China
ဆော်ပိုလိုမှသည် ကူမင်းအထိ ကမ္ဘာ့တောင်ဘက်ခြမ်း၏အသံ ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာခြင်း

ကူမင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank ဖိုရမ်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့တွင် စက်တင်ဘာ ၅ ရက်က ဖွင့်လှစ်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသံကို ကမ္ဘာ့စင်မြင့်ထက်ဝယ် တိုးမြှင့်ဖော်ထုတ်ရန် ရာနှင့်ချီသော ပညာရှင်များနှင့် အစိုးရအရာရှိများ အတူတကွ ဆုံစည်းခဲ့ကြသည်။
“ကမ္ဘာ့တောင်ဘက်ခြမ်း၏ အင်အားကို စုစည်းမြှင့်တင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများကို လမ်းညွှန်ထိန်းမတ်ပေးခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ငါးရက်ကြာ ပြုလုပ်သည့် အဆိုပါ ဖိုရမ်သည် ယမန်နှစ်က ဘရာဇီးနိုင်ငံ ဆော်ပိုလိုမြို့တွင် ကျင်းပခဲ့သည့်အစည်းအဝေးပြီးနောက် ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်သည်။
နိုင်ငံများ၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်း ၁၁၀ ခုမှ အဖွဲ့အစည်း ၂၆၀ ကျော်၏ ကိုယ်စားလှယ် ၅၀၀ ခန့် တက်ရောက်လျက်ရှိသည်။
အစည်းအဝေး အစီအစဉ်အနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက် တည်ဆောက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားအသစ်များ ဖော်ထုတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်းနှင့် ယဉ်ကျေးမှုများအကြား ဆွေးနွေးမှု အဆင့်မြှင့်တင်ခြင်းအပေါ် အလေးထားဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ဆွေးနွေးမှုမှတစ်ဆင့် သဘောတူညီချက် တည်ဆောက်ခြင်း
ကမ္ဘာကြီးအနေဖြင့် ရာစုနှစ်အတွင်း ပြောင်းလဲမှုများနှင့် ရင်ဆိုင်နေရပြီး ခေတ်မီအသွင်ပြောင်းမှုအား လျှောက်လှမ်းခြင်း၊ ပိုမိုတရားမျှတ၍ သာတူညီမျှဖြစ်သော နိုင်ငံတကာစည်းစနစ်အား ဆောင်ရွက်ခြင်းသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ လေးနက်သည့် သမိုင်းဝင်မစ်ရှင်များဖြစ်သလို ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank အဖွဲ့များဆိုင်ရာ ခေတ်ကာလ၏ ဘုံအရေးကိစ္စများ ဖြစ်သည်ဟု ယုံကြည်ထားကြသည်။
ယခင်နှစ် နိုဝင်ဘာလက ဘရာဇီးနိုင်ငံတွင် ပထမဆုံးကျင်းပခဲ့သော ဖိုရမ်၌ ထုတ်ပြန်ခဲ့သည့် ဆော်ပေါ်လိုကြေညာစာတမ်းက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများရှိ မီဒီယာနှင့် Think Tank အဖွဲ့များက ယင်းအဖွဲ့၏ ဘုံအကျိုးစီးပွားများအတွက် မဆုတ်မနစ် ထောက်ခံအားပေးရန်နှင့် ကမ္ဘာ့ရေးရာများတွင်လည်း ၎င်းတို့၏ အသံနှင့် လွှမ်းခြုံမှုကို စဉ်ဆက်မပြတ် မြှင့်တင်ရန် တိုက်တွန်းပြောကြားထားသည်။
ဇူလိုင်လက BRICS မီဒီယာနှင့် Think Tank ဖိုရမ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နှင့် Think Tank ထိပ်သီးအစည်းအဝေးများကို ဘရာဇီးနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် အသီးသီး ကျင်းပခဲ့ကြရာ ကမ္ဘာ့တောင်ဘက်ခြမ်းရှိ နိုင်ငံများအတွက် သဘောတူညီချက် ထပ်မံကျယ်ပြန့်ရေးနှင့် ဉာဏပံ့ပိုးမှု ပေးအပ်နိုင်ရေး ဖော်ဆောင်ခဲ့ကြသည်။
ဆော်ပိုလိုဖိုရမ် တက်ရောက်ခဲ့ဖူးပြီး ကူမင်းအစည်းအဝေး တက်ရောက်ရန်လည်း မှတ်ပုံတင်ထားသည့် Brazil 247 ၏ အယ်ဒီတာချုပ် လီယိုနာဒို အတ်တက်ချ်က မီဒီယာအနေဖြင့် ကမ္ဘာ့စီမံခန့်ခွဲမှုစနစ် မြှင့်တင်ခြင်းနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အသံအား ဖော်ထုတ်ခြင်းအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
“တစ်နှစ်သာသာအချိန်လေးမှာ ကျွန်တော်တို့က ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယအကြား ဆွေးနွေးမှုတွေ ပိုမိုနက်နက်ရှိုင်းရှိုင်းနဲ့ ပိုမိုတည်ဆောက်လာနိုင်ခဲ့ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းရဲ့ အသံတွေကို ဖော်ထုတ်တာ၊ ရှေးရိုးအနောက်တိုင်းမီဒီယာလွှမ်းမိုးတဲ့ ဗိုလ်ကျစိုးမိုးမှုအကြောင်းတရားကို ပြုပြင်ပြောင်းလဲခြင်း စသည်တို့အား တစ်ဆင့်တိုးဆောင်ရွက်နေတာကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်” ဟု အတ်တက်ချ်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20250906/924b513e1ee2476aafe33f7c03da0ad8/c.html
…………………….
(English Version)
From Sao Paulo to Kunming, voice of Global South grows louder
KUNMING, Sept. 5 (Xinhua) — The Global South Media and Think Tank Forum 2025 opened Friday in Kunming, southwest China’s Yunnan Province, bringing together hundreds of scholars and officials in a bid to amplify the voice of developing countries on the world stage.
The five-day gathering, held under the theme “Empowering Global South, Navigating Global Changes,” is the second edition following a previous one in Sao Paulo, Brazil last year.
About 500 representatives from more than 260 institutions across 110 countries, as well as international and regional organizations, are set to take part.
The agenda focuses on building consensus on peace, identifying new drivers of development, broadening cooperation and advancing dialogue among civilizations.
BUILDING CONSENSUS THROUGH DIALOGUE
It is believed that in the face of global changes of the century, pursuing modernization and working for a more just and equitable international order are the sacred historic missions of Global South countries and the common issues of the times for Global South media and think tanks.
Last November, the first forum in Brazil issued the Sao Paulo Declaration, calling on media and think tanks in the Global South to resolutely advocate for the group’s common interests and continuously boost its voice and influence in global affairs.
In July, the BRICS Media and Think Tank Forum and the SCO Media and Think Tank Summit were held respectively in Brazil and China, further broadening consensus and providing intellectual support for countries in the Global South.
Leonardo Attuch, editor-in-chief of Brazil 247, who attended the Sao Paulo forum and has registered for the Kunming event, said the media play a key role in improving the global governance system and amplifying the voice of the Global South.
“In just one year, we have already seen deeper and more structured dialogues among Global South media, further amplifying the voices of Global South countries and transforming the traditionally Western media-dominated hegemonic narrative,” said Attuch. https://english.news.cn/20250906/924b513e1ee2476aafe33f7c03da0ad8/c.html
Photo: Guests are pictured at the venue of 2025 Global South Media and Think Tank Forum in Kunming, southwest China’s Yunnan Province, Sept. 5, 2025. (Xinhua/Gao Yongwei)