China
နွေရာသီလများအတွင်း အွန်လိုင်းငွေပေးချေမှုများ အားရဖွယ် တိုးတက်လာကြောင်း တရုတ်နိုင်ငံ ထုတ်ပြန်

ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၌ ခရီးသွားလုပ်ငန်းနှင့် သုံးစွဲမှုဆိုင်ရာ မြင့်မားသောရာသီဖြစ်သည့် ဇူလိုင်လနှင့် သြဂုတ်လအတွင်း အွန်လိုင်းငွေပေးချေမှုများ အားရဖွယ်ရာ တိုးတက်လာမှုကို တရုတ်အွန်လိုင်းငွေပေးချေရေးအဖွဲ့ NetsUnion နှင့် ကတ်ဖြင့် ငွေပေးချေရေးကုမ္ပဏီ China UnionPay တို့က သတင်းထုတ်ပြန်ခဲ့ကြောင်း ဗဟိုဘဏ်က စက်တင်ဘာ ၇ ရက်၌ ထုတ်ပြန်ခဲ့သည့် အချက်အလက်များက ဖော်ပြခဲ့သည်။
လွန်ခဲ့သည့် နှစ်လတာကာလအတွင်း အဆိုပါပလက်ဖောင်းနှစ်ခုမှတစ်ဆင့် အွန်လိုင်းငွေပေးချေမှုများမှာ ယွမ်ငွေ ၁၅၁.၆၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၁.၃၄ ထရီလီယံခန့်) ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၆.၆၄ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း တရုတ်ပြည်သူ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါပလက်ဖောင်းနှစ်ခု၌ ထိုနှစ်လတာကာလအတွင်း ငွေပေးငွေယူမှု (Transaction) အကြိမ်ရေ ၂၇၇ ဘီလီယံနီးပါး ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၄.၅၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
China reports solid growth in online payments during summer months
BEIJING, Sept. 7 (Xinhua) — Chinese online payment clearinghouse NetsUnion and card payment giant China UnionPay reported robust growth in online payments during July and August, a high season for tourism and consumption, central bank data showed Sunday.
During the past two months, online payments via the two platforms hit 151.66 trillion yuan (about 21.34 trillion U.S. dollars), up 16.64 percent year on year, according to the People’s Bank of China.
The two platforms handled nearly 277 billion transactions during the reporting period, representing a year-on-year rise of 14.59 percent, the central bank added. ■
English Caption
A staff member demonstrates the payment with China’s digital yuan, or the e-CNY, during the first Global Digital Trade Expo in Hangzhou, east China’s Zhejiang Province, Dec. 12, 2022. (Xinhua/Xu Yu)