်သည်နဲ့ ဝယ်လက်တွေရဲ့ စိတ်ဝင်စားမေးမြန်းမှုကို ကျယ်ကျယ်ပြန့်ပြန့်ရရှိနေတာပါ။ လတ်ဆတ်မှုအရည်အသွေးကို ထိန်းထားနိုင်မယ်ဆိုရင် လေယာဉ်နဲ့တင်ပို့ခြင်းကနေ သိသာတဲ့အကျိုး အမြတ်ရဖို့ အလားအလာရှိပါတယ်” ဟု ဥက္ကဋ္ဌ ကျူးက ထပ်လောင်းပြောကြားခဲ့သည်။
ရှင်းကျန်းဒေသထွက် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များကို ထိုင်း၊ ကာဇက်စတန်နှင့် ရုရှားအပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်သို့ တင်ပို့နေခြင်းဖြစ်ကာ အရှေ့တောင်အာရှ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပနိုင်ငံများသို့ လေယာဉ်ဖြင့်တင်ပို့နိုင်ရေးကိုလည်း ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိသည်။ (Xinhua)


………………………
(English Version)
Xinjiang launches direct air cargo route for fruits, vegetables to Dubai
URUMQI, Aug. 17 (Xinhua) — An international air cargo route for fruits and vegetables was launched on Saturday from Urumqi, capital of northwest China’s Xinjiang Uygur Autonomous Region, to Dubai, the United Arab Emirates.
The inaugural cargo flight transported over 18 tonnes of produce from Xinjiang, including melons, tomato products, grapes and dried apples.
Previously, fruits and vegetables from Xinjiang were mainly transported to the Middle East by sea, land and rail, leading to long transit times and difficulties in maintaining freshness, according to Zhu Shiqiang, chairman of Xinjiang Fruit Industry Group.

“With the official launch of the route, fruits and vegetables from Xinjiang can now reach Dubai directly in about six hours,” Zhu said.
“Xinjiang’s fruits and vegetables are highly sought after by overseas consumers. As long as quality is ensured, air transport still holds considerable profit potential,” Zhu added.
So far, Xinjiang’s agricultural products have been exported to over 10 countries and regions, including Thailand, Kazakhstan and Russia. New air cargo routes for fruits and vegetables are also planned for Southeast Asia, Japan, the Republic of Korea and Europe.
Photo:
This aerial photo taken on Oct. 22, 2023 shows a machine harvesting cotton in Yuli County, northwest China’s Xinjiang Uygur Autonomous Region. (Xinhua/Li Xiang)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.