Connect with us

China

တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ်က ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံးက ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ဥက္ကဋ္ဌ အဗ္ဗဒူလာအယ်မန်ဒို့စ်အား ၂၀၂၅ ခုနှစ် သြဂုတ် ၂၇ ရက်က လက်ခံတွေ့ဆုံခဲ့စဥ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံးက ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်(WMO) ဥက္ကဋ္ဌ အဗ္ဗဒူလာ အယ်မန်ဒို့စ်အား ပေကျင်းမြို့၌ သြဂုတ် ၂၇ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် လျိုက တရုတ်နိုင်ငံ အနေဖြင့် WMO နှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂမှ လှုံ့ဆော်ဆောင်ရွက်နေသည့် လူသားအားလုံးအတွက် ကြိုတင်သတိပေးမှု စနစ်ကို အများပြည်သူ ပိုမိုကျယ်ပြန့်စွာသိရှိနိုင်ရန်နှင့် တက်တက်ကြွကြွတုံ့ပြန်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။ အလားတူ ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသ စီမံခန့်ခွဲမှုတွင် WMO၏ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားနေမှုအပေါ် တရုတ်နိုင်ငံမှ ထောက်ခံပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မိုးလေဝသဆိုင်ရာ စောင့်ကြည့်သတိပေးမှုစနစ်များ အရည်အသွေး မြင့်မားတိုးတက်လာစေရန် တရုတ်နိုင်ငံမှ ပိုမိုထိရောက်စွာ အထောက်အပံ့ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံးက ဆက်လက်ပြောကြားခဲ့သည်။
WMO ဥက္ကဋ္ဌ အယ်မန်ဒို့စ်ကလည်း မိုးလေဝသအကြောင်းရင်းခံများကို စောင့်ကြည့်စစ်ဆေးသည့် နယ်ပယ်မှ တရုတ်နိုင်ငံ၏တိုးတက်အောင်မြင်မှုများကို အလေးထားချီးကျူးခဲ့သည်။ ထို့အတူ မိုးလေဝသနယ်ပယ်တွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဖလှယ်မှုများအား နက်နက်ရှိုင်းရှိုင်းပြုလုပ်ရန် မျှော်လင့်ထားသည်ဟု အယ်မန်ဒို့စ်က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
Chinese vice premier meets WMO president
BEIJING, Aug. 27 (Xinhua) — Chinese Vice Premier Liu Guozhong met with Abdulla Al Mandous, president of the World Meteorological Organization (WMO), on Wednesday in Beijing.
Liu, also a member of the Political Bureau of the Communist Party of China Central Committee, said that China will continue strengthening cooperation with the WMO, and actively respond to and promote the United Nations’ Early Warnings for All initiative. China will also support the WMO in playing an important role in global meteorological governance, and in making greater contributions to advancing the high-quality development of meteorological undertakings in developing countries.
Al Mandous spoke highly of China’s achievements in the development of meteorological cause, and said that he looks forward to deepening exchange and cooperation in the field of meteorology with China.
Photo:
Chinese Vice Premier Liu Guozhong, also a member of the Political Bureau of the Communist Party of China Central Committee, meets with Abdulla Al Mandous, president of the World Meteorological Organization (WMO), in Beijing, capital of China, Aug. 27, 2025. (Xinhua/Yue Yuewei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.