Connect with us

China

မျက်မှောက်ခေတ်တရုတ်ရုပ်ရှင်များကို ကမ္ဘာက ပိုမိုကြည့်ရူလိုကြောင်း ဗင်းနစ်ရုပ်ရှင်ပွဲတော် ကျွမ်းကျင်သူများ ပြောကြား

အီတလီနိုင်ငံ ဗင်းနစ်မြို့Palazzo del ရုပ်ရှင်ရုံရှေ့မှ အမျိုးသမီးတစ်ဦးဖြတ်သန်းသွားလာနေသည်ကို ၂၀၂၅ ခုနှစ် သြဂုတ် ၂၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဗင်းနစ်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
ကမ္ဘာတစ်ဝန်းမှ ရုပ်ရှင်ကြည့်ပရိသတ်များသည် နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် မျက်မှောက်ခေတ် တရုတ်ယဥ်ကျေးမှုနှင့် ဇာတ်လမ်းဇာတ်ကွက်များတင်ဆက်သည့် တရုတ်ရုပ်ရှင်ဇာတ်ကားများကို ပိုမိုကြည့်ရူရန် စိတ်အားထက်သန်ခဲ့ကြကြောင်း ၈၂ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကာလအတွင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
“ယခုနှစ် ရုပ်ရှင်ပွဲတော်မှာ ကွဲပြားသောကဏ္ဍများတွင် တရုတ်အနုပညာလက်ရာများ ပိုမိုပါဝင်လာပါတယ်၊ တရုတ်ရုပ်ရှင်တွေ နိုင်ငံတကာစင်မြင့်ပေါ်ကို ပြန်လည်ရောက်ရှိလာတာ ကောင်းပါတယ်၊ တရုတ်ရုပ်ရှင်တွေကို ကျွန်တော်တို့ သတိရနေခဲ့ပါတယ်” ဟု ရုပ်ရှင်ပွဲတော် ညွှန်ကြားရေးမှူး Alberto Barbera က ဆင်ဟွာသတင်းဌာနနှင့်တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။
“တရုတ်ရုပ်ရှင်များသည် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက နိုင်ငံတကာမြင်ကွင်းတွင် အဓိက အရေးကြီးနေရာမှပါဝင်ခဲ့ကြောင်း” ၎င်းက ထပ်မံပြောကြားခဲ့ပြီး ယခုရုပ်ရှင်ပွဲတော်သည် မျိုးဆက်သစ်တရုတ်ရုပ်ရှင်ဒါရိုက်တာများကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
“တရုတ်ရုပ်ရှင်တွေ ဗင်းနစ်မှာ တင်ဆက်နိုင်ဖို့က အလွန်အရေးကြီးပါတယ်” ဟု အီတလီရုပ်ရှင်ကုမ္ပဏီ Cinecitta ၏ နိုင်ငံတကာဌာန အကြီးအကဲ Roberto Stabille က ပြောကြားခဲ့သည်။ “ဗင်းနစ်မှာ တရုတ်ရုပ်ရှင်တွေ အကြောင်း ပွဲများ အမြဲတမ်းပြုလုပ်နေပြီး အခုထက်ပိုပြီးလုပ်ဆောင်ဖို့လည်းကြိုးပမ်းနေပါတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
မကြားသေးမီနှစ်တွေအတွင်း တရုတ်ရုပ်ရှင်များသည် နိုင်ငံတကာပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ လက်ရှိမျက်မှောက်ဘဝကို ထင်ဟပ်သောကြောင့်ဖြစ်ကြောင်း ၎င်းကထပ်ပြောခဲ့သည်။ “တရုတ်နိုင်ငံ၏ ဘဝနှင့်ယဥ်ကျေးမှုကို အတိတ်သာမက ပစ္စုပ္ပန်ရော အနာဂတ်ပါ နားလည်ဖို့ အလွန်အရေးကြီးပါတယ် ” ဟု ၎င်းက ပြောကြားခဲ့သည်။
ရုပ်ရှင်ပွဲတော်တက်ရောက်လာသည့် အီတလီဒါရိုက်တာ Italo Spinelli ကလည်း လူငယ်ပရိသတ်များသည် ပလက်ဖောင်းအမျိုးမျိုးမှ ပုံစံအသစ်ဖြင့် ရုပ်ရှင်ကြည့်ကြပြီး တရုတ်ရုပ်ရှင်သည်လည်း ရုပ်ရှင်လောက ပြောင်းလဲမှုတွင်တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မျိုးဆက်သစ် တရုတ်ရုပ်ရှင်ဒါရိုက်တာများသည် ၎င်းတို့၏အရည်အချင်းများကို နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင် တင်ဆက်လျက်ရှိကြောင်းနှင့် ကမ္ဘာ့တစ်ဝန်းကပရိသတ်ကိုဆွဲဆောင်နေကြောင်း Spinelli က အလေးပေး ပြောဆိုခဲ့သည်။
“တရုတ်ရုပ်ရှင်အများစုက ဒေသဆိုင်ရာအမှန်တရားတွေကိုပြောပြနေသလို နိုင်ငံတကာအဓိပ္ပာယ်ကိုလည်း ဖော်ဆောင်ပေးလျက်ရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီအရည်အသွေးက ယနေ့လို ရှုပ်ထွေးတဲ့ကမ္ဘာမှာ မတူကွဲပြားမှုတွေကိုနားလည်ဖို့ အလွန်ပဲအ‌‌ရေးကြီးပါတယ်” ဟု Spinelli က ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
World expects more Chinese films to present modern China: experts at Venice Film Festival
VENICE, Italy, Sept. 6 (Xinhua) — Audiences worldwide are eager to see more films from China at international film festivals, showcasing contemporary Chinese culture and stories, said many experts during the 82nd Venice Film Festival.
This year’s festival features a growing number of Chinese works across different sections. “It’s like a comeback of Chinese cinema on the international stage, which is very good. We have been missing Chinese films,” said Alberto Barbera, director of the festival, in an interview with Xinhua.
“Chinese cinema has been a very important player on the international scene since the 1980s,” he added, noting that the festival welcomes a new generation of Chinese filmmakers.
“It is very important to have the presence of Chinese films in Venice,” said Roberto Stabille, head of the International Department of Cinecitta, an Italian film company. “Venice always host events about Chinese films, and we are working hard to do more,” he added.
He added that in recent years, Chinese films have drawn international audiences because they reflect the realities of contemporary China. “It’s very important to understand life and culture in China — not only in the past, but also in the present and the future,” he said.

According to Italo Spinelli, an Italian director participating in the festival, young audiences are consuming movies in new forms and on diverse platforms, and China is part of this cinematic revolution.
Spinelli noted that a new generation of Chinese filmmakers is showcasing their talents at international festivals, and their works are appealing to global audiences.
“Many Chinese films talk about local realities but in a way that carries international meaning,” Spinelli said, adding that this quality is crucial for understanding differences in today’s complex world.
Photo :A woman rides past the Palazzo del Cinema in Venice, Italy, Aug. 27, 2025. (Xinhua/Li Jing)