Connect with us

China

ကမ္ဘာမြေထက် အဆ ၇၀၀,၀၀၀ ဆွဲအားပိုပြင်းသော သံလိုက်စက်ကွင်းဖြင့် တရုတ်သိပ္ပံပညာရှင်များ ကမ္ဘာ့စံချိန်တင်

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟဲဖေမြို့ရှိ တရုတ်နိုင်ငံ Academy of Sciences' Institute of Plasma Physics (ASIPP) မှ သုတေသီများက စမ်းသပ်တွေ့ရှိသည့်အချက်အလက်များအား မှတ်တမ်းယူနေပုံကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟဲဖေ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အပြည့်အဝ စူပါလျှပ်ကူးနိုင်သော သံလိုက်တစ်ခုဖြင့် သံလိုက်ဆွဲအား ၃၅၁,၀၀၀ gauss (သံလိုက်ဆွဲအားတိုင်းယူနစ်) ရှိ တည်ငြိမ်သော သံလိုက်စက်ကွင်းတစ်ခုကို တီထွင်၍ ကမ္ဘာ့စံချိန်သစ် တင်လိုက်ကြောင်း တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များက စက်တင်ဘာ ၂၈ ရက်၌ ကြေညာခဲ့သည်။

အဏုမြူသံလိုက်သတ္တိရှိသည့် အသံလှိုင်းတိုင်းကိရိယာများကဲ့သို့သော အဆင့်မြင့် စူပါလျှပ်ကူးနိုင်သော သိပ္ပံနည်းကျကိရိယာများအား စီးပွားဖြစ်ရောင်းချခြင်းကို အဆိုပါတီထွင်အောင်မြင်မှုက သိသာထင်ရှားစွာ မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များ၏ ကြေညာချက်အရ သိရသည်။

၎င်းသည် ပေါင်းစပ်သံလိုက်စနစ်များ၊ အာကာသလျှပ်စစ်သံလိုက်တွန်းကန်အား၊ စူပါလျှပ်ကူးသည့် induction အပူပေးခြင်း၊ သံလိုက်စက်ကွင်းဖြင့် လေထဲမျောလွင့်ခြင်းနှင့် ထိရောက်သော လျှပ်စစ်ပို့လွှတ်မှုတို့ အပါအဝင် ဘက်စုံအဆင့်မြင့်နောက်ဆုံးပေါ်နယ်ပယ်များအတွက် အရေးပါသော နည်းပညာပံ့ပိုးမှုကိုလည်း ပေးပါသည်။

အဆိုပါသံလိုက်ကို တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟဲဖေမြို့တွင် တည်ရှိသော တရုတ်နိုင်ငံ၏ Academy of Sciences’ Institute of Plasma Physics (ASIPP) က Hefei International Applied Superconductivity Center ၊ Hefei Comprehensive National Science Center ၏ စွမ်းအင်အသင်းနှင့် Tsinghua တက္ကသိုလ်တို့နှင့် ပူးပေါင်း၍ တီထွင်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာမြေကိုယ်တိုင်က ဧရာမသံလိုက်တစ်ခုဖြစ်ပြီး ၀.၅ gauss ခန့်ရှိသည့် ဘူမိသံလိုက်စက်ကွင်းကို ထုတ်ပေးသည်။ ကွေ့ကောက်သော စူပါလျှပ်ကူးပစ္စည်းများဖြင့် ဖန်တီးထားသည့် စူပါလျှပ်ကူးသည့် သံလိုက်များသည် ကြီးမားသော လျှပ်စစ်စီးကြောင်းများကို ဆုံးရှုံးမှုမရှိစေဘဲ ထုတ်လွှင့်နိုင်သလို အလွန်အားကောင်းသည့် သံလိုက်စက်ကွင်းများကိုလည်း ထုတ်ပေးနိုင်သည်။

ASIPP မှ သုတေသီ လျိုဖောင်းက အဆိုပါသံလိုက်သည် အပူချိန်နိမ့် စူပါလျှပ်ကူးသည့် သံလိုက်ဖြင့် ပေါင်းစပ်ထားသော အပူချိန်မြင့် စူပါလျှပ်ကူးသည့် နည်းပညာကို အသုံးပြုထားကြောင်း ရှင်းပြခဲ့သည်။

၎င်းတို့သိပ္ပံပညာရှင်အဖွဲ့သည် ဖိအားစူးစိုက်မှု၊ အပူချိန်နိမ့်အောက်တွင် လျှပ်စစ်စီးကြောင်းသက်ရောက်မှုများနှင့် multi-field coupling သက်ရောက်မှုများကို ကာကွယ်ပေးခြင်းနှင့် high-field အခြေအနေများကဲ့သို့သော စိန်ခေါ်မှုများကို ထိရောက်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ဤတီထွင်ဆန်းသစ်မှုများသည် လွန်ကဲသောပတ်ဝန်းကျင်များတွင် သံလိုက်၏စက်ပိုင်းဆိုင်ရာတည်ငြိမ်မှုနှင့် လျှပ်စစ်သံလိုက်စွမ်းဆောင်ရည်ကို သိသိသာသာတိုးတက်စေသည်။

