Connect with us

China

စမ်းသပ်ရေးဂြိုဟ်တုအသစ်ကို တရုတ်နိုင်ငံက အောင်မြင်စွာ လွှတ်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Shiyan-29 ဂြိုဟ်တုတင်ဆောင်ထားသော Long March-3C ဒုံးပျံကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်က လွှတ်တင်စဥ် (ဆင်ဟွာ)

ရှီးချန်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ စမ်းသပ်ရေးဂြိုဟ်တုအသစ်တစ်စင်းကို စက်တင်ဘာ ၅ ရက်၌ လွှတ်တင်ခဲ့သည်။
Shiyan-29 ဂြိုဟ်တုအား Yuanzheng-1 (Expedition-1) ပထမအဆင့် ချိတ်ဆက်ထားသည့် Long March-3C သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၁၀ နာရီ ၃၄ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ၎င်းဂြိုဟ်တုသည် သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။
အဆိုပါစမ်းသပ်ရေးဂြိုဟ်တုကို အာကာသပတ်ဝန်းကျင် စူးစမ်းလေ့လာရေးနှင့် ဆက်စပ်နည်းပညာ စမ်းသပ်မှုများအတွက် အဓိကအားဖြင့် အသုံးပြုမည်ဖြစ်သည်။
ထိုလွှတ်တင်မှုသည် Long March သယ်‌ဆောင်ရေးဒုံးပျံစီးရီး၏ ၅၉၂ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)


………………………
(English Version)
China successfully launches new test satellite
XICHANG, Sept. 5 (Xinhua) — China on Friday sent a new test satellite into space from the Xichang Satellite Launch Center in the southwestern province of Sichuan.
The Shiyan-29 satellite was launched at 10:34 a.m. (Beijing Time) aboard a Long March-3C carrier rocket, with the Yuanzheng-1 (Expedition-1) upper stage attached to the carrier rocket. The satellite successfully reached its preset orbit.
It will be used mainly for space environment exploration and related technology tests.
This is the 592nd flight mission of the Long March carrier rocket series. ■
English Caption
A Long March-3C rocket carrying the Shiyan-29 satellite blasts off from the Xichang Satellite Launch Center in southwest China’s Sichuan Province, Sept. 5, 2025. (Photo by Wang Yinjie/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.