China
ပရာ့ဂ်မြို့၌ ကျင်းပသည့် အာဆီယံ+၃ ရုပ်ရှင်ပွဲတော်တွင် တရုတ်ရုပ်ရှင်ပြသ

ပရာ့ဂ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
ချက်သမ္မတနိုင်ငံ မြို့တော်ပရာ့ဂ်၌ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများနှင့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ရုပ်ရှင်ကားများအား စုစည်းပြသလျက်ရှိသည့် အာဆီယံ+၃ ရုပ်ရှင်ပွဲတော်၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ရုပ်ရှင် “Great Love Dunhuang” ကို စက်တင်ဘာ ၇ ရက်ညက ပြသခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ချက်သမ္မတနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖုန်းပျောင်း က တရုတ်နိုင်ငံ Hexi စင်္ကြံ၏ အနောက်ဘက်စွန်း၌ တည်ရှိသော သွန်းဟွမ်မြို့မှာ ရှေးခေတ် ပိုးလမ်းမတစ်လျှောက် အရေးပါသော အချက်အချာနေရာဖြစ်ပြီး သမိုင်းတစ်လျှောက် မတူညီသော လူမျိုးစုများနှင့် ယဉ်ကျေးမှုများအကြား ကြွယ်ဝသော ဖလှယ်မှုများကို တွေ့မြင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားသည် သွန်းဟွမ်မြို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် မျိုးဆက်သုံးဆက် သုတေသီများ၏ စူးစူးစိုက်စိုက်ဆောင်ရွက်မှုကို ဇာတ်အိမ်တည်ထားပြီး သွန်းဟွမ်မြို့၏ ကြီးကျယ်ခမ်းနားမှုနှင့် သမိုင်းကြောင်းအရ နက်ရှိုင်းမှုတို့ကို ထုတ်ဖော်ပြသထားသည်။ ၎င်းဇာတ်ကားကို ပရာ့ဂ်မြို့တော်စာကြည့်တိုက်၌ အင်္ဂလိပ်နှင့် ချက်ဘာသာစာတန်းထိုးများဖြင့် ပြသခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုအကြာက သွန်းဟွမ်မြို့သို့လာရောက်ခဲ့သည့် ချက်သမ္မတနိုင်ငံသား ဧည့်သည် Vaclav Laifr လည်း အဆိုပါရုပ်ရှင်အား လာရောက်ကြည့်ရှုသည့် ပရိသတ်များအနက် ပါဝင်ခဲ့ပြီး ယင်းဇာတ်ကားမှာ ၎င်းအပေါ် အထင်ကြီးလောက်စရာဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ “ဒီနေ့ ဒီရတနာတွေဟာ နိုင်ငံရဲ့ ခိုင်မာတဲ့ ထောက်ခံမှုကို ရရှိထားတာကြောင့် အားရကျေနပ်မိပါတယ်” ဟု ၎င်းက ဆိုသည်။
အာဆီယံ+၃ ရုပ်ရှင်ပွဲတော်ကို ချက်သမ္မတနိုင်ငံ မြို့တော်ပရာ့ဂ်၌ စက်တင်ဘာ ၃ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။ တရုတ်-လာအို မီးရထားလမ်းအကြောင်း အခြေခံရိုက်ကူးထားသည့် ဇာတ်ကားတစ်ကားကိုလည်း တရုတ်နိုင်ငံက တင်ဆက်ပြသခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Chinese film screened at ASEAN+3 film festival in Prague
PRAGUE, Sept. 8 (Xinhua) — The Chinese film “Great Love Dunhuang” was screened here on Sunday night as part of the ongoing ASEAN+3 film festival, which brings together works from the Association of Southeast Asian Nations (ASEAN) countries plus China, Japan, and South Korea.
Speaking at the event, Chinese Ambassador to the Czech Republic Feng Biao noted that Dunhuang, situated at the western end of China’s Hexi Corridor, was a vital hub along the ancient Silk Road and had witnessed the rich exchanges among different ethnic groups and civilizations throughout history.
The film focuses on the dedication of three generations of researchers to preserving Dunhuang’s cultural relics, revealing the grandeur and historical depth of Dunhuang. It was shown with English and Czech subtitles at the Municipal Library of Prague.
Among the audience was Vaclav Laifr, a Czech visitor to Dunhuang two decades ago, who said the film left a strong impression on him. “I feel heartened that today these treasures … have received strong national support,” he said.
The ASEAN+3 film festival runs in the Czech capital from Sept. 3 to 10. China also presented a film about the China-Laos Railway. ■
English Caption
Actors perform during the real-scene show “Dunhuang Splendid Ceremony” in Dunhuang, northwest China’s Gansu Province, Aug. 8, 2023.