Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး ကာဇက်စတန် နိုင်ငံခြားရေးဝန်ကြီးသစ်ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကာဇက်စတန်နိုင်ငံခြားရေးဝန်ကြီး အဖြစ် လက်ခံတာဝန်ယူခဲ့သည့် Yermek Kosherbayev အား စက်တင်ဘာ ၂၈ ရက်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ရိက နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် တရုတ်-ကာဇက်စတန် ဆက်ဆံရေးသည် အဆင့်မြင့်မားသည့် ဖွံဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားပြီး နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုနှင့် နယ်ပယ်အများအပြားတွင် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာ ဆောင်ရွက်လျက်‌ရှိကြောင်း ပြောကြားခဲ့သည်။
ဝမ်က Kosherbayev နှင့် မိတ်ဖွဲ့ပြီး ခိုင်မြဲသော အပြန်အလှန်ဆက်ဆံရေး တည်ထောင်ရန် နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိထားသော သဘောတူညီချက်များစွာကို အပြည့်အဝအကောင်အထည်ဖော်ရန်နှင့် တရုတ်-ကာဇက်စတန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုမြင့်မားသည့်အဆင့်သစ်သို့ ရောက်ရှိရန်နှင့် ရလဒ်သစ်များထွက်‌ပေါ်လာရေး ပူးတွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……….
(English Version)
Chinese FM sends congratulatory message to Kazakhstan’s new FM
BEIJING, Sept. 28 (Xinhua) — Chinese Foreign Minister Wang Yi on Sunday sent a congratulatory message to Yermek Kosherbayev on his assuming office as Kazakhstan’s foreign minister.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that under the strategic guidance of the leaders of both countries, China-Kazakhstan relations have maintained a high level of development, with continuous deepening of political mutual trust and cooperation across various fields.
Wang expressed his readiness to get acquainted and establish sound working relations with Kosherbayev, fully implement the series of consensus reached by the two heads of state, and jointly take the China-Kazakhstan permanent comprehensive strategic partnership to new heights, yielding new results.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.