Connect with us

China

ရှီကျင်းဝေနှင့် ကောသန်းတို့ ကမ္ဘာ့အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံအလံ သယ်ဆောင်သူများအဖြစ် ဆောင်ရွက်မည်

၂၀၂၅ ကမ္ဘာ့အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားတွင် အလံသယ်ဆောင်သူများ ရှီကျင်းဝေ (ယာ) နှင့် ကောသန်းတို့ကို ၂၀၂၅ ခုနှစ် သြဂုတ် ၇ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ချိန်တူး၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

အမျိုးသားကျွမ်းဘားကစားသမားတစ်ဦးဖြစ်သူ ရှီကျင်းဝေနှင့် အမျိုးသမီး ရိုလာစကိတ်စီး အားကစားသမား ကောသန်းတို့သည် သြဂုတ် ၇ ရက်၌ ကျင်းပမည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံအလံသယ်ဆောင်သူများအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း တရုတ်ကိုယ်စားလှယ်အဖွဲ့က ကြေညာခဲ့သည်။
လွန်ခဲ့သည့်နှစ်က ပေါ်တူဂီနိုင်ငံတွင်ပြုလုပ်သော ၂၉ ကြိမ်မြောက် ကျွမ်းဘားကမ္ဘ့ာချန်ပီယံရှစ်ပြိုင်ပွဲတွင် အသက် ၂၃ နှစ်အရွယ် ရှီကျင်းဝေနှင့် အဖွဲ့က ရွှေတံဆိပ်လေးခု ဆွတ်ခူးနိုင်ခဲ့သည်။
အသက် ၃၅ နှစ်အရွယ် ကောသန်းသည်လည်း ကမ္ဘ့ာချန်ပီယံရှစ် ရိုလာစကိတ်စီးအားကစားပွဲစဥ်များ၊ ကမ္ဘာ့ဖလားနှင့် ကမ္ဘာ့အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်အများအပြားဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ မြန်နှုန်းမြင့်စကိတ်စီးပြိင်ပွဲများတွင်လည်း ပါဝင်ခဲ့သည်။

၂၀၂၃ ခုနှစ် FISU ကမ္ဘာ့တက္ကသိုလ်များဆိုင်ရာအားကစားပွဲများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့တွင် သြဂုတ် ၇ ရက်မှ ၁၇ ရက်အထိ ၁၂ ကြိမ်မြောက် ကမ္ဘ့ာအားကစားပြိုင်ပွဲများအား လက်ခံကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အားကစားပွဲများတွင် တရုတ်အားကစားသမား ၃၂၁ ဦး ပါဝင်ယှဥ်ပြိုင်မည်ဟုသိရသည်။ (Xinhua)
……………………….
(English Version)
Shi, Guo to be China’s flagbearers at World Games opening ceremony
CHENGDU, Aug. 6 (Xinhua) — China’s flagbearers at The World Games 2025 opening ceremony on Thursday will be Shi Jingwei, a male acrobatic gymnast, and Guo Dan, a female roller sports athlete, the Chinese delegation announced.
Shi, 23, won four gold medals with his teammates at the 29th Acrobatic World Championships in Portugal last year.
Guo, 35, has won various titles in roller sports across World Championships, World Cup and World Games. She also participated in speed skating at the 2018 and 2022 Olympic Winter Games.
The 12th World Games runs from August 7 to 17 in Chengdu, southwest China’s Sichuan Province, which also hosted the FISU World University Games in 2023.
321 Chinese athletes will take part in these Games.
Photo: Shi Jingwei (L) and Guo Dan will be China’s flagbearers at The World Games 2025 opening ceremony on August 7, 2025. (Photo courtesy of the Chinese Olympic Committee)