Connect with us

China

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အနေဖြင့် လက်တွေ့ရလဒ်များ ရရှိစေရန်၊ ထိရောက်မှုမြင့်မားစွာ ဆောင်ရွက်ရန် ရှီကျင့်ဖိန် အလေးထားပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်က တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာသော နိုင်ငံတကာ ဧည့်သည်တော်များအား ကြိုဆိုရန် ထျန်းကျင်းမြို့ မေကျန်း ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ၂၀၂၅ ခုနှစ် ဩဂုတ် ၃၁ ရက် ညပိုင်းက ကြိုဆိုဧည့်ခံပွဲကျင်းပရာ ရှီကျင့်ဖိန် အမှာစကားပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အနေဖြင့် လက်တွေ့ရလဒ်များ ရရှိစေရန်၊ ထိရောက်မှုမြင့်မားစွာ ဆောင်ရွက်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၁ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က စက်တင်ဘာ ၁ ရက်တွင် ဆိပ်ကမ်းမြို့ဖြစ်သည့် ထျန်းကျင်းမြို့၌ ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ ၂၅ ကြိမ်မြောက် နိုင်ငံတော်အကြီးအကဲများကောင်စီ အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ပို၍ ခိုင်မာအားကောင်းသည့် ကျောထောက်နောက်ခံပြုမှုများ ပံ့ပိုးနိုင်ရေးအတွက် SCO လုံခြုံရေးကဏ္ဍ ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုများအား ဘက်စုံကိုင်တွယ်စီမံရေး စင်တာ၊ SCO မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စင်တာကို တွန်းအားပေး ဆောင်ရွက်ရန်၊ SCO ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို ဆောလျင်စွာ တည်ထောင်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)
——————
(English Version)
(SCO Tianjin Summit) Xi underscores real results, high efficiency for SCO
TIANJIN, Sept. 1 (Xinhua) — Chinese President Xi Jinping on Monday called on the Shanghai Cooperation Organization (SCO) to strive for real results and high efficiency. Xi made the remarks at the 25th Meeting of the Council of Heads of State of the SCO held in the port city of Tianjin on Monday. He urged putting into use the SCO Universal Center for Countering Security Threats and Challenges and the SCO Anti-drug Center and setting up an SCO development bank as soon as possible to provide stronger underpinnings for security and economic cooperation among member states. Enditem
Photo 1 – Chinese President Xi Jinping addresses a banquet to welcome international guests at the Meijiang Convention and Exhibition Center in Tianjin, north China, Aug. 31, 2025. Xi and his wife, Peng Liyuan, on Sunday hosted a banquet in China’s port city of Tianjin to welcome international guests who are here to attend the Shanghai Cooperation Organization (SCO) Summit 2025. (Xinhua/Xie Huanchi)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.