Connect with us

China

တရုတ်ဘက်ထရီကုမ္ပဏီ CATL က ဥရောပအတွက် EV ဘက်ထရီအသစ်များကို မိတ်ဆက်ပြသ

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၇ ရက် ပြုလုပ်သည့် CATL ကုမ္ပဏီ၏ လျှပ်စစ်ကား (EV) ဘက်ထရီသစ်များ မိတ်ဆက်ပွဲ၌ စကားပြောနေသော CATL ကုမ္ပဏီ၏ နိုင်ငံတကာစီးပွားရေးဌာနမှ နည်းပညာအရာရှိချုပ် Zhu Lingbo ကို တွေ့ရစဥ် (ဓာတ်ပုံ- CATL/handout via Xinhua)

မြူးနစ်၊ ဂျာမနီ၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ ကမ္ဘာ့အကြီးဆုံး ဘက်ထရီကုမ္ပဏီ CATL က ဥရောပဈေးကွက်အတွက် ၎င်း၏နောက်ဆုံးပေါ် လျှပ်စစ်ကား (EV) ဘက်ထရီများကို ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ စက်တင်ဘာ ၇ ရက်က မိတ်ဆက်ပြသခဲ့ပြီး ဥရောပ၌ ၎င်းကုမ္ပဏီ၏ ကြီးထွားလာသော ပါဝင်မှုနှင့် ကတိပြုမှုတို့ကို မီးမောင်းထိုးပြခဲ့သည်။
အဆိုပါနောက်ဆုံးပေါ် ဘက်ထရီများ ထုတ်ဖော်ပြသမှုကို ဥရောပ၏ ထိပ်တန်းမော်တော်ယာဥ်လုပ်ငန်းများ တွေ့ဆုံပွဲဖြစ်သော ၂၀၂၅ ခုနှစ် IAA Mobility ပြပွဲအား မြူးနစ်မြို့တွင် မဖွင့်လှစ်မီ နှစ်ရက်အလို၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Shenxing Pro ဟု အမည်ပေးထားသည့် ဘက်ထရီအသစ်သည် လစ်သီယမ်သံဖော့စဖိတ် (LFP) ဓာတုဗေဒကို အခြေခံထားပြီး ဥရောပဈေးကွက်နှင့် အံဝင်ခွင်ကျဖြစ်စေမည့် ဗားရှင်းနှစ်မျိုးဖြင့် ရောင်းချမည်ဖြစ်သည်။
ဗားရှင်နှစ်မျိုးအနက် သက်တမ်းတာရှည်ခံအမျိုးအစားကို ၁၂ နှစ် သို့မဟုတ် ကီလိုမီတာ ၁ သန်းအထိ အသုံးပြုနိုင်ရန် တီထွင်ထားပြီး LFP ဘက်ထရီများမှ ပေးဆောင်လေ့ရှိသော ၃၀၀ မှ ၅၀၀ ကီလိုမီတာအဆင့်ထက်မြင့်၍ အများဆုံးမောင်းနှင်နိုင်မှုအကွာအဝေးအဖြစ် ၇၅၈ ကီလိုမီတာအထိ မောင်းနှင်နိုင်စေမည်ဖြစ်သည်။ အခြားဗားရှင်းမှာမူ ၁၀ မိနစ် အားသွင်းရုံဖြင့် ၄၇၈ ကီလိုမီတာ အကွာအဝေးကို မောင်းနှင်နိုင်စေသည့် အမြန်အားသွင်းနိုင်သော အမျိုးအစားဖြစ်သည်။
အဆိုပါထုတ်ကုန်ကို အဝေးပြေးလမ်းများတွင် ပိုမိုမြင့်မားသော မြန်နှုန်း၊ အငှားချသော ယာဥ်များနှင့် တစ်ပတ်ရစ်ယာဉ်များအတွက် ပိုမိုတာရှည်ခံသော ဘက်ထရီသက်တမ်းများနှင့် ပိုအေးသောရာသီဥတုတွင် ယုံကြည်စိတ်ချရသောစွမ်းဆောင်ရည်များအပါအဝင် ဥရောပယာဥ်မောင်းနှင်မှုအလေ့အထများနှင့်လိုက်လျောညီထွေဖြစ်စေရန် တီထွင်ထားကြောင်း CATL ၏ နိုင်ငံတကာစီးပွားရေးဌာနမှ နည်းပညာအရာရှိချုပ် Lingbo Zhu က ပြောကြားခဲ့သည်။
CATL သည် ဂျာမန်ကားကုမ္ပဏီ BMW နှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမှတစ်ဆင့် ၂၀၁၂ ခုနှစ်တွင် ဥရောပဈေးကွက်သို့ ဝင်ရောက်ခဲ့သည်။ ယခုအခါ ၎င်းသည် ဂျာမနီနှင့် ဟန်ဂေရီနိုင်ငံတို့တွင် EV ထုတ်လုပ်ရေး စက်ရုံများကို လုပ်ကိုင်နေပြီး Stellantis နှင့် ဖက်စပ်ပူးပေါင်းကာ စပိန်တွင် တတိယမြောက် စက်ရုံကို တည်ဆောက်လျက်ရှိသည်။
CATL ၏ ဝယ်သူရေးရာအရာရှိချုပ် Tan Libin ကလည်း “ကျွန်တော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ခရီးက ဥရောပ ဒီနေရာမှာ စတင်တာပါ” ဟု ဆိုလျက် CATL ကုမ္ပဏီမှာ ယခုအခါ ဥရောပကားကုမ္ပဏီ ၉၀ ရာခိုင်နှုန်းခန့်နှင့် လက်တွဲဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
Tan ၏ပြောကြားချက်အရ CATL သည် ကမ္ဘာတစ်ဝန်းရှိ EV အစီးရေ သန်း ၂၀ ကျော်အတွက် ဘက်ထရီများ ပံ့ပိုးပေးပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ၂၀၂၃ ခုနှစ် IAA MOBILITY ဟုခေါ်သော နိုင်ငံတကာကားပြပွဲအတွင်း Contemporary Amperex Technology Co., Ltd. (CATL) ၏ ပြခန်း၌ အလွန်လျင်မြန်စွာ အားသွင်းနိုင်သော ဘက်ထရီ Shenxing အား ပြသထားပုံကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

