China
တရုတ်၊ ရုရှား၊ မွန်ဂိုးလီယား သုံးနိုင်ငံ ပထမအကြိမ် နယ်စပ်ကာကွယ်ရေး ပူးတွဲလေ့ကျင့်

ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် မွန်ဂိုးလီးယားနိုင်ငံတို့သည် သုံးနိုင်ငံဆုံရာနယ်စပ်ဧရိယာတွင် စက်တင်ဘာ ၇ ရက်နှင့် ၈ ရက်များ၌ နယ်စပ်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုများ ပူးတွဲလုပ်ဆောင်ခဲ့ကြသည်။
အဆိုပါလေ့ကျင့်မှုအား “၂၀၂၅ နယ်စပ်ကာကွယ်ရေးပူးပေါင်းမှု” ဟု အမည်သတ်မှတ်ခဲ့ပြီး နယ်စပ်ဒေသများတွင် အဖျက်အမှောင့်လုပ်ရပ်များနှင့် အကြမ်းဖက်သမားများအန္တရာယ်တားဆီးကာကွယ်ရေးတွင် အားကောင်းစွာ ပူးပေါင်းလုပ်ဆောင်နိုင်ရန် အာရုံစိုက်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နေ့စဥ်သတင်းစာက စက်တင်ဘာ ၁၀ ရက်၌ သတင်းဖော်ပြခဲ့သည်။
လက်တွေ့စစ်ရေးပူးပေါင်းလေ့ကျင့်မှုသည် သုံးနိုင်ငံ၏ နယ်စပ်လုံခြုံရေးခြိမ်းခြောက်မှုများအား တုံ့ပြန်ဆောင်ရွက်မှုစွမ်းရည်မြှင့်တင်ရန်နှင့် မဟာဗျူဟာယုံကြည်မှုများ နက်ရှိုင်းစေရန် ရည်ရွယ်ကြောင်း သတင်းအရ သိရသည်။
စစ်ရေးလေ့ကျင့်မှုအတွင်း သုံးနိုင်ငံသည် တရုတ်နိုင်ငံတွင် ညှိနှိုင်းကွပ်ကဲရေးဌာနတည်ထောင်ပြီး ပူးတွဲအစီအစဥ်ရေးဆွဲခြင်း၊ ကင်းထောက်ခြင်းနှင့် တိုက်ခိုက်ခြင်းလှုပ်ရှားမှုများ လေ့ကျင့်ပြုလုပ်ခဲ့ကြပြီး နယ်စပ် ကာကွယ်ရေး ပူးပေါင်းလုပ်ဆောင်မှုပုံစံသစ်များ စမ်းသပ်ခဲ့ကြကြောင်းသိရသည်။
စစ်ရေးလေ့ကျင့်မှုများအပြီးတွင် သုံးနိုင်ငံစစ်တပ်များမှ နယ်စပ်ဒေသ စီမံခန့်ခွဲရေးနှင့်ထိန်းချုပ်ရေးအတွက် အပြန်အလှန်အမြင်ဖလှယ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
…………………………
(English Version)
China, Russia, Mongolia hold first joint border defense exercise
BEIJING, Sept. 10 (Xinhua) — China, Russia and Mongolia held their joint border defense exercise on Monday and Tuesday, staging drills in a frontier area where the three countries meet.
The exercise, code-named “Border Defense Cooperation 2025,” focused on strengthening coordination against terrorist and sabotage activities in border regions, the People’s Liberation Army Daily reported Wednesday.
The live joint exercise aimed to bolster the three countries’ ability to respond to border security threats while deepening strategic trust, according to the report.
During the drill, the three sides set up a joint command post in China and carried out activities including joint planning, reconnaissance and strikes, testing a new model of border defense cooperation, it said.
After the exercise, the three militaries exchanged views on border management and control.