China
မဲခေါင်မြစ်တွင် ၁၅၇ ကြိမ်မြောက် ပူးပေါင်းကင်းလှည့်မှု စတင်လုပ်ဆောင်

ကူမင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေးအာဏာပိုင်အဖွဲ့များသည် နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် မဲခေါင်မြစ်တစ်လျှောက် ၁၅၇ ကြိမ်မြောက် ပူးပေါင်း ကင်းလှည့်မှုမစ်ရှင်ကို စက်တင်ဘာ ၂၄ ရက်က စတင်ခဲ့သည်။
လုပ်ငန်းတာဝန်ညှိနှိုင်းဆောင်ရွက်မှုစတင်သည့်အချက်ပြမှုအဖြစ် စက်တင်ဘာ ၂၄ ရက် နံနက် ၉း၀၀ နာရီခန့် အချိန်တွင် တရုတ်နိုင်ငံမှ တရားဥပဒေစိုးမိုးရေးရေယာဥ်နှစ်စီးသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့သည်။
၁၅၇ ကြိမ်မြောက်ကင်းလှည့်မှုတွင် မြန်မာနိုင်ငံမှ ကင်းလှည့်ရေယာဥ်နှစ်စီးလည်း ပါဝင်ခဲ့သည်။ ရေလမ်းကြောင်း ဘေးကင်းရေးထိန်းသိမ်းဆောင်ရွက်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုရောင်းဝယ်ဖောက်ကားမှု များကဲ့သို့ နယ်စပ်ဖြတ်ကျော်မှုခင်းများကို ပစ်မှတ်ထားတိုက်ဖျက်ရန် ရည်ရွယ်ကြောင်း သိရသည်။
ကင်းလှည့်မှုအတွင်း နိုင်ငံလေးနိုင်ငံမှ ဆက်စပ်သည့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများမှ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ၏ လုံခြုံရေးအခြေအနေအပေါ် ဆန်းစစ်လေ့လာရန် သတင်းအချက်အလက် ဖလှယ်ရေး အစည်းအဝေးတစ်ရပ်ကို လာအိုနိုင်ငံ Muang Mo တွင် ပြုလုပ်သွားမည်ဖြစ်ပြီး နောင်တွင် ပူးပေါင်းဆောင်ရွက်မည့် ဦးစားပေးအစီအစဥ်များနှင့် မှုခင်းဆိုင်ရာ သတင်းအချက်အလက်များကို ဆွေးနွေးကြမည်ဟုသိရသည်။
တရုတ်နိုင်ငံတွင် လန်ချန်းမြစ်ဟု လူသိများသည့် မဲခေါင်မြစ်သည် နယ်စပ်ဖြတ်ကျော် ရေကြောင်းသွားလာမှုအတွက် အရေးပါသော ရေလမ်းကြောင်းတစ်ခုဖြစ်သည်။ တရုတ်၊ လာအို၊ မြန်မာနှင့်ထိုင်းနိုင်ငံများသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှစတင်၍ မဲခေါင်မြစ်တစ်လျှောက် ပူးတွဲကင်းလှည့်မှုများ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။ (Xinhua)
……………………..
(English Version)
157th joint patrol of Mekong River begins
KUNMING, Sept. 24 (Xinhua) — Law enforcement authorities from China, Laos, Myanmar and Thailand on Tuesday initiated their 157th joint patrol mission along the Mekong River to combat cross-border crime.
At approximately 9 a.m. Tuesday, two Chinese law enforcement vessels set sail from the Jingha port in southwest China’s Yunnan Province, signaling the start of the coordinated mission.
Two patrol vessels from Myanmar are also involved in the 157th joint patrol. The mission will target cross-border crimes such as online gambling, telecom fraud, and drug production and trafficking, with the aim of maintaining the safety of the waterways.
During the patrol, relevant law enforcement agencies from the four countries will hold an information exchange meeting in Muang Mo, Laos, to analyze the security situation in the Lancang-Mekong river basin, discuss case information and plan future cooperation priorities.
The Mekong River — known as the Lancang River in China — is a vital waterway for cross-border shipping. China, Laos, Myanmar and Thailand have been conducting joint patrols of the river since December 2011.
Photo : This photo taken on Oct. 8, 2024 shows the night view of the Mekong River in Vientiane, capital of Laos. (Xinhua/Cheng Yiheng)