China
ဘေနာ၏ ဒဏ်ရာက အက်သလက်တီကိုမက်ဒရစ်နှင့် စပိန်အတွက် ဆုတ်ယုတ်မှုဖြစ်စေ

မက်ဒရစ်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
နွေရာသီတွင် ခေါ်ယူခဲ့သည့် အဲလက်စ် ဘေနာက ကြွက်သားဒဏ်ရာကြောင့် စက်တင်ဘာလအထိ အနားယူရဖွယ်ရှိသဖြင့် အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ဒဏ်ရာကြောင့် ဆုတ်ယုတ်မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ဗီလာရီးရဲလ်မှ ပြောင်းရွှေ့ကြေးအများအပြားဖြင့် ရောက်ရှိလာသည့် တောင်ပံကစားသမား ဘေနာက ဩဂုတ် ၂၀ ရက်၌ လေ့ကျင့်ရေးအချိန်တွင် အဆင့်နိမ့် ကြွက်သားဒဏ်ရာ ရရှိခဲ့ကြောင်း အက်သလက်တီကိုမက်ဒရစ်အသင်းက ကြေညာခဲ့သည်။
ယင်းမှာ ဘေနာက လောလောလတ်လတ် အဆင့်တက်သွားသည့် အယ်လ်ချီအသင်းနှင့် လာမည့်သီတင်းပတ်တွင် ကစားမည့် အိမ်ကွင်းပွဲစဥ်နှင့် ယင်းနောက် သီတင်းပတ်၌ Deportivo Alaves အသင်းနှင့် ယှဥ်ပြိုင်ကစားမည့် အဝေးကွင်းပွဲစဉ်တို့ကို လွဲချော်ဖွယ်ရှိမည်ဖြစ်သည်။ ဘေနာက လာမည့်စက်တင်ဘာ ၄ ရက်နှင့် ၇ ရက်တို့တွင် ဘူလ်ဂေးရီးယား၊ တူရကီတို့နှင့်ကစားမည့် စပိန်ကမ္ဘာ့ဖလားခြေစစ်ပွဲ အဝေးကွင်းပွဲစဥ်များအတွက်လည်း ကြီးကြီးမားမားသံသယဖြစ်ဖွယ်ရှိနေသည်။
အက်သလက်တီကိုအသင်းနှင့် ဘေနာ၏အသင်းဟောင်း ဗီလာရီးရဲလ်အသင်းတို့ ယှဥ်ပြိုင်ကစားမည့် စပိန်လာလီဂါပြိုင်ပွဲက နိုင်ငံတကာအားလပ်ရက်ပြီးနောက် ပြန်လည်မစတင်မီ ဘေနာ အချိန်မီ ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ရသည်။
အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်နီမှာ ဘေနာ၏ နေရာကို ဖြည့်တင်းရန် ရွေးချယ်စရာများစွာရှိသည်။ ဂျူလီယန် အဲလ်ဗရက်ဇ်အား ပိုမိုနက်ရှိုင်းသော အခန်းကဏ္ဍတွင် နေရာချဖွယ်ရှိသဖြင့် အယ်လ်ချီနှင့် ပွဲစဥ်၌ အလက်ဇန်းဒါး ဆာလော့အား စတင်ရွေးချယ်ဖွယ်ရှိကာ မကြာသေးမီက ခေါ်ယူထားသော ဂျီယာကိုမို ရက်စ်ပါဒိုရီကိုလည်း အခွင့်အရေး ပေးဖွယ်ရာရှိသည်။ အက်စ်ပန်ညိုအသင်းအား ရှုံးနိမ့်ခဲ့သည့်၊ အက်သလက်တီကို၏ အဖွင့်နေ့ အဝေးကွင်းရှုံးပွဲ၌ အီတလီကစားသမား ရက်စ်ပါဒိုရီက လူစားထိုး ဝင်ကစားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Baena injury setback for Atletico Madrid and Spain
MADRID, Aug. 21 (Xinhua) — Atletico Madrid has suffered an injury setback with the news that summer signing Alex Baena is sidelined until September due to a muscle injury.
The club announced that the winger, who arrived from Villarreal in a big-money move, suffered a “low grade muscle injury” during Wednesday’s training session.
That means he will miss next weekend’s home match against newly promoted Elche and the following weekend’s away match against Deportivo Alaves. Baena is also a major doubt for Spain’s forthcoming World Cup qualifying matches away to Bulgaria and Turkiye on September 4 and 7, respectively.
Baena is expected to recover in time for La Liga’s resumption after the international break, with Atletico scheduled to face his former club Villarreal.
Atletico coach Diego Simeone has several options to fill Baena’s spot in the starting lineup. He may choose to start Alexander Sorloth against Elche, with Julian Alvarez dropping into a deeper role, or he could give recent signing Giacomo Raspadori a chance, following the Italian’s substitute appearance in Atletico’s opening day defeat away to Espanyol. ■
English Title
Jules Kounde(L) of Barcelona vies with Alejandro Baena of Villarreal during a Spanish La Liga football match between Villarreal CF and Barcelona in Villarreal, Spain, Feb. 12, 2023. (Str/Xinhua)