China
တောင်တရုတ်ပင်လယ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပုံမှန်ကင်းလှည့်မှုများ ပြုလုပ်

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တောင်ပိုင်းစစ်ဒေသကြီးက တောင်တရုတ် ပင်လယ်အတွင်း ပုံမှန်ကင်းလှည့်မှုများအား စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် ပြုလုပ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ စက်တင်ဘာ ၁၄ ရက်၌ ပြောကြားချက်အရ သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ပူးတွဲကင်းလှည့်မှုဟုဆိုကာ ဒေသတွင်းပြင်ပမှနိုင်ငံများနှင့် ပူးပေါင်းကြံစည်နေကြောင်း၊ တောင်တရုတ်ပင်လယ်နှင့်ပတ်သက်၍ တရားမဝင် တောင်းဆိုမှုများလည်း ပျံ့နှံ့လာ ကြောင်း ၊ အဆိုပါ လုပ်ရပ်များမှာ ဒေသတွင်းတည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေကြောင်း PLA ၏ တောင်ပိုင်းစစ်ဒေသကြီးပြောရေးဆိုခွင့်ရှိသူ ထျန်ကျွင်းလီက ပြောကြားခဲ့သည်။
” တောင်တရုတ်ပင်လယ်အတွင်းမှာ တင်းမာမှုတွေ မြင့်တက်လာစေတဲ့ လုပ်ရပ်တွေကို ထိန်းသိမ်းဖို့နဲ့ ရန်စတဲ့ဖြစ်စဥ်တွေကို ချက်ခြင်းရပ်တန့်ဖို့ ဖိလစ်ပိုင်ဘက်ကို ကျွန်တော်တို့ လေးလေးနက်နက် သတိပေးထားပါတယ်” ဟု ထျန်ကျွင်းလီက ပြောကြားခဲ့သလို ပြင်ပအကူအညီအထောက်အပံ့ကို ရယူခြင်းက အလဟဿ အချည်းနှီးဖြစ်ခြင်းအား သက်သေပြလိမ့်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်ဆိုင်ရာ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးကို ခိုင်ခိုင်မာမာ ကာကွယ်နိုင်ရေး၊ တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုများကို ထိန်းသိမ်းရေး အတွက် တောင်ပိုင်းစစ်ဒေသကြီး၏ တပ်ဖွဲ့ဝင်များအား ဆက်လက်၍ အမြင့်ဆုံးတပ်လှန့်နှိုးဆော်ထား ကြောင်း ထျန်ကျွင်းလီက အလေးအနက်ထားပြောကြားခဲ့သည်။
” တောင်တရုတ်ပင်လယ်အတွင်းမှာ ပြဿနာဖြစ်အောင် သွေးထိုးလှုံ့ဆော်ဖို့နဲ့ တင်းမာမှုတွေဖန်တီးဖို့ ကြိုးစားမှုတိုင်းဟာ ကျရှုံးမှုနဲ့သာ ကြုံတွေ့ရမှာပါ” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
……………………..
(English Version)
PLA conducts routine patrols in South China Sea
BEIJING, Sept. 14 (Xinhua)
The Chinese People’s Liberation Army (PLA) Southern Theater Command conducted routine patrols in the South China Sea on Friday and Saturday, a spokesperson said on Sunday.
Tian Junli, the command’s spokesperson, said the Philippines had colluded with countries outside the region for so-called “joint patrols,” spread illegal claims about the South China Sea, and undermined peace and stability in the region.
“We solemnly warn the Philippine side to immediately stop provoking incidents and engaging in actions that heighten tensions in the South China Sea,” Tian said, while adding that seeking external support would prove futile.
Tian emphasized that troops of the Southern Theater Command remain on high alert to resolutely safeguard China’s territorial sovereignty and national security, and to uphold peace and stability in the South China Sea.
“Any attempt to stir up trouble or disrupt order in the South China Sea is doomed to fail,” said the spokesperson. ■
Photo:
Undated photo shows a Chinese H-6K bomber patrolling islands and reefs including Huangyan Dao in the South China Sea.
(Xinhua/Liu Rui)