China
တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ကမ္ဘာ့ဇီဝဆေးကုမ္ပဏီများ ကြိုဆိုကြောင်း တရုတ်ဒုသမ္မတ ပြောကြား

ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
Novo Nordisk အပါအဝင် ကမ္ဘာ့ဇီဝဆေးကုမ္ပဏီများက တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ကြိုဆိုကြကြောင်း တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်က Novo Nordisk ဆေးကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌ Helge Lund နှင့် တွေ့ဆုံစဥ် ဩဂုတ် ၂၀ ရက်၌ ပြောကြားခဲ့သည်။
နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် အဆင့်မြင့်တံခါးဖွင့်လှစ်မှုတို့အား အဆက်မပြတ်နက်ရှိုင်းစေခြင်းဖြင့် တရုတ်နိုင်ငံက Novo Nordisk အပါအဝင် ကမ္ဘာတစ်ဝန်းမှ စီးပွားရေးလုပ်ငန်းများအတွက် အလွန်ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဟန်က ပြောကြားခဲ့သည်။
ပြည်သူများ၏ ကျန်းမာရေးကို အဓိကဦးစားပေးသည့် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးအခြေခံကျန်းမာရေးစောင့်ရှောက်မှုအာမခံကွန်ရက်ကို တည်ဆောက်ထားပြီး ၎င်း၏ ပျမ်းမျှသက်တမ်းမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် Novo Nordisk နှင့် အခြားကမ္ဘာ့ထိပ်တန်းဇီဝဆေးကုမ္ပဏီများကို ကြိုဆိုကြောင်းလည်း ဟန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုတို့ မကြာသေးမီနှစ်များတွင်း အောင်မြင်မှုများစွာ ရရှိလာကြောင်း၊ ၎င်းတို့ကုမ္ပဏီ၏ တရုတ်ဈေးကွက်ကို ပိုမိုပျိုးထောင်သွားမည်ဖြစ်ကာ တရုတ်တွင် ရင်းနှီးမြှုပ်နှံမှုချဲ့ထွင်မည်ဖြစ်ပြီး နှစ်ဖက်စလုံးအတွက် ရလဒ်ကောင်းများ ရရှိစေမည်ဖြစ်ကြောင်း Lund ကလည်း ပြောကြားခဲ့သည်။ (Xinhua)
—————–
(English Version)
Global biomedical giants are welcome to enhance cooperation with China: Chinese VP
BEIJING, Aug. 20 (Xinhua) — Global biomedical companies, including Novo Nordisk, are welcome to step up cooperation with China, Chinese Vice President Han Zheng said on Wednesday when meeting with Helge Lund, chair of the company’s board of directors.
By continuously deepening its reform and expanding its high-level opening-up, China will provide huge development opportunities for enterprises from all over the world, including Novo Nordisk, Han said.
China prioritizes its people’s health. It has built the world’s largest basic health care insurance network and its average life expectancy continues to rise, Han said, welcoming Novo Nordisk and other leading biomedical companies to step up cooperation with China.
Lund spoke highly of the achievements China’s economic and social development has seen in recent years, stating that the company will cultivate the Chinese market further, expand investment in China and achieve win-win results. ■
English Caption
A staff member works at a workshop of Novo Nordisk (China) Pharmaceutical Co., Ltd. in Tianjin, north China, Sept. 22, 2022. (Xinhua/Li Ran)