Connect with us

China

တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားသို့ ရှီ တက်ရောက်

ဝူးလူမုချီ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ယင်းဒေသ မြို့တော် ဝူးလူမုချီ၌ စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပခဲ့ရာ သမ္မတ ရှီကျင့်ဖိန် တက်ရောက်ခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက တိုင်းရင်းသားမျိုးနွယ်စုအသီးသီးနှင့် အလွှာစုံမှ ပြည်သူများ၊ ဒေသန္တရတာဝန်ရှိသူများနှင့်အတူ အဆိုပါ အခမ်းအနား၌ တွေ့ဆုံခဲ့သည်။
တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် ဗဟိုကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ဝမ်ဟုနင်လည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။ ထိုအခမ်းအနားသို့ CPC ဗဟိုကော်မတီ အထွေထွေရေးရာရုံး အကြီးအကဲ ချိုက်ချီလည်း တက်ရောက်ခဲ့သည်။ ဝမ်နှင့် ချိုက်တို့သည် CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည်။
ဂုဏ်ပြုပွဲအခမ်းအနားကို နံနက် ၁၀:၃၀ နာရီခန့်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ပါဝင်တက်ရောက်သူများအားလုံးသည် တစ်ပြိုင်နက်တည်း မတ်တတ်ရပ်ကာ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြသည်။
CPC ဗဟိုကော်မတီ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၊ နိုင်ငံတော်ကောင်စီ၊ CPPCC ပြည်လုံးဆိုင်ရာကော်မတီ၊ ဗဟိုစစ်ကော်မရှင် စသည်တို့ထံမှ ဂုဏ်ပြုသဝဏ်လွှာများကိုလည်း ထိုအခမ်းအနား၌ ဖတ်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Xi attends grand gathering in celebration of Xinjiang Uygur Autonomous Region’s 70th founding anniversary
URUMQI, Sept. 25 (Xinhua) — Chinese President Xi Jinping attended on Thursday a grand gathering in celebration of the 70th founding anniversary of the Xinjiang Uygur Autonomous Region in Urumqi, the regional capital.
Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, joined local officials and members of the public from all ethnic groups and all walks of life in the event.
Wang Huning, chairman of the National Committee of the Chinese People’s Political Consultative Conference (CPPCC) and head of the central delegation, attended the event and delivered a speech. Cai Qi, director of the General Office of the CPC Central Committee, was also present at the gathering. Both Wang and Cai are members of the Standing Committee of the Political Bureau of the CPC Central Committee.
The gathering commenced at around 10:30 a.m. All participants stood in unison and sang the national anthem.
A congratulatory message from the CPC Central Committee, the National People’s Congress Standing Committee, the State Council, the CPPCC National Committee, and the Central Military Commission was read out at the gathering.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.