Connect with us

China

တရုတ်နိုင်ငံက ရေနံ၊ ဓာတ်ငွေ့၊ ယူရေနီယံ တူးဖော်ရေးတွင် ကြီးမားသော အောင်မြင်မှုများ ရရှိနေပြီဟု တာဝန်ရှိသူ ပြောကြား

တရုတ်နိုင်ငံ တောင်ပိုင်းကျွန်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့မှ ကီလိုမီတာ ၁၅၀ အကွာရှိ တရုတ်နိုင်ငံမှ ကိုယ်ပိုင်ဖော်ဆောင်ထားသော ရေနက်ပိုင်း ဓာတ်ငွေ့လုပ်ကွက် Deep Sea No. 1 သို့မဟုတ် Shenhai Yihao ၏ အဆင့် ၂ စီမံကိန်းမှ ဓာတ်ငွေ့ထုတ်လုပ်ရေးစင်အစုအဝေးကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - China National Offshore Oil Corporation/Handout via Xinhua)

ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ယူရေနီယံ တူးဖော်ရေးတွင် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိလာကြောင်း သယံဇာတ အရင်းအမြစ်များဆိုင်ရာ ဒုတိယဝန်ကြီးက ၁၄ ကြိမ်မြောက် ငါးနှစ်တာ စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွင်း နိုင်ငံ၏ သယံဇာတ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ၌ တိုးတက်မှုအခြေအနေကို အသေးစိတ် ရှင်းလင်းပြောကြားရာ၌ စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။
ကြီးမားသော မြစ်ဝှမ်းများ၏ နက်ရှိုင်းသော အလွှာများနှင့် ကမ်းလွန်ရေနက်ပိုင်းဧရိယာများတွင် ရှာဖွေတွေ့ရှိမှုအသစ်များသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ သိုလှောင်မှုနှင့် အထွက်တိုးစေရေးအတွက် အဓိက ပံ့ပိုးကူညီသူများ ဖြစ်လာပြီး နှစ်စဉ် ရေနံစိမ်းတန်ချိန် သန်း ၂၀၀ ခန့် ထုတ်လုပ်နိုင်ကာ ကုဗမီတာ ၂၄၀ ဘီလီယံအထက် သဘာဝဓာတ်ငွေ့ထွက်ရှိနိုင်စေရန် တွန်းအားပေးကူညီနေသည်ဟု ရွှီတာ့ချွန် က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ယူရေနီယံပံ့ပိုးရာတွင် ဖူလုံမှုကို သိသိသာသာ မြှင့်တင်ပေးနိုင်သည့် ကြီးမားသော ယူရေနီယံ သတ္တုသိုက်အများအပြားကိုလည်း မကြာသေးခင်က တွေ့ရှိထားသည်ဟု ရွှီ က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………………
(English Version)
China achieves major breakthroughs in oil, gas, uranium exploration: official
BEIJING, Sept. 10 (Xinhua) — China has made significant breakthroughs in oil, natural gas and uranium exploration, vice minister of natural resources said Wednesday when elaborating on the country’s progress in natural resource development during the 14th Five-Year Plan period (2021-2025).
Xu Dachun told a press conference that new discoveries in the deep layers of large basins and offshore deepwater areas have become key contributors to boosting oil and gas reserves and output, helping sustain annual crude oil production at around 200 million tonnes and pushing natural gas output above 240 billion cubic meters.
Multiple large uranium deposits were also newly identified, which would significantly enhance China’s uranium supply security, Xu said. ■
English Caption
This undated photo shows the gas production platform cluster of phase II project of China’s self-developed ultra-deepwater gas field Shenhai Yihao, or Deep Sea No. 1, located 150 km from the city of Sanya in south China’s island province of Hainan. (China National Offshore Oil Corporation/Handout via Xinhua)