Connect with us

China

လူကြိုက်များ တရုတ်အန်နီမေးရှင်းရုပ်ရှင် “Ne Zha 2” ‌ဂျော်ဒန်နိုင်ငံတွင် ပထမအကြိမ် ပြသ

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပထမဆုံးအကြိမ် ပြသသည့် "Ne Zha 2" ရုပ်ရှင်ပိုစတာ‌‌ရှေ့တွင် ယောကျ်ားလေးတစ်ဦး ဓာတ်ပုံရိုက်နေသည်ကို ၂၀၂၅ ခုနှစ် မေ ၂၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အမ်မန်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
လူကြိုက်များ တရုတ်အန်နီမေးရှင်းရုပ်ရှင် “Ne Zha 2″ကို လေးကြိမ်‌မြောက် ဂျော်ဒန် ကလေးများရုပ်ရှင်ပွဲတော် တွင် ပထမဆုံးအဖြစ် သြဂုတ် ၁၈ ရက် ညနေ၌ ပြသခဲ့ကြောင်းသိရသည်။
အမ်မန်မြို့ရှိ တရုတ်ယဥ်ကျေးမှုစင်တာနှင့် တော်ဝင်ရုပ်ရှင်ကော်မရှင်တို့ ပူးပေါင်းစီစဥ်သည့် အဆိုပါပွဲသို့ တာဝန် ရှိသူများ၊အနုပညာရှင်များနှင့် ဒေသလူမှုဖူလုံရေးအသင်းအဖွဲ့များမှ ကလေး ရာနှင့်ချီ ပါဝင်ခဲ့ကြကြောင်း သိ ရသည်။
ဂျော်ဒန် ယဥ်ကျေးမှုဝန်ကြီးဌာန အတွင်းရေးမှူးချုပ် Nedal Al Ahmad က ဂျော်ဒန်နှင့် တရုတ်နိုင်ငံတို့အကြား ယဥ်ကျေးမှုဆက်ဆံရေးသည် ကာလရှည်ကြာ စဥ်ဆက်မပြတ် တည်ရှိလျက်ရှိကြောင်း ပြောကြားခဲ့သည်။ အသိအမြင်ကျယ်ပြန့်လာစေမည့် မတူညီသည့် ယဥ်ကျေးမှုများကို ထိတွေ့ရခြင်းကြောင့် ယခု အန်နီမေးရှင်း ရုပ်ရှင်ဇာတ်ကား သည် ‌ဂျော်ဒန်ကလေးများအတွက် အမှတ်တရရှိနေမည့်နည်းလမ်းဖြင့် တရုတ်ယဥ်ကျေးမှုကို တွေ့ထိ ခံစားရစေနိုင်မည်ဟု ၎င်းက ပြောကြားခဲ့သည်။
တော်ဝင်ရုပ်ရှင်ကော်မရှင် ဒါရိုက်တာ Mohannad Bakri က “ ဒီဇာတ်လမ်းက ဖျော်ဖြေရေး သာမက ကျွန်တော် တို့ တစ်ဦးနဲ့တစ်ဦး ဘယ်လောက်တူညီကြတယ်ဆိုတာကိုပါ ပြသနေပါတယ် “ ဟု ပြောကြားခဲ့သည်။
‌ပြည်တွင်းပရိသတ်များ နားလည်မှုပိုမိုကောင်းမွန်စေရန် ဒေသခံသရုပ်ဆောင်များ၏အသံဖြင့် တင်ဆက်ခဲ့သည့် ရုပ်ရှင်ဇာတ်ကားကို အာရပ်စကားပြောဖြင့် ပြသခဲ့ခြင်းဖြစ်သည်။
ပွဲဦးထွက်ပြသခဲ့သည့် အန်နီမေးရှင်းဇာတ်ကား “Ne Zha 2” ကို ပရိသတ်များ ပိုမိုကြည့်ရူနိုင်စေရန် ဂျော်ဒန်နိုင်ငံရှိ ရုပ်ရှင်ရုံများတွင်လည်း ပြသသွားမည်ဖြစ်ပြီး ခေတ်ပေါ်တရုတ်အန်နီမေးရှင်းရုပ်ရှင်ဇာတ်ကား ကို မြည်းစမ်းနိုင် မည့် အခွင့်အရေး ရရှိမှာဖြစ်ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းတွင် “Ne Zha 2” ဇာတ်ကားသည် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံကျော် ရရှိထားပြီး သမိုင်းတွင် ဝင်‌ငွေအကောင်းဆုံး အန်နီမေးရှင်းရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်ခဲ့သည်။ (Xinhua)
……………………..
(English Version)
Chinese animated blockbuster “Ne Zha 2” debuts in Jordan
AMMAN, Aug. 19 (Xinhua) — The Chinese animated blockbuster “Ne Zha 2” made its first screening in Jordan on Monday evening as part of the 4th Jordan Children’s Film Festival.
The event, co-hosted by the China Cultural Center in Amman and the Royal Film Commission, drew officials, cultural figures, and hundreds of children from local welfare institutions.
Nedal Al Ahmad, Jordan’s secretary-general of the Culture Ministry, said that cultural ties between Jordan and China are “long and continuous.” He said exposure to diverse cultures broadens knowledge, noting that the film will help Jordanian children experience Chinese culture in a memorable way.
Royal Film Commission Director Mohannad Bakri said, “Perhaps the story of this film is not only about entertainment, but also about showing how similar we are to each other.”
The screening featured an Arabic-dubbed version, performed by regional voice actors to better connect with local audiences.
Following the debut, “Ne Zha 2” will be released in Jordanian cinemas, providing a broader audience with the opportunity to enjoy contemporary Chinese animation.
Globally, “Ne Zha 2” has grossed over 2.1 billion U.S. dollars, ranking among the highest-earning animated films in history.
Photo : A boy poses for a photo in front of a poster of “Ne Zha 2” after a media premiere in Moscow, Russia, May 25, 2025. (Xinhua/Meng Jing)