Connect with us

China

ခရီးရှည်ချီတက်မှုအတွင်း တပ်နီတော်ပထမဆုံးဖြတ်ကျော်ခဲ့သည့် ပထမဆုံးနှင်းတောင်လိုဏ်ခေါင်း ဖောက်လုပ်ပြီးစီး

ချိန်တူး၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
၁၉၃၅ ခုနှစ်က ဗဟိုတပ်နီတော်၏ ခရီးရှည်ချီတက်မှုအတွင်း ပထမဆုံး ဖြတ်ကျော်ခဲ့သည့်နှင်းတောင်အောက်မှ ဖြတ်သန်းဖောက်လုပ်ထားသည့် အရှည် ၉.၃၅ ကီလိုမီတာရှိ ကျားကျင်းလိုဏ်ခေါင်းသည် စက်တင်ဘာ ၂၈ ရက်က လုပ်ငန်းပြီးစီးခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင် စမ်းသပ်အသုံးပြုမည်ဟုသိရသည်။
အဆိုပါလိုဏ်ခေါင်းသည် ဖြတ်ကျော်မည့်အချိန် တစ်နာရီမှ ၁၀ မိနစ်သို့လျှော့ချပေးနိုင်ပြီး အနီးဝန်းကျင်ဒေသများမှ ဒေသခံနေထိုင်သူ ၁၁၀,၀၀၀ ဦး၏ ဆယ်စုနှစ်များကြာ ဆောင်းရာသီကာလ အထီးကျန်မှုများကို အဆုံးသတ်စေမည် ဖြစ်သည်။
၁၉၃၅ ခုနှစ် ဇွန်လတွင် ဗဟိုတပ်နီတော်သည် ၄၀,၀၀ မီတာမြင့်သည့် ကျားကျင်းတောင်ထိပ် ရာသီဥတုဆိုးရွားလှသည့်အခြေအနေတွင် ခရီးရှည်ချီတက်မှုအတွင်း မဆုတ်မနစ်သောဇွဲလုံ့လနှင့် စိတ်ပိုင်းဖြတ်ခြင်းများဖြင့် အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သည်။
လိုဏ်ခေါင်းသစ်ကို နည်းပညာဆန်းသစ်တီထွင်မှုများ အသုံးပြုကာ တည်ဆောက်ခဲ့ပြီး မြင့်မားသည့်တောင်တန်းဒေသစိန်ခေါ်မှုများကြားမှ ထိရောက်မှုအဆင့်တွင် အမျိုးသားစံချိန်တင်နိုင်ခဲ့သည်။
အဆိုပါစီမံကိန်းသည် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းနှင့်စီးပွားရေးပေါင်းစည်းမှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုများအကြား အပြန်အလှန်ယဥ်ကျေးမှုဖလှယ်ခြင်းများ လွယ်ကူချောမွေ့စေမည် ဖြစ်ကြောင်း ဒေသတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။(Xinhua)
……….
(English Version)
Tunnel through first snow mountain along Red Army’s Long March completed
CHENGDU, Sept. 28 (Xinhua) — The Jiajin Mountain Tunnel, a 9.35-km passage beneath the first snow mountain crossed by the Central Red Army during the Long March in 1935, was completed on Sunday, and will begin trial operation on Oct. 1.
This tunnel reduces the crossing time from one hour to just 10 minutes, ending decades of winter isolation for the 110,000 residents in the surrounding areas.
In June 1935, the Central Red Army braved extreme conditions atop the 4,000-meter-high Jiajin Mountain, successfully crossing it with unwavering perseverance and determination during the Long March.
The new tunnel, constructed using innovative technologies, set national records for efficiency despite high-altitude challenges.
The project will boost regional tourism and economic integration, and facilitate cultural exchanges among ethnic groups, a local official said.