Connect with us

China

တရုတ်အာဇာနည်များ၏ ခန္ဓာကိုယ်ရုပ်ကြွင်းကျန်များ တောင်ကိုရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိမည်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်၊ မြို့တော်စိန်ရန်ရှိ ထောင်းရှန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၁၉၅၀ ပြည့်နှစ်-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့သော တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်း (CPV) စစ်သည်များ၏ ခန္ဓာကိုယ်ရုပ်ကြွင်းကျန်များ ပါဝင်သည့် ခေါင်းတလားများကို စစ်သည်များက သယ်ဆောင်လာနေပုံအား ၂၀၁၉ ခုနှစ်၊ ဧပြီ ၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
အမေရိကန်၏ကျူးကျော်မှုကို ခုခံတွန်းလှန်ပြီး ကိုရီးယားကို အကူအညီပေးသည့် ကိုရီးယားစစ်ပွဲကာလ အတွင်း အသက်ဆုံးရှုံးခဲ့ရသော တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်းတပ်ဖွဲ့(CPV) အဖွဲ့ဝင် အာဇာနည်စစ်သည်တော် ၃၀ ဦး ၏ ခန္ဓာကိုယ်ရုပ်ကြွင်းနှင့် အခြားအကြွင်းအကျန်ပစ္စည်းများမှာ စက်တင်ဘာ ၁၂ ရက်၌ တောင်ကိုရီးယား နိုင်ငံ (ROK) မှ မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း တရုတ်စစ်မှုထမ်းဟောင်းများရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာမှုအရ သိရသည်။
တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံအကြား ပြန်လည်လွှဲပြောင်းပေးရေး သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ကျဆုံးသွားသော CPV အာဇာနည်စစ်သည်တော်များ၏ ယင်းအကြွင်းအကျန်ပစ္စည်းများအား မိခင်တရုတ်နိုင်ငံသို့ ပြန်လွှဲပြောင်းပေးခြင်းမှာ ယခုတစ်ကြိမ်နှင့်ဆိုပါက ၁၂ ကြိမ်မြောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တရုတ်နိုင်ငံနှင့် တောင်ကိုရီးယား နှစ်နိုင်ငံအကြားတွင် နိုင်ငံတကာ ဥပဒေများနှင့် လူသားချင်းစာနာထောက်ထားရေး အခြေခံမူများနှင့်အညီ CPV အာဇာနည်စစ်သည်တော် ၉၈၁ ဦး၏ ခန္ဓာကိုယ်ရုပ်ကြွင်းနှင့် အခြားကြွင်းကျန်အသုံးအဆောင်ပစ္စည်းများအား ၁၁ ကြိမ် တိုင်တိုင် အောင်မြင်စွာလွှဲပြောင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ နှစ်နိုင်ငံစလုံးအနေဖြင့် နောက်ထပ် လွှဲပြောင်း လက်ခံမှုများတွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားပြီးဖြစ်ကြောင်း သိရသည်။
၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ်အထိ ၃ နှစ်ကြာမြင့်ခဲ့သော ကိုရီးယားစစ်ပွဲကာလအတွင်း CPV စစ်သား ၂၀၀,၀၀၀ ကျော် ကျဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
More remains of Chinese martyrs to return from ROK
BEIJING, Sept. 8 (Xinhua)
The remains of 30 Chinese People’s Volunteers (CPV) martyrs who lost their lives during the War to Resist U.S. Aggression and Aid Korea will be returned to the Chinese side from the Republic of Korea (ROK) on Friday, according to China’s Ministry of Veterans Affairs.
This will mark the 12th repatriation of CPV martyrs’ remains since the signing of a handover agreement between the two countries.
From 2014 to 2024, China and the ROK, in accordance with international laws and humanitarian principles, successfully completed 11 handovers involving the remains of 981 CPV martyrs in the ROK, along with related artifacts.
Both sides have agreed to continue their cooperation in these efforts.
Nearly 200,000 CPV soldiers were confirmed killed in the war lasting from 1950 to 1953. ■
Photo:
Soldiers carry coffins containing remains of Chinese People’s Volunteers (CPV) soldiers killed in the 1950-53 Korean War at the Taoxian International Airport in Shenyang, capital of northeast China’s Liaoning Province, April 3, 2019. (Xinhua/Yang Qing)