China
တရုတ်နိုင်ငံ၏ Long March-12 ဒုံးပျံက အင်တာနက် ဂြိုဟ်တုအသစ်များ လွှတ်တင်

ဝန်ချန်း ၊ ဟိုင်နန်၊ တရုတ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် Long March-12 သယ်ဆောင်ရေးဒုံးပျံကို သြဂုတ် ၄ ရက်တွင် လွှတ်တင်ခဲ့ကာ အင်တာနက် ဂြိုဟ့တုအုပ်စုတစ်စုကို အာကာသထဲသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဒုံးပျံကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဟိုင်နန် စီးပွားဖြစ်အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၁ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ပတ်လမ်းနိမ့် အင်တာနက်ဂြိုဟ်တုများ၏ သတ္တမမြောက်အုပ်စု၊ ကုန်ပစ္စည်းများကို သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းထဲသို့ အောင်မြင်စွာ နေရာချထားခဲ့သည်။
အဆိုပါပစ်လွှတ်မှုသည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံများ၏ ၅၈၇ ကြိမ်မြောက် မစ်ရှင်ဖြစ်ကြောင်း လွှတ်တင်ရေးစခန်း၏ အဆိုအရ သိရသည်။
ယင်းမှာ Long March-12 ဒုံးပျံ၏ ဒုတိယအကြိမ်မြောက် ပျံသန်းမှုလည်း ဖြစ်သည်။
ရှန်ဟိုင်းအာကာသပျံသန်းရေးနည်းပညာအကယ်ဒမီမှ တီထွင်ထားသည့် Long March-12 ဒုံးပျံသည် ၎င်း၏ ပထမဆုံးပျံသန်းမှုကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်ခဲ့သည်။
၎င်းသည် တရုတ်နိုင်ငံ၏ စီးပွားဖြစ်ဒုံးပျံများ၏ ကျောရိုးမဏ္ဍိုင်ဖြစ်ပြီး ကီလိုမီတာ ၇၀၀ ရှည်လျားသော နေ-ချိန်ကိုက် ပတ်လမ်းကြောင်းတွင် ၆ တန်ထက်မနည်းနှင့် ဂြိုဟ်ပတ်လမ်းကြောင်းနိမ့်တွင် ၁၂ တန်ထက်မနည်း သယ်ဆောင်ရန် ဒီဇိုင်းထုတ်ထားသည်။ ၎င်းသည် နိုင်ငံ၏ အာကာသသို့ ဝင်ရောက်နိုင်မှုစွမ်းရည် မြှင့်တင်ရန်နှင့် အနာဂတ် ဂြိုဟ်တုကွန်ရက်ချိတ်ဆက်ခြင်းဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
အသစ်လွှတ်တင်လိုက်သော ဂြိုဟ်တုများကို ပေကျင်းအခြေစိုက် စီးပွားဖြစ်အာကာသကုမ္ပဏီ GalaxySpace က ထုတ်လုပ်ခဲ့သည်။ ၎င်းကုမ္ပဏီက အဆိုပါဂြိုဟ်တုအားလုံးကို ကုမ္ပဏီ၏စမတ်စက်ရုံတွင် ထုတ်လုပ်ခဲ့ကြောင်း၊ ၎င်းစမတ်စက်ရုံတွင် တီထွင်ထုတ်လုပ်မှုစက်ဝန်းကို သိသိသာသာလျှော့ချပေးသည့် ဒစ်ဂျစ်တယ်ထုတ်လုပ်မှုစနစ်များနှင့် ပြည့်စုံသော အလိုအလျောက် စမ်းသပ်မှုစနစ်များကဲ့သို့ အဆင့်မြင့်ဆော့ဖ်ဝဲပလက်ဖောင်းများနှင့် ဉာဏ်ရည်ထက်မြက်သော တပ်ဆင်ရေးစက်ရုပ်များကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ (Xinhua)
…………………
(English Version)
China’s Long March-12 rocket launches new internet satellites
WENCHANG, Hainan, Aug. 4 (Xinhua) — China launched a Long March-12 carrier rocket on Monday, sending a group of internet satellites into space.
The rocket lifted off at 6:21 p.m. from the Hainan commercial spacecraft launch site in the southern island province of Hainan. It successfully placed the payloads, the seventh group of low-orbit internet satellites, into preset orbit.
The launch marked the 587th mission of the Long March series carrier rockets, according to the launch site.
It was also the second flight of the Long March-12 rocket.
Developed by the Shanghai Academy of Spaceflight Technology, the Long March-12 made its maiden flight on Nov. 30, 2024.
It is the backbone of China’s commercial rockets, designed to carry no less than 12 tonnes in a low Earth orbit and no less than 6 tonnes in a 700-kilometer sun-synchronous orbit. It is intended to enhance the country’s space access capabilities and meet future satellite networking requirements.
The newly launched satellites were produced by GalaxySpace, a Beijing-based commercial space firm. In a news release, the company said that all of these satellites were manufactured at the company’s smart factory, where production lines made extensive use of intelligent assembly robots and advanced software platforms, such as digital manufacturing systems and automated comprehensive testing systems, significantly reducing the development cycle. ■
English Caption
A Long March-12 carrier rocket carrying a group of internet satellites blasts off from the Hainan commercial spacecraft launch site in south China’s Hainan Province, Aug. 4, 2025. (Xinhua/Pu Xiaoxu)