China
သမ္မတရှီက ဗီယက်နမ်သမ္မတအား လက်ခံတွေ့ဆုံ

ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံ သမ္မတ လွန်ကွမ် (Luong Cuong) အား ပေကျင်းမြို့တွင် စက်တင်ဘာ ၄ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
လွန်ကွမ်မှာ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲတွင် အောင်နိုင်ခဲ့ခြင်းက တရားမျှတမှုကသာ အနိုင်ရစမြဲဖြစ်သည်ကို အပြည့်အဝ သက်သေထူနေခြင်းဖြစ်ကြောင်း ရှီက အလေးအနက်ပြောကြားခဲ့သည်။ နှစ်နိုင်ငံအနေဖြင့် ဒုတိယကမ္ဘာစစ် အောင်ပွဲ၏ အကျိုးရလဒ်များကို အတူတကွ ကာကွယ်ထိန်းသိမ်းရန်၊ နိုင်ငံတကာ သမာသမတ်ကျမှု၊ တရားမျှတမှုတို့ကို ထိန်းသိမ်းရန် ရှီက တိုက်တွန်းခဲ့သည်။
တစ်ဖက်သတ်ဝါဒနှင့် ကြီးနိုင်ငယ်ညှဉ်း တောရိုင်းသဘာဝစည်းမျဉ်း ကြီးစိုးမှုကို တန်ပြန်ရင်ဆိုင်နေရချိန်တွင် အလျှော့ပေးညှိနှိုင်းခြင်း၊ လိုက်လျောခြင်းတို့က အဖြေမဟုတ်ဘဲ စည်းလုံးညီညွတ်မှု၊ အင်အားတောင့်တင်းခိုင်မာအောင် ကိုယ်ထူကိုယ်ထ တည်ဆောက်မှုတို့ကသာ မျှော်လင့်ချက်အလားအလာကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံများက ပိုမိုသိရှိလာကြသည်ဟု ရှီက ပြောကြားခဲ့သည်။
ရှီက မိမိအနေဖြင့် ပိုမိုတရားမျှတ၍ သာတူညီမျှရှိသော လမ်းကြောင်းအတိုင်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်အား အားပေးမြှင့်တင်ရန် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) ကို အဆိုပြုခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဗီယက်နမ်သမ္မတ လွန်ကွမ်ကလည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးမှာ ဗီယက်နမ်နိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါပြီး ဗီယက်နမ်၏ နိုင်ငံခြားရေးမူဝါဒတွင် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာကြီးအနေဖြင့် အပြောင်းအလဲများ၊ ဝရုန်းသုန်းကား အခြေအနေများနှင့် ရင်ဆိုင်နေရချိန်တွင် ဗီယက်နမ်အနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ခိုင်ခိုင်မာမာ တိုးမြှင့်ဖော်ဆောင်သွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဗီယက်နမ်နိုင်ငံ သမ္မတ လွန်ကွမ် (Luong Cuong) အား လက်ခံတွေ့ဆုံနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
…………………….
(English Version)
Xi meets Vietnamese president
BEIJING, Sept. 4 (Xinhua) — Chinese President Xi Jinping met with Vietnamese President Luong Cuong in Beijing on Thursday.
Luong Cuong is in China to attend commemorations marking the 80th anniversary of the victory in the Chinese People’s War of Resistance against Japanese Aggression and the World Anti-Fascist War.
Xi noted that the victory of the World Anti-Fascist War fully demonstrates that justice will prevail. He called on both countries to jointly safeguard the outcomes of the victory in World War II and uphold international fairness and justice.
Faced with the countercurrents of unilateralism and the law of the jungle, more and more countries have realized that compromise and concession lead to no way out, and only unity and self-strengthening hold the promise of hope, Xi said.
Xi said he has put forward the Global Governance Initiative to promote the global governance system to develop in a more just and equitable direction.
Luong Cuong said relations with China are of strategic significance to Vietnam and constitute a top priority in the country’s foreign policy.
Faced with a world of changes and chaos, Vietnam will firmly develop its relations with China, he added. ■
Caption
9月4日上午,国家主席习近平在北京人民大会堂会见来华出席纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的越南国家主席梁强。 新华社记者 刘卫兵 摄