စမ်းသပ်မှုအတွင်း သံလိုက်အား ၃၅.၁ တက်စလာအထိ အားကောင်းစွာဖြင့် မိနစ် ၃၀ ကြာ တည်ငြိမ်စွာ လည်ပတ်နိုင်ခဲ့ကာ ဘေးကင်းစွာ သံလိုက်ဓာတ်ကို ပျက်‌စေခဲ့ပြီး နည်းပညာဆိုင်ရာ ချဉ်းကပ်မှု၏ ယုံကြည်စိတ်ချရမှုကို အပြည့်အ၀ စစ်ဆေးခံနိုင်ခဲ့သည်။ ယင်းအောင်မြင်ခဲ့သော သံလိုက်စက်ကွင်း စွမ်းအားသည် ကမ္ဘာမြေ၏ ဘူမိသံလိုက်စက်ကွင်းထက် အဆ ၇၀၀,၀၀၀ ကျော်ရှိပြီး ယခင်ကမ္ဘာ့စံချိန် ၃၂၃,၅၀၀ gauss ကို ကျော်လွန်ခဲ့ခြင်းဖြစ်သည်။

ထိုသံလိုက်များသည် ဆက်တိုက်လောင်ကျွမ်းမှုအတွက် အပူချိန်မြင့်မားသော ပလာစမာကို လုံခြုံစွာ ချုပ်နှောင်ထားသည့် “သံလိုက်လှောင်အိမ်” အဖြစ် ဖွဲ့စည်းထားသည့် သံလိုက်အချုပ်အနှောင် ပေါင်းစပ်ကိရိယာများ၏ အဓိကအစိတ်အပိုင်းများလည်း ဖြစ်သည်။ ASIPP က ပေါင်းစပ်ခြင်းသုတေသနတွင် နှစ်ရှည်လများ ပါဝင်လုပ်ဆောင်လာခဲ့ပြီး စူပါလျှပ်ကူးပစ္စည်းများ၊ ကိရိယာများနှင့် စနစ်များအား ဒေသတွင်းအပြည့်အဝတီထွင်မှုကို မကြာသေးမီက အောင်မြင်ခဲ့သည်။

International Thermonuclear Experimental Reactor (ITER) ၏ တရုတ်မစ်ရှင်မှ အဓိကယူနစ်အဖြစ် ASIPP သည် စူပါလျှပ်ကူးပစ္စည်းများ၊ ပြုပြင်ရေးကွိုင်များနှင့် သံလိုက် feeder များအပါအဝင် ဝယ်ယူရေးအစီအစဥ်များစွာကို လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟဲဖေမြို့ရှိ တရုတ်နိုင်ငံ Academy of Sciences’ Institute of Plasma Physics (ASIPP) မှ တီထွင်သည့် စူပါလျှပ်ကူးသည့် သံလိုက်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………………………………..

(English Version)

Chinese scientists set world record with magnetic field 700,000 times Earth’s

HEFEI, Sept. 28 (Xinhua) — Chinese scientists announced on Sunday that they have successfully generated a steady magnetic field of 351,000 gauss with a fully superconducting magnet, setting a new world record.

The breakthrough will significantly advance the commercialization of advanced superconducting scientific instruments, such as nuclear magnetic resonance spectrometers, according to the scientists.

It also provides crucial technical support for multiple cutting-edge fields, including fusion magnet systems, space electromagnetic propulsion, superconducting induction heating, magnetic levitation, and efficient power transmission.

The magnet was developed by the Chinese Academy of Sciences’ Institute of Plasma Physics (ASIPP), located in Hefei, east China’s Anhui Province, in collaboration with the Hefei International Applied Superconductivity Center, the Institute of Energy of the Hefei Comprehensive National Science Center, and Tsinghua University.

Earth itself is a giant magnet, generating a geomagnetic field of about 0.5 gauss. Superconducting magnets, fabricated by winding superconducting materials, can generate extremely strong magnetic fields while enabling lossless transmission of large currents.

Liu Fang, researcher with ASIPP, explained that the magnet adopts high-temperature superconducting insert-coil technology, coaxially nested with low-temperature superconducting magnets.

The team effectively overcame challenges such as stress concentration, shielding current effects and multi-field coupling effects under low-temperature, high-field conditions. These innovations significantly improved the magnet’s mechanical stability and electromagnetic performance in extreme environments.

During the experiment, the magnet was energized to 35.1 tesla, stably operated for 30 minutes, and was safely demagnetized, fully verifying the reliability of the technical approach. The achieved magnetic field strength, over 700,000 times that of Earth’s geomagnetic field, also surpassed the previous world record of 323,500 gauss.

Such magnets are also key components of magnetic confinement fusion devices, forming a “magnetic cage” that safely confines high-temperature plasma for sustained burning. ASIPP has long been engaged in fusion research and has recently achieved complete localization of superconducting materials, devices and systems.

As the main unit of the Chinese mission of the International Thermonuclear Experimental Reactor (ITER), the institute has taken on many procurement packages, including superconductors, correction coils and magnet feeders. ■

English Caption 1

Researchers of the Chinese Academy of Sciences’ Institute of Plasma Physics (ASIPP) record experiment data in Hefei, east China’s Anhui Province, Sept. 28, 2025. (Xinhua/Wu Huijun)

English Caption 2

This photo taken on Sept. 28, 2025 shows the superconducting magnet developed by the Chinese Academy of Sciences’ Institute of Plasma Physics (ASIPP) in Hefei, east China’s Anhui Province. (Xinhua/Wu Huijun)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.