Connect with us

China

မြောက်ပစိဖိတ်သမုဒ္ဒရာအတွင်း ငါးဖမ်းကင်းလှည့်မစ်ရှင်အတွက် တရုတ်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၏ ကင်းလှည့်ရေယာဉ်များ ထွက်ခွာ

တောင်တရုတ်ပင်လယ်အတွင်း အခြားကင်းလှည့်ရေယာဥ်များအတွက် လိုအပ်သည့်အရာများကို သယ်ဆောင်လာသော တရုတ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) ၏ ၃၅၀၂ ရေယာဥ်အား ၂၀၂၄ ခုနှစ်၊ မေ ၁၃ ရက်က ဝေဟင်မှ ရိုက်ကူးထားသည့် ဓါတ်ပုံတွင် တွေ့ရစဥ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
မြောက်ပစိဖိတ်သမုဒ္ဒရာ နိုင်ငံတကာရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ငန်းများ တရားဥပဒေနှင့်အညီ လုပ် ကိုင်ခြင်း ရှိ၊ မရှိ ကင်းလှည့်စောင့်ကြည့်ခြင်းတာဝန်ကို ၃၁ ရက်ကြာဆောင်ရွက်ရန် တရုတ်နိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) ၏ ကင်းလှည့်ရေယာဉ်နှစ်စင်းမှာ စက်တင်ဘာ ၁၀ ရက်က ရှန်ဟိုင်း ဆိပ်ကမ်းမှ ထွက်ခွာသွားကြောင်း သိရသည်။
ယခုကင်းလှည့်မစ်ရှင်မှာ နိုင်ငံတကာ တာဝန်ဝတ္တရားများအား ထမ်းဆောင်ရန် တရုတ်နိုင်ငံ၏ အရေးပါသော ကြိုးပမ်းအားထုတ်မှုတစ်ရပ်ဖြစ်ကြောင်း CCG ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
CCG သည် အဆိုပါကင်းလှည့်မစ်ရှင်များကို တာဝန်ယူဆောင်ရွက်ရန် ကင်းလှည့်ရေယာဉ် နှစ်စင်းကို နှစ်စဉ်စေလွှတ်နေခြင်းဖြစ်ပြီး ယခုတစ်ကြိမ်နှင့်ဆိုပါက ၁၀ ကြိမ်မြောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံမှချမှတ်ထားသော ဆုံးဖြတ်ချက်အမှတ် ၄၆/၂၁၅ နှင့် မြောက်ပစိဖိတ် သမုဒ္ဒရာ နိုင်ငံတကာရေပိုင်နက်အတွင်းရှိ ငါးမျိုးစိတ်အရင်းအမြစ်များ မျိုးသုဉ်းခြင်းမရှိစေရန် ထိန်းသိမ်းကာကွယ်စီမံခန့်ခွဲရေးသဘောတူညီချက်ကို ကင်းလှည့်မစ်ရှင်များက တက်တက်ကြွကြွ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း CCG က မကြာသေးမီနှစ်များကတည်းက ပြောကြားထားပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းခြင်းများကို တိုက်ဖျက်ရန်၊ တရားဝင် သတင်းပို့ခြင်း မရှိဘဲ ငါးဖမ်းဆီးခြင်း သို့မဟုတ် စည်းကမ်းနှင့်မညီသည့် ငါးဖမ်းဆီးမှုများကို တားဆီးရန်၊ ငါးဖမ်းဆီးမှု လုပ်ငန်းများအား စည်းစနစ်နှင့်အညီ လုပ်ကိုင်ပြီး ဝိုင်းဝန်းကူညီနိုင်ကြရန်၊ ငါးမျိုးစိတ်အရင်းအမြစ်များ ရေရှည်တည်တံ့မှုကို မြှင့်တင်နိုင်ရန် CCG ၏ ကင်းလှည့်ရေယာဉ်များက ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း အဆိုပါကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။ (Xinhua)
…………………..
(English Version)
China Coast Guard vessels depart for fishery patrol in North Pacific
SHANGHAI, Sept. 10 (Xinhua) — Two China Coast Guard (CCG) vessels set sail from Shanghai on Wednesday to carry out a 31-day fishery law enforcement patrol mission on the high seas of the North Pacific Ocean.
In a statement, the CCG said that the patrol is an important effort from China to fulfill its international obligations.
The CCG dispatches two vessels to undertake this mission annually, and this year marks its 10th mission.

The CCG said that in recent years, it has actively implemented United Nations General Assembly Resolution 46/215 and the Convention on the Conservation and Management of High Seas Fisheries Resources in the North Pacific Ocean.
It has conducted boarding and inspection operations on the high seas to crack down on illegal, unreported or unregulated fishing activities, contributing to maintaining order in high seas fisheries and promoting the sustainable development of fishery resources, the statement said. ■
Photo:
An aerial drone photo taken on May 13, 2024 shows the vessel “China Coast Guard (CCG) 3502” carrying out replenishment for other vessels in the South China Sea. (Xinhua/Wang Yuguo)