Connect with us

China

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လန်ဖိန်ခရိုင်တွင် ဘလူးဘယ်ရီသီးထုတ်လုပ်ရေးလုပ်ငန်းက ကျေးလက်ပြန်လည်ဖွံ့ဖြိုးရေးအတွက် “ချိုမြိန်သောလမ်းကြောင်း” ခင်းကျင်းပေး

တရုတ်နိုင်ငံ လန်ဖိန်ခရိုင်ရှိ ကုန်းမြင့်ပိုင်းဒေသ တစ်မူထူးခြားသော ခေတ်မီစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းဇုန်တွင် ဘလူးဘယ်ရီသီးပျိုးပင်လေးများ ပျိုးထောင်နေသော အလုပ်သမားဝန်ထမ်းအား ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နုကျန်းပြည်နယ်ခွဲ လန်ဖိန်ခရိုင်သည် ယူနန်ပြည်နယ် အနောက်မြောက်ပိုင်း၊ “မြစ်သုံးစင်းအပြိုင်စီးဆင်းရာ” ကမ္ဘာ့သဘာဝအမွေအနှစ်နေရာ၏ ဗဟိုတွင် တည်ရှိသည်။
မကြာသေးမီနှစ်များတွင် ဒေသခံများသည် အရင်းအမြစ်နှင့် ရာသီဥတုအားသာချက်ကို အမှီပြု၍ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသော ကုန်းမြင့်ပိုင်းဒေသ အမှည့်နောက်ကျသည့် ဘလူးဘယ်ရီသီး ထုတ်လုပ်ရေးလုပ်ငန်းကို အောင်မြင်စွာ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးလက်ဒေသပြန်လည်ဖွံ့ဖြိုးရေးအတွက် “ချိုမြိန်သောစွမ်းအား” ကို ဖြည့်တင်းပေးနိုင်ခဲ့သည်။
လက်ရှိတွင် လန်ဖိန်ခရိုင်တွင် စိုက်ပျိုးရေး၊ ထုတ်လုပ်ရေးနှင့် သုတေသနပြုရေး တစ်သားတည်းဖြစ်သော ကုန်းမြင့်ပိုင်းဒေသ တစ်မူထူးခြားသော ခေတ်မီစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းဇုန်ကို တည်ဆောက်ပြီးစီးခဲ့ပြီး ဇုန်အတွင်း တရုတ်မူ ၅,၅၀၀ ကျယ်ဝန်းသည့် အဆင့်မြင့်ဘလူးဘယ်ရီသီးအခြေစိုက်စခန်းမှ နှစ်စဉ်အထွက်နှုန်းသည် တန်ချိန် ၁,၅၀၀ အထိရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ လန်ဖိန်ခရိုင်ရှိ ကုန်းမြင့်ပိုင်းဒေသ တစ်မူထူခြားသော ခေတ်မီစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းဇုန်၌ ဘလူးဘယ်ရီသီးများ ခူးဆွတ်နေသော အလုပ်သမားဝန်ထမ်းအား ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………….
(Chinese Version)
云南兰坪:蓝莓产业铺就乡村振兴“甜蜜路”
新华社照片,昆明,2025年8月9日
怒江州兰坪县位于云南省西北部,地处“三江并流”世界自然遗产腹地。
近年来,当地依托资源与气候优势,成功发展出规模化种植的高原晚熟蓝莓产业,为乡村振兴注入“甜蜜动能”。 目前,兰坪县已建成集种植、加工、科研于一体的高原特色现代农业产业园,园内5500亩高标准蓝莓基地年产量达1500吨。
图说1:8月8日,工作人员在兰坪县高原特色现代农业产业园培育蓝莓苗。新华社记者 胡超 摄
图说2:8月8日,工人在兰坪县高原特色现代农业产业园采摘蓝莓。新华社记者 胡超 摄