Connect with us

China

တရုတ်နိုင်ငံမှ ကမ္ဘာ့နံပါတ် ၁ ဝမ်နှင့် စွန်းတို့က WTT Singapore Smash ပြိုင်ပွဲဝင်စာရင်းတွင် ဦးဆောင်

ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင် ၂၀၂၅ ခုနှစ် ဒိုဟာ ITTF ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံရှစ်ဗိုလ်လုပွဲ၌ တရုတ်နိုင်ငံမှ ဝမ်ချူချင်းနှင့် စွန်းရင်ဆားတို့နှင့် ဂျပန်နိုင်ငံမှ ယိုရှီမူရာ မာဟာရူနှင့် အိုဒို ဆာဆူကီတို့၏ ကျားမနှစ်ယောက်တွဲဖိုင်နယ်ပွဲစဉ်အား အနိုင်ရရှိပြီးနောက် အောင်ပွဲခံနေသည့် ဝမ်ချူချင်း (ယာ) နှင့် စွန်းရင်ဆားတို့ကို ၂၀၂၅ ခုနှစ် မေ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) Singapore Smash အတွက် ဇန်နဝါရီ ၁၀ ရက်က ကြေညာခဲ့သည့် ကစားသမားစာရင်း၌ တရုတ်နိုင်ငံ၏ ထိပ်တန်းအဆင့် စားပွဲတင်တင်းနစ်ကစားသမားများဖြစ်သည့် ဝမ်ချူချင်းနှင့် စွန်းရင်ဆားတို့က ထိပ်ဆုံးမှ ဦးဆောင်ခဲ့ကြောင်း သိရသည်။

အမျိုးသားတစ်ဦးချင်း ထိပ်ဆုံးငါးဦးတွင် ဝမ်က အသင်းဖော် လျင်ရှီးတုန်း၊ ဘရာဇီးနိုင်ငံမှ ဟူဂို ကယ်ယ်ဒါရာနို၊ ဂျပန်နိုင်ငံမှ တိုမိုကာဇူ ဟာရီမိုတိုနှင့် ဆွီဒင်နိုင်ငံမှ Truls Moregard တို့နှင့်အတူ ပါဝင်နေခြင်းဖြစ်သည်။
အမျိုးသမီးတစ်ဦးချင်း ထိပ်ဆုံးငါးဦးနေရာများကိုမူ တရုတ်နိုင်ငံက သိမ်းပိုက်ခဲ့ပြီး ယင်းနေရာများ၌ စွန်းပြီးလျှင် ဝမ်မန့်ယွိ၊ ခွိုင်မန့်၊ ချန်ရှန်းထုန်နှင့် ဝမ်ရိသီတို့က အစဉ်လိုက်ရပ်တည်ခဲ့သည်။
ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် အခြားတရုတ်တင်းနစ်မောင်မယ်များမှာ အမျိုးသားအမျိုးအစားတွင် လျန်ကျင့်ခွန်း၊ ရှန့်ဖုန်၊ ချန်ယွမ်ယွီ၊ ကျိုးချီဟောင်နှင့် ချန်ကျွင့်ဆုန်းတို့ဖြစ်ပြီး အမျိုးသမီးဘက်တွင် ချန်ရိ ၊ စီရွှင်ရောင် နှင့် ဟယ်ကျော်ကျား တို့ ပါဝင်သည်။

ယခုရာသီ၏ ပထမဆုံး WTT Grand Smash ပြိုင်ပွဲအနေဖြင့် Singapore Smash ကို ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကစားသမားများအတွက် ကမ္ဘာ့အဆင့် ၂,၀၀၀ မှတ် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………
(English Version)
World No. 1s Wang, Sun lead WTT Singapore Smash entry list
BEIJING, Jan. 10 (Xinhua) — China’s top-ranked paddlers Wang Chuqin and Sun Yingsha led the player list announced Saturday for the 2026 World Table Tennis (WTT) Singapore Smash.
Wang is joined in the men’s singles top five by teammate Lin Shidong, Brazil’s Hugo Calderano, Tomokazu Harimoto of Japan, and Sweden’s Truls Moregard.
China claimed the women’s singles top five spots, with Sun followed by Wang Manyu, Kuai Man, Chen Xingtong and Wang Yidi.
Other Chinese players to compete in the event are Liang Jingkun, Xiang Peng, Chen Yuanyu, Zhou Qihao and Chen Junsong in the men’s category, and Chen Yi, Shi Xunyao and He Zhuojia on the women’s side.
As the first WTT Grand Smash tournament of the season, the Singapore Smash will be held from February 19 to March 1, with 2,000 world ranking points up for grabs. ■
English Caption
Wang Chuqin (R)/Sun Yingsha celebrate winning the mixed doubles final between Wang Chuqin/Sun Yingsha of China and Yoshimura Maharu/Odo Satsuki of Japan at ITTF World Table Tennis Championships Finals Doha 2025 in Doha, Qatar, May 24, 2025. (Xinhua/Liu Xu)