………………..
(English Version)
Chinese battery giant CATL unveils new EV batteries for Europe
MUNICH, Germany, Sept. 7 (Xinhua) — China’s CATL, the world’s largest battery maker, on Sunday unveiled its latest generation of electric vehicle (EV) batteries here for the European market, highlighting a growing presence and commitment in the region.
The launch came two days before the opening of the 2025 IAA Mobility show in Munich, Europe’s leading auto industry gathering.
The new battery, dubbed “Shenxing Pro,” is based on lithium iron phosphate (LFP) chemistry and will be offered in two versions tailored to the European market.
A long-life model is designed for up to 12 years or 1 million km of use and offers a maximum driving range of 758 km, well above the 300-to-500 km level typically delivered by LFP batteries. The other version is a fast-charging model, which can add 478 km of range in just 10 minutes of charging.
Lingbo Zhu, chief technology officer of CATL’s international business unit, said the product was developed to adapt to European driving habits, including higher speeds on highways, longer lifespans for leased and used vehicles, and reliable performance in colder weather.
CATL entered the European market in 2012 through a strategic partnership with German carmaker BMW. It now operates EV production factories in Germany and Hungary, with a third plant under construction in Spain through a joint venture with Stellantis.
“Our global journey starts here in Europe,” said Tan Libin, chief customer officer of CATL, noting that the company now works with around 90 percent of European carmakers.
According to Tan, CATL has supplied batteries for more than 20 million EVs worldwide. ■
English Caption 1
Zhu Lingbo, chief technology officer of CATL’s international business unit, speaks at the launch of its new electric vehicle (EV) batteries in Munich, Germany, Sept. 7, 2025. (CATL/handout via Xinhua)
English Caption 2
This photo shows the Superfast Charging Battery Shenxing displayed at the booth of Contemporary Amperex Technology Co., Ltd. (CATL) during the 2023 International Motor Show, officially known as the IAA MOBILITY 2023, in Munich, Germany, Sept. 5, 2023. (Xinhua/Zhang Fan)