Connect with us

China

တရုတ်နိုင်ငံမှ Lin နှင့် Sun တို့အား ၂၀၂၅ WTT China Smash ပြိုင်ပွဲတွင် ချန်ပီယံဖြစ်နိုင်ခြေအဆင့် ၁ ရှိသူများအဖြစ် သတ်မှတ်

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပခဲ့သည့် ၂၀၂၄ ကမ္ဘာ့စားပွဲတင်တင်းနစ် (WWT) China Smash ပြိုင်ပွဲ၏ အမျိုးသား တစ်ဦးချင်းချန်ပီယံ Lin Shidong (ဘယ်) နှင့်အမျိုးသမီးတစ်ဦးချင်း ချန်ပီယံ Sun Yingsha တို့အား ၂၀၂၄ အောက်တိုဘာ ၆ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ် (WTT) China Smash ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်(၁) စားပွဲတင် တင်းနစ်အားကစားသမားများဖြစ်သည့် တရုတ်နိုင်ငံကိုယ်စားပြု Lin Shidong နှင့် Sun Yingsha တို့က ချန်ပီယံဖြစ်နိုင်ခြေအမြင့်ဆုံးရှိသည့်ကစားသမားများအဖြစ်ရပ်တည်နေကြောင်း သြဂုတ် ၂၀ ရက်က ထုတ်ပြန်မှုအရ သိရသည်။
၂၀၂၅ WTT China Smash ပြိုင်ပွဲကို လာမည့်စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၅ ရက်အထိ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ အနောက်ဘက်ရှိ Shougang Park တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ပြိုင်ပွဲဝင်ကစားသမား မှတ်ပုံတင်မှုနောက်ဆုံးရက်၌ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲအတွက် ချန်ပီယံဖြစ်နိုင်ခြေအဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ရာ Lin နှင့် ၎င်း၏တစ်နယ်တည်းသားချင်းကစားဖော် Wang Chuqin တို့က ချန်ပီယံဖြစ်နိုင်ခြေအရှိဆုံး ထိပ်ဆုံး ကစားသမား ၂ ဦးအဖြစ် သတ်မှတ်ခံရပြီး ၎င်းတို့နောက်တွင် ဘရာဇီးမှ ဟူဂိုကယ်လ်ဒါရာနိုနှင့်ဂျပန်မှ တိုမိုကာဇူဟာရီမိုတို့က အစဉ်လိုက်ရပ်တည်ခဲ့ကာ တရုတ်နိုင်ငံမှ Liang Jingkun က ချန်ပီယံဖြစ်နိုင်ခြေ ပဉ္စမအဆင့်ရှိသူအဖြစ် သတ်မှတ်ခံခဲ့ရသည်။
အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲအတွက် ချန်ပီယံဖြစ်နိုင်ခြေအဆင့်သတ်မှတ်ချက်တွင်လည်း တရုတ်နိုင်ငံမှ ကစားသမား ၅ ဦးဖြစ်သည့် Sun၊ Wang Manyu၊ Chen Xingtong၊ Kuai Man နှင့် Wang Yidi တို့က
ထိပ်ဆုံးအဆင့် ၅ နေရာစလုံးကို ရရှိခဲ့ကြောင်းသိရသည်။
WTT China Smash ပြိုင်ပွဲကို ပေကျင်းမြို့တွင် ၂၀၂၈ ခုနှစ်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်အား ၂၀၂၄ ခုနှစ် မတ်လက အပ်နှင်းခံခဲ့ရသလို ၂၀၂၄ ခုနှစ်က ၁၁ ရက်ကြာကျင်းပခဲ့သည့် ပြိုင်ပွဲတွင်လည်း အားပေးကြည့်ရှုသူပေါင်း ၇၃,၀၀၀ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)
………………………..
(English Version)
China’s Lin, Sun lead 2025 WTT China Smash entry list
BEIJING, Aug. 20 (Xinhua)
World No. 1 paddlers Lin Shidong and Sun Yingsha of China headline the entry list for the 2025 World Table Tennis (WTT) China Smash, announced Wednesday.
The 2025 WTT China Smash will be held in Shougang Park, in Beijing’s western suburbs, from September 25 to October 5. As of the registration deadline, Lin and his compatriot Wang Chuqin ranked top two in the men’s singles, followed by Hugo Calderano of Brazil and Japan’s Tomokazu Harimoto, while China’s Liang Jingkun sits fifth.
Chinese paddlers fill the top five positions in the women’s singles rankings – Sun, Wang Manyu, Chen Xingtong, Kuai Man and Wang Yidi.

In March 2024, Beijing was awarded hosting rights for the WTT China Smash until 2028. Nearly 73,000 attended the 11-day tournament in 2024.
Photo:
Men’s singles winner Lin Shidong (L) of China and women’s singles winner Sun Yingsha of China pose at 2024 World Table Tennis (WTT) China Smash in Beijing, China, Oct. 6, 2024. (Xinhua/Ju Huanzong)