China
တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲ ရလဒ်ကောင်းများဖြင့် ပြီးစီး

ရင်ချွမ်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
သတ္တမအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဩဂုတ် ၃၁ ရက်၌ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။
ပြပွဲဧရိယာ ၃၆,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး လေးရက်ကြာကျင်းပခဲ့သော အဆိုပါကုန်စည်ပြပွဲက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၅၃ ခုမှ အဖွဲ့အစည်းနှင့် စီးပွားရေး လုပ်ငန်း ၁,၀၈၂ ခု၏ ပြပွဲကျင်းပသူများကို ဆွဲဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါကုန်စည်ပြပွဲ၌ ရရှိခဲ့သော သဘောတူစာချုပ်များ၏ တန်ဖိုး ယွမ် ၈၂.၃၉ သန်း (အမေရိကန်ဒေါ်လာ ၁၁.၅၅ သန်းခန့်) နှင့် ခန့်မှန်းထားသည့် အရောင်းအ၀ယ်တန်ဖိုး ယွမ် ၆၂၄ သန်းတို့နှင့်အတူ ၎င်းကုန်စည်ပြပွဲတွင် လာရောက်ကြည့်ရှုသူဦးရေ စုစုပေါင်း ၂၁၈,၇၀၀ ဦး ရှိခဲ့သည်။
ထို့ပြင် အဆိုပါကုန်စည်ပြပွဲအတွင်း ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဆွေးနွေးချိတ်ဆက်ပွဲများ အပါအဝင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ပွဲပေါင်း ၄၀ ကျော်ကိုလည်း ကျင်းပခဲ့ရာ စုစုပေါင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူစာချုပ် ၃၃၁ ခုနှင့် ယွမ်ငွေ ၁၀၇.၇၅ ဘီလီယံ ရရှိခဲ့သည်။ ယင်းတို့အနက် ပရောဂျက် ၂၈ ခုမှာ တစ်ခုလျှင် ယွမ် ၁ ဘီလီယံကျော် တန်ဖိုးရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်ရင်ချွမ်း၌ သတ္တမအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲအတွင်း ပြပွဲပါဝင်ပြသသူတစ်ဦးက ဆန်းသစ်တီထွင်ထားသော ဆာဗာထုတ်ကုန်တစ်ခုအား ပြပွဲလာရောက်ကြည့်ရှုသူများထံ ပြသနေပုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်ရင်ချွမ်း၌ သတ္တမအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲအတွင်း စက်ရုပ်တစ်ရုပ်အား လေ့လာနေကြသည့် ပြပွဲလာရောက်ကြည့်ရှုသူများအား ၂၀၂၅ ခုနှစ် ဩဂုတ် ၂၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်ရင်ချွမ်း၌ သတ္တမအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲသို့ လာရောက်ကြည့်ရှုကြသူများအား ၂၀၂၅ ခုနှစ် ဩဂုတ် ၂၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်ရင်ချွမ်း၌ သတ္တမအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲအတွင်း တရုတ်-အာရပ်နိုင်ငံများ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးချိတ်ဆက်ပွဲ၌ မြင်ကွင်းတစ်ခု အား ၂၀၂၅ ခုနှစ် ဩဂုတ် ၂၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
…………………
(English Version)
China-Arab States Expo concludes with fruitful results
YINCHUAN, Aug. 31 (Xinhua) — The seventh China-Arab States Expo concluded on Sunday in northwest China’s Ningxia Hui Autonomous Region.
The four-day expo, featuring 36,000 square meters of exhibition area, attracted exhibitors from 1,082 organizations and enterprises of 53 countries and regions around the world.
The number of visitors at the expo totaled 218,700, with the value of on-site deals reaching 82.39 million yuan (about 11.55 million U.S. dollars) and an intended transaction value of 624 million yuan.
Meanwhile, more than 40 investment promotion events, including trade and economic talks and industrial matchmaking activities, were held during the expo, resulting in 331 cooperation agreements with contracts totaling 107.75 billion yuan. Among these, 28 projects were valued at more than 1 billion yuan each. ■
English Caption 1
A participant (3rd R) communicates with a corporate delegate at the China-Arab States Economy, Trade and Investment Matchmaking during the 7th China-Arab States Expo in Yinchuan, northwest China’s Ningxia Hui Autonomous Region, Aug. 28, 2025. (Xinhua/Yang Zhisen)
English Caption 2
An exhibitor introduces an innovative server product to visitors during the 7th China-Arab States Expo in Yinchuan, northwest China’s Ningxia Hui Autonomous Region, Aug. 29, 2025. (Xinhua/Zhao Yusi)
English Caption 3
Visitors interact with a robot during the 7th China-Arab States Expo in Yinchuan, northwest China’s Ningxia Hui Autonomous Region, Aug. 29, 2025. (Xinhua/Zhao Yusi)
English Caption 4
People visit the 7th China-Arab States Expo in Yinchuan, northwest China’s Ningxia Hui Autonomous Region, Aug. 28, 2025. (Xinhua/Feng Kaihua)
English Caption 5
This photo taken on Aug. 28, 2025 shows a scene at the China-Arab States Economy, Trade and Investment Matchmaking during the 7th China-Arab States Expo in Yinchuan, northwest China’s Ningxia Hui Autonomous Region. (Xinhua/Yang Zhisen)