Connect with us

China

တရုတ်အစားအစာ ပို့ဆောင်ရေး ပလက်ဖောင်း Keeta က ကာတာတွင် လုပ်ငန်းစတင်

ကာတာနိုင်ငံ မြို့တော်ဒိုဟာအား ၂၀၂၂ ခုနှစ် ဇွန် ၁၄ ရက်က တွေ့မြင်ရစဥ် (ဆင်ဟွာ)

ဒိုဟာ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)
အော်ဒါမှာယူမှုများအား ပို့ဆောင်ရေး တရုတ်ကုမ္ပဏီ Meituan ၏ နိုင်ငံတကာကုမ္ပဏီခွဲ Keeta က ၎င်း၏ ဝန်ဆောင်မှုများကို ကာတာနိုင်ငံတွင် သြဂုတ် ၁၉ ရက်၌ တရားဝင် စတင်ခဲ့ပြီး ယင်းမှာ ၎င်းကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းတိုးချဲ့မှု မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းအဖြစ် ပင်လယ်ကွေ့နိုင်ငံ ကာတာသို့ ဝင်ရောက်လာခြင်းလည်း ဖြစ်သည်။
Keeta ကုမ္ပဏီက ဝယ်သူများထံ ပိုမိုရောက်ရှိစေရန် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် လက်တွဲဆောင်ရွက်နေသည့်အပြင် လက်လှမ်းမီကာ ယုံကြည်စိတ်ချရသော ပို့ဆောင်ရေးဝန်ဆောင်မှုများကို ပေးဆောင်ခြင်းဖြင့် ကာတာနိုင်ငံ၏ ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်ကို ပံ့ပိုးကူညီရန် ကြိုးစားနေကြောင်း Keeta Qatar ၏ အထွေထွေမန်နေဂျာ ဂျိန်းလျိုက ပြောကြားခဲ့သည်။
“ကာတာနိုင်ငံရဲ့ အားရဖွယ်ရာ အစားအစာယဉ်ကျေးမှုကြောင့်သာမက ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုနဲ့ နေ့စဉ်အဆင်ပြေစေဖို့ ရှေးရှုတဲ့ မျှော်မှန်းချက်ကြောင့် ကာတာဟာ ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ စျေးကွက်တစ်ခုပါ” ဟု လျိုက ပြောကြားခဲ့ပြီး “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အစားအစာတွေ ဝန်ဆောင်ပေးရုံသာမကဘဲ ကာတာရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုမိုကျယ်ပြန့်လာစေဖို့အတွက်ပါ ပံ့ပိုးကူညီဖို့ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
Meituan ကုမ္ပဏီ၏ထုတ်ပြန်ချက်အရ ၎င်း၏နည်းပညာမှာ နေ့စဥ်အော်ဒါမှာယူမှုပေါင်း သန်း ၁၅၀ ကျော်ကို ဝန်ဆောင်ပေးလျက်ရှိပြီး ကမ္ဘာတစ်ဝန်း သုံးစွဲသူ သန်း ၇၇၀ ကျော်အတွက် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
———————-
(English Version)
Chinese food delivery platform Keeta launches in Qatar

DOHA, Aug. 19 (Xinhua) — Keeta, the international subsidiary of Chinese on-demand delivery company Meituan, officially launched its services in Qatar on Tuesday, marking the company’s entry into the Gulf state as part of its global expansion strategy.
Jane Liu, general manager of Keeta Qatar, said the company seeks to support Qatar’s Vision 2030 by offering accessible and reliable delivery services, while also working with local businesses to reach more customers.
“Qatar is a market of immense importance to us, not only because of its vibrant food culture but also because of its forward-looking vision for digital innovation and everyday convenience,” said Liu, adding that “our ambition is to not only serve meals but to support the broader growth of Qatar’s digital economy.”
According to Meituan, its technology processes more than 150 million daily peak orders and serves over 770 million users worldwide. ■

English Caption
Photo taken on June 14, 2022 shows the cityscape of Doha, capital of Qatar. (Xinhua/Wang Dongzhen)