China
မကာအို၌ ဒုတိယအကြိမ် နိုင်ငံတကာဇာတ်လမ်းတိုရုပ်ရှင်ပွဲတော် စက်တင်ဘာတွင် ပြုလုပ်မည်

မကာအို၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
ဒုတိယအကြိမ် မကာအို နိုင်ငံတကာဇာတ်လမ်းတိုရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၁၄ ရက်မှ ၂၁ ရက်အထိ တရုတ်နိုင်ငံ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) တွင် ပြုလုပ်မည်ဖြစ်ပြီး ဇာတ်လမ်းတို ရုပ်ရှင် ဖလှယ်ခြင်းနှင့်ပြသခြင်းများအတွက် နိုင်ငံတကာပလက်ဖောင်းတစ်ခု ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း စီစဥ်သူများက သြဂုတ် ၁၉ ရက် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။
ရုပ်ရှင်ပွဲတော်တွင် “Macao Shorts” ၊ “New Voices from Horizon” ၊ “Director in Focus” ၊ “East Asia Panorama” နှင့် “Special Screenings” အပါအဝင် ကဏ္ဍများစွာ ထည့်သွင်းစီစဥ်ထားပြီး အကောင်းဆုံး ဇာတ်လမ်းတိုဆု၊ အကဲဖြတ်အဖွဲ့၏အထူးဆု၊ အကောင်းဆုံးဒါရိုက်တာဆုနှင့် ဇာတ်ကြောင်းပြောအဆန်းသစ်ဆုံးဆုများ တရားဝင် ယှဥ်ပြိုင်မှု ဆုလေးခု ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။
စီစဥ်သူတစ်ဦးဖြစ်သည့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) အစိုးရ ယဥ်ကျေးမှုဌာန ဥက္ကဋ္ဌ လျန်ဟွေ့မင်က မကြာသေးမီနှစ်များအတွင်း SAR အစိုးရသည် ရုပ်ရှင်နှင့်ရုပ်မြင်သံကြားလုပ်ငန်းဖွံဖြိုးတိုးတက်မှု မြှင့်တင်ရေး တက်ကြွစွာ လှုံ့ဆော်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ရုပ်ရှင်ပွဲတော်မှတစ်ဆင့် ဇာတ်လမ်းတို ရုပ်ရှင် များသည် မကာအိုကို ကမ္ဘာ့ရုပ်ရှင်ဖန်တီးနိုင်မှုဗဟိုချက်၏ ကြားခံနယ်အဖြစ် တဖြည်းဖြည်းတည်ထောင်သွားနိုင် ရန် ထမ်းဆောင်ပေးနိုင်ရန်မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုပ်ရှင်ပွဲတော်တွင် ပညာရှင်အလုပ်ရုံဆွေးနွေးပွဲများနှင့် ရုပ်ရှင်လုပ်ငန်းဆိုင်ရာဆွေးနွေးပွဲများလည်း စီစဥ်သွား မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)
………………………
(English Version)
Macao SAR to host 2nd int’l short film festival in September
MACAO, Aug. 19 (Xinhua) — The 2nd Macao International Short Film Festival will take place from Sept. 14 to 21 in China’s Macao Special Administrative Region (SAR), providing an international platform for short film exchange and screenings, organizers said on Tuesday at a press conference.
The festival features several sections, including “Macao Shorts,” “New Voices from Horizon,” “Director in Focus,” “East Asia Panorama,” and “Special Screenings.” The official competition presents four awards, which are Best Short Film, Jury Special Mention, Best Director, and the Innovative Storytelling Award.
Leong Wai Man, president of the Cultural Affairs Bureau of the Macao SAR government, one of the organizers, said in a speech that in recent years, the SAR government has been actively promoting the development of the film and television industry. She expressed hope that, through the festival, short films can serve as “a medium to gradually establish Macao as a global exchange hub for visual creativity.”
The festival also features professional workshops and industry panels.
Photo : Aerial photo taken on July 29, 2020 shows the morning view of Macao Peninsula in south China. (Xinhua/Cheong Kam Ka)