China
တရုတ်-ရှန်ဟိုင်းဆန်းသစ်တီထွင်မှုစင်တာက ပထမအသုတ် ပါရဂူဘွဲ့ကျောင်းသားများကို လက်ခံကြိုဆို

ဟားအယ်ပင်း ၊စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ ပါရဂူလေ့ကျင့်ရေးဆန်းသစ်တီထွင်မှုစင်တာသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်ရှိ ဟားအယ်ပင်းနည်းပညာတက္ကသိုလ်တွင် ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများမှ ပထမဆုံးပါရဂူဘွဲ့ကျောင်းသား ၁၂၀ ဦးကို လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသားများသည် SCO အဖွဲ့ဝင်နိုင်ငံများ၏ အဆင့်မြင့်တက္ကသိုလ်များမှ ကျောင်းသားများ ဖြစ်ပြီး တရုတ်နိုင်ငံရှိ HIT၊ ပီကင်းတက္ကသိုလ်နှင့် Tsinghua တက္ကသိုလ်များ ၊ ရုရှားနိုင်ငံ စိန့်ပီတာစဘတ် တက္ကသိုလ် ကာဇက်စတန်နိုင်ငံနည်းပညာတက္ကသိုလ်နှင့်ဘယ်လာရုစ်အမျိုးသားတက္ကသိုလ်တို့မှ ပါဝင်ကြောင်းသိရသည်။
HIT ၏ အစီအစဉ်ဖြင့် ထူထောင်ထားသည့် တရုတ်-SCO ဒေါက်တာဘွဲ့သင်တန်းဆန်းသစ်တီထွင်မှုစင်တာသည် ပညာရပ်နယ်ပယ်များတွင် ထူးချွန်ထက်မြက်သူများအား ပျိုးထောင်ရန် နိုင်ငံတကာသုတေသနစွမ်းရည်များ နှင့်နည်းပညာဆန်းသစ်တီထွင်ခြင်းထောက်ကူရန်နှင့် SCO အဖွဲ့ဝင်နိုင်ငံများ၏ တည်ငြိမ်သောဖွံဖြိုးမှု အတွက် ရည်ရွယ်ကြောင်းသိရသည်။
စင်တာသည် ပညာရေးပေါင်းစည်းမှုမှတ်တိုင်တစ်ခုဖြစ်သည်ဟု SCO ၏ ဒုတိယအတွင်းရေးမှူးချုပ် Batir Tursunov က ဗီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည်။ SCO မူဘောင်အောက်တွင် ထူးချွန်သူများ အဆင့်မြင့် ပျိုးထောင်ပေးခြင်း ၊စက်မှုလုပ်ငန်းများ၊ အဆင့်မြင့်ပညာရေးနှင့်သုတေသနတို့တွင် ပိုမိုပေါင်းစည်းခြင်း၊ အမျိုးသားတီထွင်ဆန်းသစ်မှုမဟာဗျူဟာများထောက်ကူပေးခြင်း၊ ပညာရေးပူးပေါင်းဆောင်ရွက်မှုနှင့် သိပ္ပံပညာရပ်များတွင် တွန်းအားသစ်များရရှိစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
HIT ၏ ပါတီအတွင်းရေးမှူး Chen Jie က စင်တာသည် AI ၊ စွမ်းအင်နှင့် ဒစ်ဂျစ်တယ် စီးပွားရေးတို့ကဲ့သို့ ရှေ့တန်းနယ်ပယ်များတွင် ပူးပေါင်းဆန်းသစ်တီထွင်မှုကို အာရုံစိုက်မည်ဖြစ်ပြီး နိုင်ငံတကာအမြင်ရှိပြီး သိပ္ပံ၊နည်းပညာနှင့်လူမှုဘာသာရပ်များတွင် ပညာရပ်နယ်ပယ်စုံ ထူးချွန်သည့်လူငယ်များကို အရည်အသွေးမြင့်မားမှု ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)
………………………..
(English Version)
China-SCO innovation center welcomes first doctoral cohort
HARBIN, Sept. 5 (Xinhua) — The China-Shanghai Cooperation Organization (SCO) Doctoral Training Innovation Center held its opening ceremony at the Harbin Institute of Technology (HIT) in northeast China’s Heilongjiang Province, welcoming its first cohort of 120 doctoral students from SCO member states.
The students hail from elite universities in SCO member states, including HIT, Peking University and Tsinghua University in China, St. Petersburg State University in Russia, the Kyrgyz State Technical University, and the Belarusian National Technical University.
Founded on the initiative of HIT, the China-SCO Doctoral Training Innovation Center aims to cultivate talent with interdisciplinary, cross-national research capabilities, and to contribute to the technological innovation and sustainable development of SCO member states.
Chen Jie, Party secretary of HIT, said the center will focus on collaborative innovation in frontier fields such as AI, energy and the digital economy, and that it aims to foster a high-caliber, global-minded and interdisciplinary pool of young talent in science, technology and the humanities.
Photo : The China-Shanghai Cooperation Organization (SCO) Doctoral Training Innovation Center holds its opening ceremony at the Harbin Institute of Technology in Harbin, northeast China’s Heilongjiang Province, on Sept. 5, 2025. (Harbin Institute of Technology/Handout via Xinhua)