Connect with us

China

တောင်တရုတ်ပင်လယ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပုံမှန်ကင်းလှည့်မှုများပြုလုပ်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ လေတပ်က လေ့ကျင့်ရေးကာလအတွင်း အုပ်စုဖွဲ့ပျံသန်း၍ ကျွန်းပတ်လည် ကင်းလှည့်နေပုံအား ၂၀၁၈ ခုနှစ် ဧပြီလ ၂၆ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တောင်ပိုင်းစစ်ဒေသကြီးက တောင်တရုတ်ပင်လယ်အတွင်း ပုံမှန်ကင်းလှည့်မှုများအား စက်တင်ဘာ ၃ ရက်က ပြုလုပ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ဒေသတွင်းပြင်ပမှနိုင်ငံများနှင့် ပူးပေါင်းကင်းလှည့်မှုအမည်ခံ လုပ်ရပ်များကို စုစည်းလုပ်ဆောင်နေကြောင်း၊ အဆိုပါ လုပ်ရပ်များမှာ ဒေသတွင်း တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို လျော့ပါးစေကြောင်း စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ထျန်ကျွင်းလီ က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်ဆိုင်ရာ အချုပ်အခြာအာဏာနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးများအား ထိန်းသိမ်းရန် တောင်ပိုင်းစစ်ဒေသကြီး၏ တပ်ဖွဲ့ဝင်များအား ဆက်လက်တပ်လှန့်နှိုးဆော်ထားကြောင်း ထျန်ကျွင်းလီ က အလေးအနက်ထား ပြောကြားခဲ့သည်။
“တောင်တရုတ်ပင်လယ်အတွင်းမှာ ပြဿနာသွေးထိုးလှုံ့ဆော်ဖို့နဲ့ တင်းမာမှုတွေဖန်တီးဖို့ ကြိုးစားမှုတိုင်းဟာ ဆုံးရှုံးမှုနဲ့သာကြုံတွေ့ရမှာပါပဲ” ဟု ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
……………………..
(English Version)
PLA conducts routine patrols in South China Sea
BEIJING, Sept. 4 (Xinhua) — The Chinese People’s Liberation Army (PLA) Southern Theater Command conducted routine patrols in the South China Sea on Wednesday, a spokesperson said.
Tian Junli, the command’s spokesperson, said the Philippines had colluded with countries outside of the region to organize so-called “joint patrols,” which had undermined peace and stability in the region.
Tian stressed that the troops of the Southern Theater Command remain on high alert to safeguard China’s territorial sovereignty and maritime rights.
“Any attempt to stir up trouble in the South China Sea and create tensions is doomed to fail,” said the spokesperson. ■
photo
A Chinese People’s Liberation Army (PLA) air force formation conducts island patrols during training on April 26, 2018.(Xinhua/Wu Yuepeng)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.