China
(SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေး) တရုတ်-SCO ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သရုပ်ပြဧရိယာက ကုန်သွယ်မှုများ တစ်ဟုန်ထိုးမြင့်တက်

ချင်းသောင်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
နိုင်ငံရပ်ခြားကုန်သွယ်ရေးလုပ်ငန်း အစုအဖွဲ့များနှင့် နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများ မြန်ဆန်ချောမွေ့လာခြင်းတို့ကြောင့် တရုတ်နိုင်ငံ ချင်းသောင်မြို့ရှိ တရုတ်-SCO ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သရုပ်ပြဧရိယာ (SCODA) သည် ကုန်သွယ်မှုများ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြဧရိယာနှင့် အခြားသော SCO အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုပမာဏမှာ ယခုနှစ် ပထမ ခုနစ်လတာအတွင်း ယွမ် ၅၃.၂၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၄၇ ဘီလီယံခန့်) ရှိခဲ့ကာ ယမန်နှစ် ကာလတူထက် ၂၆.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အကောက်ခွန်ဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်း အချက်အလက်များအရ သိရသည်။ ပို့ကုန်ပမာဏမှာ ယွမ် ၂၆.၈၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၇၇ ဘီလီယံခန့်) ရှိခဲ့ကာ ၂၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယင်းပမာဏထဲတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ အထည်အလိပ်နှင့် အဝတ်အထည်များ အဓိကပါဝင်နေကြောင်း သိရသည်။ ထို့အတူ သွင်းကုန်ပမာဏသည်လည်း ယွမ် ၂၆.၃၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံခန့်) ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၃၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ကမ္ဘာ့အရှေ့ဖျားနိုင်ငံများမှ ပင်လယ်စာတင်သွင်းမှုများ၊ ဗဟိုအာရှနိုင်ငံများမှ နို့ထွက်ပစ္စည်းများနှင့် သစ်သီးခြောက် တင်သွင်းမှုများမှာ သိသိသာသာ မြင့်တက်ခဲ့သည်ဟု သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/6kX

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ တရုတ်-SCO (ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့) ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သရုပ်ပြဧရိယာ (SCODA) ရှိ Qingdao SCODA Pearl International ကုန်စည်ပြပွဲစင်တာအား ၂၀၂၅ ခုနှစ် ဩဂုတ် ၂၇ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)
…………………..
(English Version)
(SCO Tianjin Summit) China-SCO Local Economic and Trade Cooperation Demonstration Area witnesses spike in trade growth
QINGDAO, Aug. 29 (Xinhua) — Thanks to a cluster of foreign trade industries and fast cross-border logistics channels, the China-SCO Local Economic and Trade Cooperation Demonstration Area (SCODA) in Qingdao has witnessed a spike in trade growth.
According to statistics from the customs, the demonstration area’s trade value with other SCO member countries during this year’s first seven months reached 53.26 billion yuan (about 7.47 billion U.S. dollars), an year-on-year increase of 26.1 percent. Exports surged 21.5 percent to 26.88 billion yuan (about 3.77 billion U.S. dollars), with household appliances and textile and garment products accounting for a relatively large proportion. Imports reached 26.38 billion yuan (about 3.7 billion U.S. dollars), rising by 31.0 percent. The imports of seafood from the Far East and those of the dried fruits and dairy products from Central Asia saw significant growth.
English Caption 1
Participants attend the 2025 SCO (the Shanghai Cooperation Organization) International Investment and Trade Expo at the Qingdao SCODA Pearl International Expo Center in Qingdao, east China’s Shandong Province, July 18, 2025. (Xinhua/Li Ziheng)
English Caption 2
An aerial drone photo taken on Aug. 27, 2025 shows the Qingdao SCODA Pearl International Expo Center in the China-SCO (the Shanghai Cooperation Organization) Local Economic and Trade Cooperation Demonstration Area (SCODA) in Qingdao, east China’s Shandong Province. (Xinhua/Li Ziheng)